နေပြည်တော်မှာ ဥပ္ပါတသန္ထိစေတီတော်တည် အလုပ်သမား (၁၈) ဦး သေဆုံး

Thursday, December 11, 2008 ·

သတင်း NEJ ခေတ်ပြိုင် | နေပြည်တော်တွင် တည်ဆောက်နေသည့် ရွှေတိဂုံပုံတူ ဥပ္ပါတသန္ထိစေတီတော် တည်ဆောက်ချိန်မှ ယနေ့ထိ လုပ်ငန်းခွင် ထိခိုက် သေဆုံးသည့် အလုပ်သမားပေါင်း (၁၈) ဦးရှိသွားပြီဟု နေပြည်တော်ဆောက်လုပ်ရေး သတင်းရပ်ကွက်က ပြောသည်။

ဥပ္ပါတသန္ထိစေတီတော် တည်ဆောက်ရာ၌ အောက်ခြေ ဖောင်ဒေးရှင်းသာ အုတ်ဖြင့်တည်ဆောက်ပြီး စေတီလုံးကို ကွန်ကရစ်များ၊ အာစီသံချောင်းများဖြင့် တနေရာမှာ ပုံလောင်းပြီးမှ လေးလံသည့် စေတီလုံးကြီးကို ကရိန်း အဆင့်ဆင့်ဖြင့် မချီရာ အလုပ်သမားများ လုပ်ငန်းခွင် ထိခိုက်ပြီး သေဆုံးခြင်း ဖြစ်သည်ဟု အမည် မဖော်လိုသည့် ၀န်ထမ်း တဦးက ပြောသည်။

ရွှေတိဂုံပုံတူ ဥပ္ပါတသန္ထိစေတီတော် တည်ဆောက်ရာ၌ ယခုကဲ့သို့ အလုပ်သမား (၁၈) ဦးသေဆုံးခြင်းအပေါ် ဒေသခံများ၊ ၀န်ထမ်းများက အတိတ်အမျိုးမျိုး ကောက်ယူပြောနေသည်ဟု ဒေသခံများက ပြောသည်။ ဥပ္ပါတသန္ထိစေတီတော် နေပြည်တော်မှာ တည်သည့်ကိစ္စမှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ယတြာ အယူ သီးမှုကြောင့် ရွှေတိဂုံ ပုံတူ တည်ရခြင်း ဖြစ်သည် ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

နေပြည်တော်တည်စကလည်း လမ်းဆုံတခုတွင် ကြာဖူးကြီးမှ ရေပန်းများထွက်နေသည့်ပုံ ထုလုပ်ထားရာ စစ်အစိုးရ မကြာတော့ဘူးဟု ဒေသခံများနှင့် ၀န်ထမ်းများ ပြောပြီး မကြာခင် ကြာပန်းကြီးအဖြစ် အမြန်ပြောင်းလဲ ထုလုပ်ခဲ့သည်။

ဥပ္ပါတသန္ထိစေတီတော်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဦးဆောင်မှုဖြင့် စစ်ခေါင်းဆောင်များက တည်ဆောက် နေခြင်းဖြစ်သည်။ ဥပ္ပါတသန္ထိ စေတီတော် ကုန်းတော် ဖော်ထုတ်ရေး လုပ်ငန်းကို ဗိုလ်ချုပ်ကြီး ရွှေမန်း ၏သား အောင်သက်မန်းပိုင် ဧရာရွှေဝါ ကုမ္ပဏီက ကန်ထရိုက် ရထားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */