မော်လမြိုင်ဈေးကိစ္စ ဆိုင်ခန်းပိုင်ရှင်များ စိတ်ပူပန်

Thursday, December 11, 2008 ·

သတင်း NEJ ခေတ်ပြိုင် | မကြာခင်က မီးလောင်သွားသည့် မော်လမြိုင်ဈေးကြီးမှ ဆိုင်ခန်းများ ယာယီ နေရာ ချထားရေး၊ ဈေးပြန်လည် တည်ဆောက်ရေးတို့ နှင့် ပတ်သက်ပြီး ဆိုင်ခန်းပိုင်ရှင်များ စိတ်ပူပန်သောက ရောက်နေကြောင်း သိရသည်။

ဈေးဆိုင် မီးလောင်ကျွမ်းဒဏ် ခံလိုက်ရသည့် ဆိုင်ပိုင်ရှင်တဦးက “ဒီဇင်ဘာ (၈) ရက်နေ့က အာဏာပိုင်တွေနဲ့ ဈေးမိဈေးဖတွေ အစည်းအဝေးလုပ်တယ်။ အာဏာပိုင်တွေဘက်က ခယက ဥက္ကဋ္ဌ၊ စည်ပင်၊ အခွန်၊ မယက၊ ထွေအုပ် စသဖြင့် တိုင်းမှူးကလွဲရင် လူစုံပါတယ်။ အဲဒီမှာ ကျနော်တို့ ဈေးမိဈေးဖတွေ တင်ပြတာက ယာယီဈေး ပြန်လည်နေရာချထားပေးဖို့အတွက် ပထမ ဦးစားပေး အနေနဲ့ မိုင်ဒါကွင်းကြီးထဲက အသုံးမပြုဘဲ ပစ်ထားတဲ့ ဘောလုံးကွင်းထဲမှာ စဉ်းစားပေးဖို့၊ ဒါမှ မဖြစ်နိုင်သေးရင် လက်ရှိ မီးလောင်ပြင်ကို ရှင်းလင်းပြီး မြေဧရိယာ တဝက်မှာ (၄) ပေပတ်လည် ဆိုင်ခန်းတွေအဖြစ် သတ်မှတ် နေရာချထားဖို့၊ ကျန်မြေကွက် တဝက်ပေါ်မှာ ဈေးတည်ဆောက်ရေး လုပ်ငန်းတွေ စတင်နိုင်ပြီး၊ တဝက်ပြီးသွားတဲ့အချိန်မှာ ယာယီဈေးကိုဖျက်ပြီး ကျန် တပိုင်းကို ဆက်တည်ဆောက်ပေးဖို့ တင်ပြကြတယ်” ဟု ပြောသည်။

အဆိုပါ အစည်းဝေး၌ တိုင်းမှူးအဆက်ဆက်နှင့် ပေါင်းပြီး အခွင့်အရေးရယူ စီးပွားရေးလုပ်နေသည့် မြို့ခံ လုပ်ငန်းရှင်များဖြစ်သည့် ဦးမိုးကျော်၊ ဦးအောင်မိုးကျော်၊ ဦးချန်စိန် စသူတို့လည်း တက်ရောက်ခဲ့ကြောင်း၊ ၎င်းတို့က ဈေးမိဈေးဖများ တင်ပြသော အဆင်ပြေသည့်နေရာများကို သဘောမကျဘဲ မြို့လယ်နှင့် အလှမ်းဝေးသည့် ဘိုကုန်းရပ် သံလွင်ဈေးနှင့် အခြားနေရာများကို တင်ပြကြကြောင်း၊ ဈေးကိုလည်း ၎င်းတို့ ကိုယ်တိုင် ကန်ထရိုက်ရယူ ဆောက်လုပ်လိုနေသည်ကို တွေ့ရကြောင်း ပြောသည်။

ဈေးမိဈေးဖများ တင်ပြသည့် မိုင်ဒါကွင်းထဲက ဘောလုံးကွင်းသည် ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရှိစဉ် ကျောင်းသား အားကစားပွဲ ပြုလုပ်ရန် တည်ဆောက်ခဲ့သည့် ကွင်းဖြစ်ကာ ပြီးဆုံးအောင် တည်ဆောက်နိုင်ခြင်း လည်းမရှိ၊ (၁ဝ) နှစ်ခန့်ကြာအောင် မိုးထဲရေထဲ ပစ်ထားသည့် ကွင်းနှင့် ပွဲကြည့်စင်အကြမ်းထည် ဖြစ်သည်။ ယခုလက်ရှိ ဈေးဆိုင်ပိုင်ရှင်များ၊ လက်ကားဝယ်ယူသူများသည် နေရာ အတည်တကျမရှိဘဲ မိမိတို့ နေအိမ်များမှ ရောင်းချသူ ရောင်းချနေကြပြီး အချို့ ဈေးမရောင်းနိုင်ဘဲ ယာယီဈေး အပြီးကို စောင့်ဆိုင်းနေသူများလည်း ရှိသည်။

ထို့အပြင် မီးလောင်သွားသည့် ဈေးနေရာသည် ဗဟိုမီးသတ်စခန်းဌာနနှင့် (၅) မိနစ်သာသာ ခရီးအထိ နီးနေသည့် အပြင် မြစ်ကမ်းနဘေးတွင် ရှိလျက်နှင့် ဆိုင်ခန်း တထောင်ကျော်ရှိသော ဈေးကြီး လုံးဝ မီးလောင် ပြာကျသွားသည့် အဖြစ်ကိုလည်း စိတ်ဆိုး ဒေါသထွက်နေကြသည်။

မီးလောင်နေစဉ် ကာလတလျှောက်လုံး ဈေးဆိုင်ခန်းများမှ ကုန်ပစ္စည်းများကို လုယက်သူ အများအပြား ရှိခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်များက လုံးဝ မတားဆီးနိုင်သည့်အပေါ်လည်း မကျေမနပ် ဖြစ်နေကြသည်။

မော်လမြိုင်မြို့ ခယကရုံးမှ တာဝန်ရှိသူတဦးက ယာယီဈေး ပြန်လည်နေရာချထားရေးကိစ္စ၊ ဈေးပြန်လည် တည်ဆောက်ရန် မည်သူ့ကို ကန်ထရိုက်ပေးမလဲ ဆိုသည့်ကိစ္စများနှင့်ပတ်သက်၍ တိုင်းမှူးပင်လျှင် အဆုံးအဖြတ် မပေးနိုင်ကြောင်း၊ အထူးစစ်ဆင်ရေးမှူး ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်သာအေး လာရောက်ဆုံးဖြတ်မှသာ အတည်ဖြစ်နိုင်ကြောင်း ပြောသည်။


မွန်ပြည်နယ် မော်လမြိုင်မြို့၏ အစည်ကားဆုံးဈေးကြီးဖြစ်သည့် အမှတ် (၁) ဈေးကြီးသည် ဒီဇင်ဘာ (၁) ရက်နေ့ ညနေပိုင်းက လောင်ကျွမ်းသည့်မီးကြောင့် ဈေးတခုလုံးပြာကျသွားခဲ့သည်။

ဈေးသိမ်းချိန် အလင်းရောင်ရှိသေးသည့်အတွက် မီးလောင်ပြီးမကြာခင် ဈေးဆိုင်ပိုင်ရှင်အချို့ရောက်လာပြီး ပစ္စည်းများ သယ်ထုတ်နိုင်သော်လည်း ဆိုင်ခန်းအများစုမှာ မီးထဲပါသွားသည်။ မကြာခင် မီးသတ်ကားများ ရောက်လာသော်လည်း ဈေးထဲကားဝင်မရခြင်း၊ မီးစတင်လောင်သည့်နေရာမှာ လောင်စာပစ္စည်းများ ထားသိုရာ ဖြစ်ခြင်း၊ လေကြမ်းနေခြင်း စသည့်အချက်များကြောင့် ည (၁၀) နာရီကျော် ဈေးတခုလုံးပြာကျပြီးမှ မီးငြိမ်းသွားသည်။

ရပ်ဝေးနေ ဆိုင်ပိုင်ရှင်များ မီးလောင်ရာသို့ အချိန်နှောင်းမှ ရောက်လာပြီး ပစ္စည်းများဆုံးကုန်သည့်အတွက် လမ်းဘေးမှာ ထိုင်ငိုယိုနေသူလည်း အများအပြားရှိသည်ဟု မျက်မြင်သက်သေများက ပြောသည်။

မီးလောင်သည့် အမှတ်(၁) ဈေးသည် ထိုင်းနိုင်ငံမှ သွင်းလာသည့် စားသောက်ကုန်၊ အချိုရည်၊ အထည်အလိပ် စသည့်ကုန်စည်များ လက်ကားသိုလှောင်ရာ ဈေးကြီးဖြစ်သည့်အတွက် ဆုံရှုံးမှုပမာဏမှာ သိန်းပေါင်း ထောင်နှင့်ချီနိုင်သည်ဟု မြို့ခံများက ပြောသည်။

အဆိုပါဈေးသည် ၁၉၈ဝ ဝန်းကျင်က တကြိမ် မီးလောင်ကျွမ်းခဲ့ပြီး ဈေးဧရိယာ တဝက်ခန့် မီးလောင်ပြာကျ ခဲ့ဖူးသည်။ ၁၉၈၈ အရေးအခင်းနောက်ပိုင်း နဝတ စစ်အစိုးရလက်ထက်တွင် ယခု မီးလောင်ကျွမ်းသွားသည့် တထပ်ဈေးအဖြစ် ပြန်လည်တည်ဆောက်ပြီး မူလဈေးဆိုင်ပိုင်ရှင်များကို ပြန်လည်နေရာချထားပေးခဲ့ခြင်း ဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */