စစ်ဗိုလ်များကို ခရိုင်ကြံ့ဖွံ့ဥက္ကဋ္ဌရာထူးပေးရန် စီစဉ်

Friday, December 19, 2008 ·

သတင်း NEJ ခေတ်ပြိုင် | စစ်တပ်၌ ရာထူးတက်ရန်လမ်းမရှိတော့သည့် စစ်အရာရှိများကို အရပ်ဘက်တွင် ခရိုင်ကြံ့ဖွံ့ဥက္ကဋ္ဌအဆင့် ရာထူးများပေးတော့မည်ဖြစ်ပြီး အရာထမ်းမဟုတ်သည့် စစ်ဘက်ဝန်ထမ်းများကိုမူ နေပြည်တော်လွှတ်တော်ရုံးတွင် တာဝန်ထမ်းဆောင်းခိုင်းမည်ဖြစ်သည်ဟု စစ်အရာရှိတဦးက ပြောသည်။

စစ်တပ်မှ မကြာခင် အရပ်ဘက်ပြောင်းပေးမည့် ဗိုလ်မှူးအဆင့် (၃,၀၀၀) ကျော်ရှိပြီး ၎င်းတို့အား ခရိုင်ကြံ့ဖွံ့ဥက္ကဋ္ဌ ရာထူးယူမလား၊ ပင်စင်သွားမလား ရွေးချယ်ခိုင်းထားသည်ဟု စုံစမ်းသိရသည်။ မကြာခင်က စစ်အရာရှိ အတော်များများကို အရပ်ဘက် ၀န်ကြီးဌာနများသို့ ခွဲတမ်းချပေးပြီးနောက်ပိုင်း လက်ရှိ ကြံ့ဖွံ့များနေရာကို စစ်ဗိုလ်များနှင့် အစားထိုးရန် စစ်အစိုးရဘက်က ပြင်ဆင်နေခြင်းဖြစ်သည်။

လက်ရှိ ကြံ့ဖွံ့ ဥက္ကဋ္ဌ ရာထူးယူထားသူများမှာ အဖွဲ့အစည်း ရန်ပုံငွေများ များပြားစွာရှိထားသည့်အတွက် နောက်လာမည့် စစ်ဗိုလ်များနှင့် ပဋိပက္ခဖြစ်စရာ အကြောင်းရှိသည်ဟု နေပြည်တော် အရာရှိအချို့က သုံးသပ်သည်။

နေပြည်တော် လွှတ်တော်ရုံးဝန်ထမ်းများအဖြစ် ပြောင်းရမည့် တပ်ကြပ်ကြီးကဲ့သို့သော အဆင့်များမှ အသက် (၄၅) နှစ်ကျော်သူများကို ပြောင်းခိုင်းမည်ဖြစ်သည်ဟု နေပြည်တော်သတင်းရပ်ကွက်က ပြောသည်။ အဆိုပါ အဆင့်များကို နေပြည်တော် လွှတ်တော်ရုံးဝန်ထမ်းများအဖြစ် မသွားလိုပါက ပင်စင်ပေးမည်ဟုလည်း ဆက်ပြောသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */