ရန်ကုန် လင်းစဒေါင်း ဓာတ်ငွေ့စက်ရုံ မီးလောင်၊ (၂) ဦးဒဏ်ရာရ

Friday, December 19, 2008 ·

သတင်း NEJ ခေတ်ပြိုင် | အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင် ရန်ကုန်၊ ဗိုလ်တထောင် မြို့နယ် လင်းစဒေါင်းရှိ အောက်စီဂျင် ဓာတ်ငွေ့ စက်ရုံ မီးလောင်မှုကြောင့် လူ (၂) ဦးဒဏ်ရာရပြီး ဆေးရုံတင်ထားရသည်။

ယနေ့ နေ့လယ် (၁) နာရီခွဲခန့်၌ မီးလောင်မှု ဖြစ်ပွားပြီး မီးသတ်ကား အစီးရေ (၁၅) စီးခန့် လာသည်ဟု မျက်မြင် သက်သေများက ပြောသည်။

အဆိုပါစက်ရုံမှ စက်ရုံမှူးမှာ ဦးနေထွန်း ဖြစ်ကြောင်း လင်းစဒေါင်းမှ ယင်းစက်ရုံအနီးနေသူတဦးက ပြောသည်။

“စက်ရုံမှူးတို့ ဆီကို ဒီနေ့ပဲ မီးသတ်က လူကြီးတွေ လာပြီးတော့ စစ်တာပဲ။ မီးဘေးအန္တရာယ် ကင်းဝေးရေးအတွက် လာပြီး သတိပေးတာတွေ့တယ်” ဟု အဆိုပါစက်ရုံအနီးနေသူက ပြောသည်။

မီးလောင်ရခြင်းမှာ သံပြားများဖြတ်တောက်ရာတွင် အသုံးပြုရသော ဓာတ်ငွေ့တမျိုးကို အသုံးပြုနေရာမှ ယင်း ဓာတ်ငွေ့ပိုက်ပွင့်ကာ မီးကူးစက်လောင်ခြင်းဖြစ်ပြီး လူ (၂) ဦး ဒဏ်ရာရကြောင်း သိရသည်။

မျက်မြင်သက်သေတဦးကမူ “အခုပဲ ဆေးရုံကြီးကို ပို့တာပါ။ စိုးရိမ်ရလားတော့ မသိသေးဘူး။ ကျနော့် အထင်ကို ပြောရရင်တော့ နည်းနည်းတော့များမယ်ဗျ” ဟု မျက်မြင်သက်သေက ဆိုသည်။

မီးလောင်မှုမှာ မိနစ်ပိုင်းတွင် ငြိမ်းသွားပြီး အဆောက်အအုံများကို ကူးစက်လောင်ကျွမ်းမှု မရှိကြောင်း၊ သို့သော် အနီးရှိ လုပ်ငန်းသုံးပစ္စည်း အတိုအထွာများကို လောင်ကျွမ်းသွားသည့်အတွက် ဆုံးရှုံးမှုတန်ဖိုးမှာ သိန်းနှင့်ချီ ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်သော ဓာတ်ငွေ့စက်ရုံမှာ ဆေးရုံသုံး အောက်စီဂျင်များ ထုတ်ပေးနေသော စက်ရုံ ဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */