သတင်း NEJ ခေတ်ပြိုင် | နေပြည်တော်ဝန်ထမ်းများအတွက် အိမ်ဆောင်ရန် မြေကွက်များပေးသော်လည်း ငွေမတတ်နိုင်သည့်အတွက် မည်သူမျှ အိမ်မဆောက်နိုင်ဖြစ်နေသည်ဟု ၀န်ထမ်းတဦးက ပြောသည်။
ဥတ္တရသီရိ မြို့ကွက်သစ်တွင် နေပြည်တော်ဝန်ထမ်းများအတွက် မြေချပေးထားပြီး ပေ (၆၀) ပေ (၄၀) တကွက်ကို (၃) သိန်း၊ ပေ (၆၀) ပေ (၈၀) တကွက်ကို (၅) သိန်း တောင်းသည့်အတွက် ၀န်ထမ်းများ အိမ်မဆောက်နိုင် ဖြစ်နေသည်ဟု ပြောသည်။
သို့သော် နေပြည်တော်တွင် ငွေတတ်နိုင်သည့် ၀န်ကြီး၊ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင် ညွှန်ကြားရေးမှူး အဆင့် အရာရှိများမှာမူ အိမ်များ အသီးသီး ဆောက်နေကြသည့်အပြင် အဆိုပါပုဂ္ဂိုလ်များ အတွက် အိမ်အလကား ဆောက်ပေးမည့် ပုဂ္ဂလိက ကုမ္ပဏီများလည်း ရှိသည်ဟု စုံစမ်းသိရသည်။
နေပြည်တော်တွင် ၀န်ကြီး၊ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးအဆင့် အရာရှိများ အတွက် အိမ်ဆောက်ရန် မြေနေရာများ အခမဲ့ပေးသော်လည်း သာမန်ဝန်ထမ်းများအတွက် ဝေးလံသည့် မြို့သစ်များ၌သာ နေရာချပေးထားသဖြင့် ၀န်ထမ်းများ မကျေမနပ်ဖြစ်နေသည်။
ဝန်ကြီး၊ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးအဆင့် အရာရှိများအတွက် အိမ်ပုံစံ (၄၂) မျိုးပေးထားပြီး နှစ်သက်ရာပုံစံကို တထပ်ဒီဇိုင်းဖြင့် တနှစ်အတွင်း အပြီးဆောက်ရန် မြေနေရာများ အခမဲ့ပေးထားသည်။
သာမန်ဝန်ထမ်းများကိုမူ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ စသည့် ဝေးလံသည့် မြို့သစ်တို့တွင် အိမ်ဆောက်လိုပါက မိမိစရိတ်ဖြင့် ဆောက်ရမည် ဆိုသည့်အတွက် ၀န်ထမ်းများ မကျေမနပ် ဖြစ်နေသည်ဟု ၀န်ထမ်းတဦးက ပြောသည်။
(၂၄) ခန်းပါ နေပြည်တော် ၀န်ထမ်းအိမ်ရာ တကွက် အလုံး (၁၁၀) ဖြင့် မူလက (၁၀) ကွက် ဆောက်ပေးရန် လျာထားခဲ့သော်လည်း ယခုအခါ ဓနသီရိ၊ ဥာဏသီရိ၊ ဗလသီရိ၊ သုခသီရိ၊ ၀ဏ္ဏသီရိ စသည့် ၀န်ထမ်းအိမ်ရာ (၅) ကွက်နှင့် အပြီးသတ်ထားသည့်အတွက် ၀န်ထမ်းများ နေထိုင်ရေး ကသီလင်တ ဖြစ်နေသည်ဟုလည်း ပြောသည်။
နေပြည်တော်ဝန်ထမ်းများ မြေကွက်ဖိုးမတတ်နိုင်၍ အိမ်မဆောက်နိုင်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment