ဝေးပြေး ကုန်တင်ယာဉ်ပြေးဆွဲမှု လျှော့ချ

Thursday, December 04, 2008 ·

သတင်း နန်းဒေ၀ီ မဇ္ဈိမ | နယူးဒေလီ။ ။ နယ်ဒေသများမှ ကုန်ပစ္စည်းမှာယူမှု လျော့နဲလာသည့်အတွက် မကြာသေးခင် လပိုင်းအတွင်း ကုန်တင်ကားပြေးဆွဲမှု အရေအတွက်ကို ရန်ကုန်မြို့တွင် လျှော့ချနေရသည်။

အရောင်းအ၀ယ် ကျဆင်းလာသလို နယ်မြို့များမှ ကုန်ပစ္စည်း မှာယူတင်သွင်းမှုလည်း ကျဆင်းလာရာမှ အကျိုးဆက်အဖြစ် အဝေးပြေး ကုန်တင်ကား ပြေးဆွဲမှု အကြိမ်အရေအတွက် လျှော့ချလိုက်ရခြင်း ဖြစ်သည်။

"အကုန်ပါးနေတာ။ အများဖြစ်နေတာ။ ပုံမှန် တရက်မှာ ၁ စီး၊ ၂ စီး ထွက်ကြတာ။ အခုနောက်ပိုင်းတော့ ၂ ရက်မှာ တစီးပဲ ထွက်နိုင်တယ်။ အခုလိုဖြစ်နေတာ ၄၊ ၅ လလောက်ရှိပြီ" ဟု ဘုရင့်နောင်ပွဲရုံရှိ ကုန်တင်ကား ၅ စီးပိုင်ရှင်နှင့် 'စွမ်းထက်' (ရန်ကုန်-ထားဝယ်) ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် ကိုရန်နိုင်က မဇ္ဈိမကို ပြောသည်။

'ကံကောင်း' (ရန်ကုန်-မန္တလေး) ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးကလည်း "ခါတိုင်းလောက်တော့ အလုပ်မဖြစ်ဘူး။ တချို့ကျတော့လည်း ဒီဇယ်ဈေးတွေဘာတွေ တွက်တော့ ဈေးမကိုက်တော့ မထွက်ကြဘူး။ ကားပြင်တဲ့သူတွေက ပြင်ပေါ့ဗျာ" ဟု ပြောသည်။

သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ အနေဖြင့် ၀င်ငွေကျဆင်းကာ ထိခိုက်နစ်နာမှု ရှိသော်လည်း ကုန်ကျစရိတ်များ ပြန်လည် ဖာထေးနိုင်ရန်အတွက် ဆက်လက် ပြေးဆွဲနေရသည်ဟု စားသောက်ကုန်မျိုးစုံ တင်သည့် 'စွမ်းထက်' ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်က ပြောသည်။

သူက "မကိုက်လည်း လုပ်နေရတာပဲ။ အနည်းအကျဉ်း ဆုံးရှုံးတယ်။ ခန့်မှန်းရခက်တယ်။ ပစ္စည်းတင်တဲ့ ကုန်သည်တွေ အပေါ်မူတည်တယ်။ ဓာတ်ဆီဈေး၊ ဆိုင်ခန်းခ၊ အလုပ်သမားခ၊ တခြား စရိတ်တွေ ရှိနေတယ်" ဟု ပြောသည်။

ယခုလို အဝေးပြေး ကုန်တင်ကား ပြေးဆွဲမှု သိသာစွာ လျော့ကျလာခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး လာမည့်နှစ်သစ်တွင် အရောင်းအ၀ယ် ပြန်ကောင်းလာပါက ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်ကြောင်း လုပ်ငန်းရှင်များက ပြောကြသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */