သန်းရွှေနှင့်အဖွဲ့ဆိုင်ကလုံးဒဏ်ခံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ကြည့်ရှုမည်

Wednesday, December 24, 2008 ·

သတင်း မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ)။ ။ ဒီဇင်ဘာလကုန်အားလပ်ရက် ခရီးထွက်သည့်အနေနှင့် ရန်ကုန် ဧရာဝတီတိုင်း အတွင်း လာရောက်လည်ပတ်မည့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့ကို ကြိုဆိုရေးအတွက် ပြင်ဆင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် ဝန်ကြီးများနှင့်စီးပွါးရေးသမားအများအပြား ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ အပြေး အလွှားသွားရောက်နေကြသည်ဟု ကြားသိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်သူရရွှေမန်း၊ ဝန်ကြီးချုပ်သိန်းစိန်၊ အတွင်းရေးမှူး၁ သီဟ သူရတင်အောင်မြင့်ဦး တို့နှင့်အတူ ရန်ကုန်မြို့သို့တနင်္လာနေ့ကရောက်ရှိနေကြပြီး၊ ရန်ကုန်တိုင်းအတွင်းရှိ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ မြို့နယ်များသို့ ဗုဒ္ဓဟူး နေ့တွင်သွားရောက်ကြည့်ရှုမည်ဖြစ်သည်ဟု မြန်မာပြည်၏တောတွင်းမြို့တော်သစ် နေပြည်တော် သတင်းရပ်ကွက် ကပြောကြားပါသည်။

ဦးသန်းရွှေနှင့်အဖွဲ့သည် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်တိုင်း ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ နှင့် ကျိုက်လတ်မြို့နယ်များသို့သွား ရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုသွားရောက် စစ်ဆေး ကြည့်ရှုမည်ဖြစ်သည်။

ဦးသန်းရွှေသည်သူ့မိသားစုနှင့်အတူ ဧရာဝတီတိုင်းငွေဆောင်ကမ်းခြေသို့ အားလပ်ရက်ခရီးထွက်ရန်စီစဉ်ထား သည်ဟု အဆိုပါသတင်းရပ်ကွက်ကပြောပါသည်။

သို့သော် သန်းရွှေသည် ဒီဇင်ဘာ ၂၇၊ ၂၈ ရက်နေ့များတွင် ဒုတိယအကြိမ်ခရီးစဉ်အဖြစ် ဧရာဝတီတိုင်းအတွင်းရှိ ဖျာ ပုံ၊ ဘိုကလေး၊ မော်လမြိင်ကျွန်း၊ ငပုတောနှင့် လပွတ္တာမြို့များသို့သွားရောက်မည်ဖြစ်သည်။

ဤအတောအတွင်း သန်းရွှေ၏ယခုစီစဉ်ထားသောခရီးစဉ်ကြောင့်၊ ဤရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ကိုင်ရန်တာဝန်ပေးထားခြင်းခံရသော ဝန်ကြီးအများအပြားနှင့် စစ်အစိုးရ၏ အမြီးစားဖက်ခေါင်းစားဖက်ကုမ္ပဏီများအကြား စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်နေသည်ဟုသိရသည်။

မီးရထား၊ သစ်တော၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ အားကစား ဝန်ကြီးဌာနများကို တာဝန် ယူထားသော ဝန်ကြီးများ အပါအဝင်ဝန်ကြီးအများအပြားနှင့် စစ်အစိုးရ၏စီးပွါးဖက်ကုမ္ပဏီများဖြစ်ကြသော ထူးထရေဒင်း၊ မက်စ်မြန်မာ (Max Myanmar) ၊ အေရှားဝေါလ်ဒ် (Asia World) ၊ အီဒင်မြန်မာ (Eden Myanmar) ၊ ယုဇန နှင့်ဒဂုံတို့သည် သန်းရွှေလာရောက်ကြည့်ရှုမည့်နေရာများတွင် "ကြိုတင်ပြင်ဆင်မှုများ" လုပ်ရန် အပြေးအလွှား သွားရောက်နေကြ သည်ဟု အဆိုပါသတင်းရပ်ကွက်ကပြောပါသည်။

"အဲဒီနေရာတွေမှာ နောက်ဆုံးမိနစ်အချောသတ်လုပ်ငန်းတွေလုပ်ဘို့ခိုင်းထားတယ်၊ ခြံစည်းရိုးဆေးသုတ်တာတို့၊ မြေ ကြီးပေါ်လှဲကျင်းထားတာတို့၊ အိမ်တွေငှါးထားတာတို့လုပ်နေကြတယ်။ အစိုးရ ချပေးတဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကြောင့် ဆိုင်ကလုံးဒုက္ခသည်တွေ အကျိုးခံစားနေကြရပါပြီဆိုတာပြဘို့ပေါ့" ဟု ထိုသတင်းရပ်ကွက်ကပြော ပါသည်။

ဆိုင်ကလုံးဒဏ်ခံဒေသများတွင် အလုပ်များဆက်လက်လုပ်ဆောင်နေကြဆဲရှိကြောင်း ပြသရန်အတွက် အဆိုပါ ကုမ္ပဏီများသည်ယင်းတို့၏ ထွန်စက်များ၊ ဘူဒိုဇာများ၊ လမ်းကြိတ်စက်များနှင့် ထရပ်ကားအများအပြားကို လုပ်ငန်း လုပ်ဆောင်ရာနေရာများသို့ပြန်လည်ယူဆောင်လာနေကြသည်။ သို့သော် အဆိုပါ သတင်းရပ်ကွက်၏ အဆိုအရ ကုမ္ပဏီများသည် ဤဒေသများမှသူတို့ဖာသာပြန်လည်ထွက်ခွါသွားခဲ့ကြခြင်းဖြစ်ပြီး၊ ဆိုင်ကလုံး ဒုက္ခသည်များ အတွက်ဆောက်လုပ်ထားသော အိမ်များကိုပြန်လည်ရောင်းစားသွားကြသည်ဟုဆိုသည်။

"ဝန်ကြီးတွေကတော့သူတို့လုပ်ထားတာတွေ ဘယ်လောက်အောင်မြင်ထိရောက်နေတယ်ဆိုတာပြဘို့ အကောင်းဆုံး လုပ်နေကြတာဘဲ။ တချို့ကမုန်တိုင်းဒုက္ခသည်တွေအတွက်ဆောက်ထားတဲ့ အိမ်တွေကို ပြန်ရောင်းစားကြတယ်။ တချို့ ကငှါးစားကြတယ်၊ ပြန်ဆောက်ထားတဲ့ရွာတွေကလဲ ရွာပျက်တွေလိုပါဘဲ၊ ဒါကြောင့်ခုဆေးပြန်သုတ်နေရတာ" ဟု ထို သတင်းရပ်ကွက်ပြောသည်။

"အခုတော့ သန်းရွှေမနက်ဖန် (ဒီဇင်ဘာ ၂၄ ရက်) သွားမဲ့ဒေသဖြစ်တဲ့ ကွမ်းခြံကုန်းလမ်းကို သူတို့ (ဝန်ကြီးတွေ နဲ့ကုမ္ပဏီတွေ) ပြန်ပြင်နေကြတယ်" ဟု ထိုသတင်းရပ်ကွက်ကဆက်လက်ပြောပါသည်။

သန်းရွှေနှင့်သူ၏အဖွဲ့သည် ပြန်လည်ထူထောင်ရေးနှင့်အရေးပေါ်စီမံကိန်းများဖြစ်သည့် မုန်တိုင်းခို အဆောက် အအုံများ ဆောက်လုပ်ထားခြင်းကိုကြည့်ရှုလိုသော်လည်း၊ အဆိုပါ မုန်တိုင်းခို အဆောက် အအုံများမှာ မဆောက်လုပ် ရသေးသည့် အတွက် ကွန်ပျူတာပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြခြင်းသာလုပ်နိုင်မည်ဟုလည်း ထိုသတင်းရပ်ကွက်ကပြောပါသည်။

မည်သို့ပင်ဖြစ်စေ သန်းရွှေနှင့်အဖွဲ့သည် ရဟတ်ယဉ်များဖြင့်သာပျံသန်းစစ်ဆေးကြည့်ရှုကြမည်ဖြစ်သည့် အတွက် ဝန် ကြီးများနှင့်စီးပွါးရေးသမားများအတွက်စိတ်သက်သာရာရစေသည်ဟုဆိုပါသည်။ သူတို့အနေနှင့် အမှန်တကယ်လုပ် ဆောင်ရန်မလိုဘဲ အပြသက်သက်သာလိုသည်ဟု ထိုသတင်းရပ်ကွက်ကပြောသည်။

"နောက်တခါမုန်တိုင်းဒီရေတက်လာခဲ့ရင် ခိုလှုံဘို့ ဆိုင်ကလုံးမုန်တိုင်းခိုအဆောက်အုံတွေနဲ့ လမ်းတွေ တည်ဆောက် ဘို့ဆိုတာမဖြစ်နိုင်ဘူးဆိုတာ သန်းရွှေကောင်းကောင်းသိပါတယ်။ ဝန်ကြီး တွေကလဲ ကမ်းရိုးတန်း တလျှောက် ဘေးက ရွှံ့တွေပုံထားလိုက်ရုံဘဲ။ လေယဉ်ပေါ်ကကြည့်ရင် တာအမြင့်ကြီး ဖို့ထားတဲ့ လမ်းလို ဖြစ်နေမှာပေါ့၊ အဲဒါကမိုးရွာတာနဲ့ ပြိုမှာဘဲ" ဟု ထိုသတင်းရပ်ကွက်ကပြောသည်။

ဤသို့အပြလုပ်ငန်းများရှိနေသော်လည်း သန်းရွှေနှင့်အဖွဲ့သည် သေသေချာချာစစ်ဆေးကြည့်ရှုမည်သာဆိုပါက ပြန် လည်ထူထောင်ရေးလုပ်ငန်းများပြီးစီးမှုအတိုင်းအတာကို သိရှိနိုင်သည်ဟု အဆိုပါ သတင်း ရပ်ကွက်က ပြောသည်။

"ဒါပေမဲ့ပြဿဿနာက သူတို့ (သန်းရွှေနဲ့အဖွဲ့) ကလဲဒီနေရာတွေလာကြည့်တယ်ဆိုတာ နာမည်ခံ သက်သက်ဘဲ။ အားလပ်ရက် တေဇရဲ့ ငွေဆောင် အပန်းဖြေ စခန်းကို အပန်းဖြေခရီးထွက်ရင်း လမ်းကြုံ ဝင်ကြည့်တဲ့ သဘောလောက်ဘဲ" ဟု အဆိုပါ သတင်းရပ်ကွက်က စစ်အစိုးရ၏ အကြီးဆုံး လက်ရင်း တပည့် စီးပွါးရေးသမားနဲ့ ထူးထရေဒင်း ကုမ္ပဏီပိုင်ရှင် တေဇကို ရည်ညွန်း ပြောကြားသွားခဲ့ပါသည်။

မုံပီးရေးသားသည်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */