ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသူ ထောင်ဒဏ် ၅ နှစ်ထပ်တိုး

Wednesday, December 24, 2008 ·

သတင်း မြင့်မောင် မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့တွင် ကုန်ဈေးနှုန်းကျဆင်းရေး လမ်းလျှောက် ဆန္ဒပြသူ ကိုခင်မောင်ချို (ခေါ်) ကိုဖိုးတုတ်ကို ယမန်နေ့က ရန်ကုန်တိုင်း ရန်ကင်းတရားရုံးက ထောင်ဒဏ် ၅ နှစ် ထပ်တိုးသဖြင့် ပြစ်ဒဏ် ၂၄ နှစ် ဖြစ်သွားသည်။

ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်သား သူ့ကို ယခုလ ၈ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ပုဒ်မ ၄ ခုဖြင့် ထောင်ဒဏ် ၁၉ နှစ် ချခဲ့ပြီးနောက်၊ ယမန်နေ့က ရန်ကင်းမြို့နယ် တရားရုံးက နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ ဖြင့် ၅ နှစ် ထပ်တိုးချလိုက်ခြင်းဖြစ်သည်။

"ပထမဦးဆုံး စံပြဈေးမှာ ကုန်ဈေးနှုန်း ကျဆင်းရေးတုန်းက သူ ပါခဲ့တယ်။ အလုပ်သမားရေး ကိစ္စတွေမှာလည်း အိုင်အယ်လ်အို (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်) ကို တိုင်တန်းပေးတဲ့ အထဲမှာလည်း ပါဝင်ခဲ့သူပါ။ အခု ၅ နှစ်ထပ်ကျတာပေါ့နော်။ စုစုပေါင်း ၂၄ နှစ်ရှိပြီ" ဟု မိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ကိုခင်မောင်ချိုကို နိုင်ငံတော်ကို အကြည်ညို ပျက်စေမှု၊ ဗီဒီယိုအက်ဥပဒေ၊ လိမ်လည်မှု၊ စာရွက်စာတမ်းအတု လက်ဝယ်ကိုင်ဆောင်မှုတို့ဖြင့် ကြည့်မြင်တိုင် တရားရုံးက ယခုလ ၈ ရက်နေ့မှ စတင်ကာ နှစ်ရှည်ထောင်ဒဏ် ချခဲ့ခြင်းဖြစ်သည်။

အလားတူ ထိုရက်၌ပင် သူ့အမှုတွဲတွင် ပါဝင်သူ တောင်ဒဂုံမြို့သား ကိုညွန့်ဝင်းကို ၅ နှစ်နှင့် ကိုကံမြင့်ကို ၁၀ နှစ် ပြစ်ဒဏ်ချခဲ့သေးသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */