တနင်္လာနေ့ ထိုင်းဝန်ကြီးချုပ်သစ် ရွေးတော့မည်

Saturday, December 13, 2008 ·

သတင်း NEJ ခေတ်ပြိုင် | ၀န်ကြီးချုပ်သစ်ရွေးရန် လွှတ်တော်ခေါ်ရေး အတိုက်အခံ ဒီမိုကရက်ပါတီ၏ မေတ္တာရပ်ခံချက်အပေါ် ထိုင်းဘုရင်မင်းမြတ်ထံမှ ခွင့်ပြုချက်ရပြီဖြစ်အကြောင်း လွှတ်တော်ဥက္က၏ ချိုင်းချစ်ချော့က ပြောသည့်အတွက် ထိုင်းအာဏာလွန်ဆွဲပွဲ၏ ရလဒ်ကို တနင်္လာနေ့၌ သိရတော့မည် ဖြစ်သည်။

ဒီမိုကရက်ပါတီ၏ အမတ် (၂၄၂) ဦးလုံး ညီညီညွတ်ညွတ်ရှိနေလျှင် ဒီမိုကရက်ခေါင်းဆောင် အာဘီဆစ် ၀ိဇ္ဖာဇီဝ ၀န်ကြီးချုပ် သေချာပေါက် ဖြစ်လာမည်ဖြစ်သည်။ ဒီမိုကရက်ပါတီက ၀န်ကြီးနေရာ (၁၅) နေရာယူမည်ဖြစ်ပြီး ကျန်ဝန်ကြီးနေရာများကို ပါတီ (၃) ခုက ယူမည်ဖြစ်သည် စသည်ဖြင့် ၀န်ကြီးနေရာများ အပေးအယူ လုပ်နေကြပြီဖြစ်သည်။

သို့သော် စနေနေ့တွင် ထောက်ခံသူများအား တပ်ဆင် တယ်လီဖုန်းမှ ပြောမည့်မိန့်ခွန်းကြောင့် ဒီမိုကရက် ပါတီနှင့် ဘက်ပြောင်းအမတ်များ၏ ယာယီညီညွတ်ရေးပျက်ပြားစေရမည်ဟု တပ်ဆင်၏ ပွေထိုင်းပါတီက ယုံကြည်နေဆဲဖြစ်သည်။ တပ်ဆင် စနေနေ့ မိန့်ခွန်းပြောပြီးပါက အနည်းဆုံး ဘက်ပြောင်းသွားသည့် အမတ် (၁၀) ဦးခန့် ပြန်လာမည်ဟု ပွေထိုင်းပါတီက ယုံကြည်နေသည်။

အစိုးရသစ်ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီအချို့နှင့် စကားအပြောအဆို ရှိခဲ့ကြောင်း စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာနုပေါင်က ၀န်ခံသော်လည်း တိုင်းပြည်ရှေ့တိုးပြီး ငြိမ်းချမ်းတည်ငြိမ်မှုရရှိစေမည့် ဆုံးဖြတ် ချက်များချမှတ်ရန် သတိပေးထားသည်။

တပ်ဆင်၏ ပွေထိုင်းပါတီကလည်း အစိုးရသစ်ဖွဲ့နိုင်ရေးအတွက် အတိုက်အခံနှင့်ပေါင်းသွားသည့် အမတ်များကို မက်လုံးပေးနေရာ ပြန်လာမည့် အမတ်တဦးကို ဘတ်ငွေ (၅၅) သန်းထိ ပေးမည်ဟု ဈေးခေါ်လိုက်သည့်အတွက် အာဏာလွန်ဆွဲပွဲ ပိုပြီး အကြိတ်အနယ် ဖြစ်လာသည်။

ပွေထိုင်းပါတီသို့ ပြန်လာမည်ဟု ကတိပေးသည့် အမတ်ကို ပါတီဝင်ခွင့်လျှောက်လွှာဖြည့်ပြီးသည်နှင့် ဘတ်ငွေသား (၅) သန်း ချက်ချင်းပေးမည်။ လျှောက်လွှာအတည်ပြုပြီး ပါတီဝင်ဖြစ်ခဲ့လျှင် ဘတ် (၂၅) သန်းနှင့် ကျန် (၂၅) သန်းကို ၀န်ကြီးချုပ်သစ်ရွေးပွဲတွင် မဲထည့်ပြီးသည်နှင့် အပြီးသတ်ပေးချေမည်ဟု ဈေးခေါ်ထားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */