ဒီမိုကရေစီရေးဖွင့်ပေးရန် တရုတ်အစိုးရကို ပညာရှင်များ ဖိအားပေး

Saturday, December 13, 2008 ·

သတင်း NEJ ခေတ်ပြိုင် | တရုတ်ကွန်မြူနစ်ပါတီသည် နိုင်ငံရေးတင်းကျပ်မှုများကို လျှော့ပေးခြင်းမရှိဘဲ စီးပွားရေးပြုပြင်ပြောင်းလဲမှု နည်းဗျူဟာများ ချမှတ်ခြင်းကို ကျေနပ်မှုမရှိသဖြင့် တရုတ်ပညာရှင် (၃၀၀) ကျော်က ဒီမိုကရေစီအရေး လှုပ်ရှားမှုအသစ်များ စတင်ရန် ဆော်သြလိုက်သည်။

အင်တာနက်မှတဆင့် စုစည်းနိုင်ခဲ့ကြသည့် တရုတ်လူ့အခွင့်အရေးကာကွယ်သူ ရှေ့နေများက ဖွဲ့စည်းပုံ
ပြင်ဆင်ရေး ဆွဲရေး၊ ပါတီစုံဒီမိုကရေစီထွန်းကားရေး၊ တရားမျှတသည့် ဥပဒေစိုးမိုးရေး စသည်တို့ကို တောင်းဆိုထားသော Charter 08 ဟုခေါ်သည့် တောင်းဆိုစာ တစောင်ကို ယခုလ (၉) ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါအုပ်စုတွင် ပါဝင်သူအချို့က ၎င်းတို့သည် ပြီးခဲ့သည့် နှစ် (၃၀) ကျော်က ကွန်မြူနစ် ချက်ကို စလိုဗေးကီးယား အစိုးရအား လူ့အခွင့်အရေးလေးစားလိုက်နာရန် အဆိုပါနိုင်ငံမှ ပညာရှင်များက တောင်းဆို ခဲ့သည့် Charter 77 ကိုလေးစားလိုက်နာသူများ ဖြစ်ကြောင်း ပြောကြသည်။

သို့သော် Charter 08 ကမူ ချက်နိုင်ငံကဲ့သို့ ကွန်မြူနစ်ပါတီအား ဖျက်သိမ်းပေးရန်အထိ တောင်းဆိုခြင်း မဟုတ်ဘဲ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီသဘောတရားများကို ပိုမိုလွတ်လပ်ကျယ်ပြန့်စွာ ပြောဆို ဆွေးနွေး ခွင့်သာ တောင်းဆိုခြင်းဖြစ်သည်။

၎င်းတို့အုပ်စုသည် နိုင်ငံရေးပါတီ မဟုတ်သကဲ့သို့ နိုင်ငံရေးပါတီဖွဲ့ရန်လည်း အစီအစဉ်မရှိကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး တရုတ်လူ့အခွင့်အရေးကာကွယ်သူများအဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်သူ Zhang Zuhua ကပြောသည်။

Zhang Zuhua က “အာဏာပိုင်တွေဟာ ဒီမိုကရေစီအကြောင်းကို ပြောလာတာ ကြာလှပါပြီ။ ဒါပေမယ့် တကယ် တမ်းကျတော့ ဘာမှ စစ်စစ်မှန်မှန် အပြောင်းအလဲ လုပ်ခဲ့တာ မရှိပါဘူး။ နိုင်ငံတကာက လက်ခံထားတဲ့ လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီ စံနှုန်းတွေကို လူထုတွေကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ချပြဆွေးနွေးနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲဒီနည်းနဲ့ အာဏာပိုင်တွေကို ဖိအားတွေ တိုးပေးနိုင်မယ်ထင်ပါတယ်” ဟုပြောသည်။

ယခုကဲ့သို့ အရေအတွက် ရာချီရှိသော ပညာရှင်များက အဆိုပါတောင်းဆိုချက်ကို တရားဝင် ပွင့်ပွင့်လင်းလင်း ထောက်ခံလိုက်မှုသည် တရုတ်နိုင်ငံ စီးပွားရေးနှေးကွေးလာမှုကို ကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိပါက နိုင်ငံအတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု တရုတ်ကွန်မြူနစ်ပါတီက သတိပေးထားသည်ကို ရောင်ပြန်ဟပ်ခြင်းလည်းဖြစ်သည်။

မြေယာပိုင်ဆိုင်ခွင့် ရရှိရေးနှင့် ဒေသဆိုင်ရာ အစိုးရအာဏာပိုင်များ၏ အဂတိလိုက်စားမှုများကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကဲ့သို့ ဆန္ဒပြတောင်းဆိုမှုများသည် တရုတ်နိုင်ငံတွင် တဖြည်းဖြည်းနှင့် ကျင့်သားရလာနေကြပြီ လည်းဖြစ်သည်။ ဆန္ဒပြပွဲများနှင့်ပတ်သက်၍ ပြီးခဲ့သည့် တနင်္လာနေ့ကပင် ၎င်းအပါအ၀င် တရုတ်လူ့အခွင့် အရေးအဖွဲ့၏ စည်းရုံးရေးတာဝန်ခံများကို ရဲများက (၁၂) နာရီကြာ ထိန်းသိမ်းခဲ့ကြောင်း၊ ၎င်းပိုင်ငွေနှင့် ၎င်း၏မိသားစုပိုင် ဘဏ်စုငွေစာအုပ်များကိုလည်း ရဲများကသိမ်းဆည်းသွားပြီး ယခုထိပြန်မရသေးကြောင်း Zhang Zuhua ကပြောသည်။

Charter 08 ထုတ်ပြန်ချက်ကို ထောက်ခံပါဝင်သူများအတွင်း၌ ၁၉၈၉ ခု ပီကင်း တီရန်နန်မင်ရင်ပြင် အရေးအခင်းကို အချက်အလက် စုဆောင်းရာမှ လူသိများလာသူ ပါမောက္ခ Ding Zilin (အဆိုပါ အရေးအခင်းတွင် သေဆုံးရသူများ ထဲတွင် ၎င်း၏ သားလည်း ပါဝင်သည်)၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီဝင်ဟောင်းဖြစ်ပြီး ၁၉၈၉ ခုတွင် ထုတ်ပယ်ခံရကာ ယခု နေအိမ် အကျယ်ချုပ် ခံထားရသူ Bao Tong ၊ တရုတ်အစိုးရ၏ Xinhua သတင်းဌာနမှ ဒု-အရာရှိချုပ်ဟောင်းဖြစ်သော Li Pu တို့ အပါအ၀င် တရုတ်နိုင်ငံမှ လွပ်လပ်သည့် အတွေးအခေါ် ပညာရှင်များလည်း ပါဝင်ကြသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */