အိုဘားမားလုပ်ကြံခံရမည့်ကိန်းအပါအ၀င် ၂၀၀၉ စီးပွားရေး၊ နိုင်ငံရေး ဟောကိန်းများထွက်

Saturday, December 13, 2008 ·

သတင်း NEJ ခေတ်ပြိုင် | ၂၀၀၉ နှစ်အတွက် စီးပွားရေး၊ နိုင်ငံရေး အလားအလာများကို ကမ္ဘာ့ဘဏ် ကုလသမဂ္ဂစသည့် အဖွဲ့များက ခန့်မှန်းထုတ်ပြန်နေချိန်တွင် ကမ္ဘာတလွှားရှိ ဗေဒင်နက္ခတ်ဆရာများကလည်း ၂၀၀၉ အတွက် ဟောကိန်း ထုတ်ကြရာ အမေရိကန်သမ္မတသစ် အိုဘားမား အလုပ်ကြံခံရနိုင်သည်ဆိုသည့်အချက်ကို ဟောကိန်း အတော်များများတွင် ပါဝင်နေကြာင်းတွေ့ရသည်။

နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးတိုင်း ပေါ်ပေါက်လာသည့် နှစ်သစ်ကူး ဟောကိန်းများအားလုံး မှန်လေ့ မရှိသော်လည်း ၂၀၀၉ ခုနှစ်အတွက် ကမ္ဘာ့ဟောကိန်းအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

အမေရိကန်သမ္မတသစ် ဘားရက်အိုဘားမား အလုပ်ကြံခံရမည့်ကိစ္စ မသေချာသော်လည်း ကမ္ဘာ့ စီးပွားရေး တိုးတက်မှုမှာ (၂.၅) ရာနှုန်းမှ ၂၀၀၉ ခုနှစ်တွသ် (၁) ရာနှုန်းထိ ထိုးဆင်းသွားမည်ဟု ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ် တို့၏ ၂၀၀၉ ခုနှစ် စီးပွားရေး အလားအလာ အစီရင်ခံစာများတွင် ဖော်ပြထားသည်။

၂၀၀၉ ခုနှစ်အတွင်း တိုးတက်သည့်နိုင်ငံများ စီးပွားကပ်ကြီးကြီးကျယ်ကျယ် ကြုံဖို့မှန်းထားသော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံအများစုမှာမူ ၂၀၀၂-၂၀၀၇ ခုနှစ်အတွင်း ရှိခဲ့သည့် စီးပွားတိုးတက်မှုနှင့် ပြောင်းပြန်ဖြစ်နေသည့် အတွက် ဆင်းရဲမှုလျော့ပါးရေး တိုးတက်အောင် လုပ်ဆောင်ချက်ကို သိသိသာသာ အဟန့်အတားဖြစ်စေမည့် လက္ခဏာ ရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

ပြီးခဲ့သည့်နှစ်များအတွင်း စီးပွားရေးအတန်အသင့်ကောင်းခဲ့သည့် LDC ခေါ် အဆင်းရဲဆုံး နိုင်ငံများ အခြေအနေ မှာလည်း ရုတ်တရက် ယိုယွင်းလာနေသည်။ ၂၀၀၉ ခုနှစ်အတွင်း ကမ္ဘာ့ပြည်သူများ၏ တဦးချင်း ၀င်ငွေ ကျဆင်းမည်ဟု ကုလသမဂ္ဂက မှန်းထားသည်။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည့် ၂၀၀၉ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ခန့်မှန်းချက်တွင်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး တိုးတက်မှုမှာ ဆိုးရွားလာသည်ဟု ထောက်ပြထားသည်။ အထူးသဖြင့် ၂၀၀၈ နှောင်းပိုင်းမှစပြီး ငွေကြေး စီးပွားကပ်ကြီးဆိုက် နေသည့် အတွက် တင်းကျပ်သည့် ဘဏ္ဍာရေးစည်းမျဉ်းများ ချမှတ်ရန် တိုက်တွန်းထားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */