မန္တလေးမြို့ နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ကျင်းပ

Saturday, December 13, 2008 ·

သတင်း အေးလဲ့ ဧရာဝတီ | မန္တလေးမြို့တည်နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် အဖြစ် ဓာတ်ပုံပြပွဲကို “ကျနော်တို့ ချစ်သော မန္တလေး” အမည်ဖြင့် ဒီဇင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ မန္တလေးမြို့တွင် ပြသနေကြောင်း ပွဲစီစဉ်သူများက ပြောသည်။

မန္တလေးရတနာပုံ မြို့တည် နန်းတည်နှစ်မှစပြီး ယခု၂၀၀၈ ခုနှစ်အတွင်း ခေတ်အလိုက်ပြောင်းလဲခဲ့ပုံများကို မန္တလေးမြို့တည်နှစ် ၁၅၀ ပြည့် ကြိုဆိုပွဲအနေဖြင့် ဓာတ်ပုံပေါင်း ၁၅၀ ပါဝင်သည့် ဓာတ်ပုံ ပြပွဲကို ၈၄ လမ်း နှင့် ၃၁လမ်း ရှိ ဓမ္မသာလာ ခန်းမတွင် ပြသခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူ မိုးနတ်သူ မီဒီယာမှ ဓာတ်ပုံဆရာ ဦးညွန့်မင်း (မန်းတက္ကသိုလ်) က ပြောသည်။

ဓာတ်ပုံများတွင် မန္တလေး သမိုင်း ၊ မန္တလေး ကျူံးအလှ ၊ မန္တလေး မန်းတောင် အလှ၊ မန္တလေး မြို့ပြ၊ မန္တလေး သာသနိက အဆောက်အအုံ ၊ မန္တလေး ဘာသာရေး ၊ မန္တလေး သင်္ကြန်ပွဲတော်၊ ဘုရားပွဲတော် ဆိုင်ရာ ဓာတ်ပုံ များကို ပြသကြောင်း ၎င်းက ပြောပြသည်။

ဦးညွန့်မင်းက“ကျနော်ပေးချင်တဲ့ ရသ ကတော့ မန္တလေးသူ မန္တလေးသားတွေက ဒီပုံတွေကို ကြည့်ပြီးတော့ နောင် ၁၀ နှစ်ကို မျှော်မှန်းနိုင်ဖို့ဖြစ်ပါတယ်၊ နောက်ထပ် နှစ်ပေါင်းများစွာကျရင် ဘာတွေပြောင်းလဲသွားမလဲ ဆိုတာ ကြိုသိပြီးတော့ ကြိုတင်ပြင်ဆင်နိုင်အောင် အသိပေးတဲ့ သဘောပါ၊ မန္တလေးရဲ့ ထူးခြားတဲ့ ဝိသေသ တွေကို မပျောက်ပျက်ဖို့ပါ”ဟု ပြောသည်။

အဆိုပါ ဓာတ်ပုံပြပွဲကိုသွားရောက်ခဲ့သည့် မန္တလေးစာပေအသိုင်းအဝန်းမှ စာပေသမား တဦးကလည်း
“လူတွေ က တမ်းတမ်းတတနဲ့စိတ်ဝင်တစားရှိတယ်၊ အထူးသဖြင့် ရှေးခေတ်ကပုံဟောင်း တွေကို ကြည့်ပြီး တော့ သဘောကျကြတယ်၊ တချို့ရှေးမီခဲ့တဲ့လူတွေ ကလည်း မန္တလေးဈေးချိုပုံတွေကိုမြင်ပြီး မျက်ရည်ကျ ကျတယ်၊ အတိတ်က မန္တလေးရဲ့တီထွင်ခဲ့မှုတွေကို ကြည့်ပြီးတော့ လွမ်းဆွတ်ကြတယ် ခေတ်အဆက် ဆက် ပြောင်းလဲလာမှုတွေကို နှိုင်းယှဉ်ကြည့်လို့ရတာပေါ့ဗျာ” ဟုပြောသည်။

“ပွဲကြည့် ပရိတ်သတ်ထဲက မန္တလေး နှစ် ၁၅၀နှစ်ပြည့် “အမှတ်တရမှတ်တမ်း” ရေးကြတဲ့အခါမှာလည်း အားလုံးက ဝမ်းသာအားရနဲ့ ဂုဏ်ယူတယ်၊ ကြိုဆိုတယ်၊ ထောက်ခံအားပေးတယ်၊ တချို့ကလည်း ဒီထက် ရှားပါးတဲ့ ဓာတ်ပုံမျိုးတွေကိုပြသင့်တယ် ဆိုတာကိုလည်း ဝေဖန်အကြံပေးကြတယ်”ဟုလည်း ၎င်းက ဆက်ပြောပြသည်။

၎င်းဓာတ်ပုံပြပွဲတွင် ပန်ရိုးမ ပြက္ခဒိန်မှ ပုံများအပါအဝင် ဝါရင့်ဓာတ်ပုံပညာရှင်များနှင် ဓာတ်ပုံဝါဿနာရှင် ပေါင်း ၁၈ ဦးတို့ ပါဝင်ပြသပြီး ဝါရင့်ဓာတ်ပုံ ပညာရှင်များဖြစ်သည့် လူသစ်(ဗန်းမော်)၊ ဒေါက်တာ မောင် မောင်ကြီး၊ ဖရန်ကီ ထွန်းတင်၊ ဦးစိုးမင်း(အောင်သီဟ)၊ ဦးအေးကို(Art) စသည့် ဓာတ်ပုံပညာ ရှင်များ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေးမြို့ကို လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ကျော်က မြန်မာဘုရင်မင်းတုန်းမင်း က မြန်မာသက္ကရာဇ် ၁၂၂၁ခုနှစ် ကဆုန်လပြည့်ကျော် ၁၄ ရက်နေ့ နံနက်၎နာရီ (ခရစ် သက္ကရာဇ် ၁၈၅၉ ခုနှစ် မေလ) တွင် ရတနာပုံနေပြည်တော် ဟူသောအမည်ဖြင့် စတင် တည်ထောင်ခဲ့သည်။

ယခု လာမည့် ၂၀၀၉ ခုနှစ် မေလတွင် မန္တလေးမြို့တည်နှစ် ၁၅၀ ပြည့်မည်ဖြစ်သည်။

မန္တလေးမြို့သည် မြန်မာဘုရင် မင်းတုန်းမင်းနှင့် သီပေါမင်းတို့ အုပ်စိုးခဲ့သော ရှေးဟောင်း ယဉ်ကျေးမှုအမွေ အနှစ် ထွန်းကားရာ၊ ဘုရားစေတီ၊ ဂူပုထိုးအများအပြား ရှိပြီး စာပေ၊ ဂီတ၊ အနုပညာနှင့် အစဉ်အလာ မျိုးချစ် စိတ်ဓာတ် ထွန်းကားရာ မြို့ဖြစ်သည်ဟုဆိုကာ မန္တလေးသားများ အနေဖြင့် ဂုဏ်ယူခဲ့ကြသည့် မြို့ဖြစ်သည်။

ဦးညွန့်မင်းကမူ မန္တလေးသူ မန္တလေးသားများ အနေနှင့် အမျိုးသား ရေးစိတ်ဓာတ်၊ ယဉ်ကျေးမှု ထိန်းသိမ်းရေး ဆိုင်ရာ သတိများဖြင့် ကြိုတင် စဉ်းစားတတ်ကြရန် လိုအပ်ကြောင်း ပြောသည်။

“မန္တလေးသားတွေက အခြေခံကောင်းတွေရှိပြီးသားဗျ၊ မန္တလေးမြို့ရဲ့ လမ်း၈၀၊ ၈၄လမ်း ဆိုရင် မန္တလေးသား တွေ နေထိုင်ခဲ့တဲ့ နေရာတွေဗျ၊ ခုဆိုရင် မန္တလေးသားတွေက မြို့သစ် ဘက်ကို ပြောင်းရွှေ့ ပေးရတယ်၊ အဲလို မျိုး တွေ မဖြစ်အောင် ကြိုစဉ်းစားထား စေချင်ပါတယ်၊ ပြောရရင် မန္တလေးက ငွေနောက်ကိုလိုက်တဲ့မြို့မဟုတ် ပါ ဘူး။ လူမှုရေး၊ ဘာသာရေး လိုက်နေတဲ့ မြို့တမြို့ပါ လူက ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ ဒီ စိတ်ဓာတ် လေးတွေရှိနေဖို့ပါပဲ” ဟု ဦးညွန့်မင်း က ပြောဆိုသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */