လျှပ်စစ်မီးကို အားကိုးနေရသည့် စီးပွားရေး လုပ်ငန်းရှင်များ ဒုက္ခရောက်

Saturday, December 13, 2008 ·

သတင်း အေးချမ်းမြေ့ ဧရာဝတီ | လျှပ်စစ်မီးကို ဒီဇင်ဘာလဆန်းမှစ၍ အလှည့်ကျစနစ်နှင့် ပြန်လည် ပေးဝေမှုကြောင့် ရန်ကုန်မြို့ရှိ လျှပ်စစ်မီး အားကိုးကာ စီးပွားရေး လုပ်သူများ ဒုက္ခရောက် နေကြကြောင်း ကြားသိရသည်။


ရန်ကုန်မြို့ တနေရာ စတိုးဆိုင် အနီးရှိ လျှပ်စစ်မီးပျက်ချိန် အားကိုးရသည့် မီးစက်ငယ် တခု (ဓာတ်ပုံ - ရိုက်တာ)
ဓာတ်ပုံဆိုင်၊ အင်တာနက်ကဖေး၊ ကွန်ပျူတာ စာစီစာရိုက်နှင့် မိတ္တူကူး လုပ်ငန်း၊ မဂ္ဂဇင်းတိုက်၊ ဂျာနယ်တိုက် အစရှိသဖြင့် လျှပ်စစ်မီး အားကိုးဖြင့် စီးပွားရေး လုပ်ကိုင်သူများမှာ မီးလာချိန်ကို စောင့်ဆိုင်း၍ လုပ်ကိုင် နေရသောကြောင့် ကြန့်ကြာ နှောင့်နှေးခြင်း၊ အလုပ် မတွင်ကျယ်ခြင်း၊ အမြတ်အစွန်း နည်းပါးခြင်းများ ဖြစ်ကာ စိတ်အနှောင့် အယှက် ဖြစ်နေရကြောင်း သိရသည်။

ရန်ကုန်မြို့တွင်းရှိ မြို့နယ်များတွင် လျှပ်စစ်မီး လာသည့် ပုံစံကို အေ၊ ဘီ၊ စီ ဟူ၍ ခွဲခြားထားပြီး တနေ့လျှင် ၆ နာရီလာသည့် ပုံစံ (ဥပမာ - နံနက် ၅ နာရီမှ ၁၁ နာရီ၊ နံနက် ၁၁ နာရီမှ ညနေ ၅ နာရီ၊ ညနေ ၅ နာရီမှ ည ၁၁ နာရီ အလှည့်ကျ) နှင့် နောက်တနည်းမှာ ၃ ရက်ပေါင်း ၁၈ နာရီ လာသည့် ပုံစံ ဟူ၍ ၂ မျိုးရှိသည်။

“ကျမတို့ ရပ်ကွက်မှာတော့ မီးလာမယ့်အချိန် ရေးထားတဲ့ စာရွက်တရွက် လာဝေထားတယ်။ လာမယ့် အချိန်ကို စောင့်ကြည့်တာ လာတယ်။ ဒါပေမယ့် ၁၀ မိနစ်လောက်ကြာတော့ ပြန်ပျက်သွားရော” ဟု သုဝဏ္ဏ ရပ်ကွက်တွင် နေထိုင်သည့် အိမ်ရှင်မ တဦးက ပြောသည်။

စမ်းချောင်းမြို့နယ် အတွင်းရှိ အင်တာနက် ကဖေးဆိုင် ပိုင်ရှင်တဦး ကလည်း ၎င်း၏ ဆိုင်မှ အမြတ်အစွန်း မရဟု ဆိုသည်။ ၎င်းအနေနှင့် ပုံမှန် ဆိုင်ဖွင့်နိုင်ရန် မီးစက်အတွက် ဓာတ်ဆီ အမြဲဝယ်နေရ သောကြောင့် တခါတရံ ဆိုင်ကို နေ့ခင်းဘက်များတွင် ပိတ်ထားရလေ့ ရှိသည်ဟု ပြောပြသည်။

“အစောပိုင်းက တရက်ကို ငါးသောင်းရရင် ၂ သောင်းလောက်တော့ ကျန်သေးတယ်။ ခုတော့ တရက် ငါးသောင်း ရရင် ငါးသောင်းလုံး ဓာတ်ဆီဖိုးနဲ့ ကုန်တာပဲ။ တော်တော် စိတ်အနှောင့် အယှက် ဖြစ်ရတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်အခြေစိုက် ဂျာနယ် အယ်ဒီတာ တဦးကမူ ၎င်း၏ ဂျာနယ်တိုက် ပုံမှန် အလုပ်လုပ်နိုင်ရန် တနင်္လာမှ စနေနေနေ့ထိ တနေ့လျှင် ဓာတ်ဆီ ၃ ဂါလံ (ကျပ် ၁ သောင်းဖိုး) ဝယ်ရသည်ဟု ဆိုသည်။

ပုံမှန်အားဖြင့် ရန်ကုန်လူထုသည် လျှပ်စစ်မီးကို မိုးရာသီအတွင်း ၂၄ နာရီနီးပါး ရလေ့ရှိသော်လည်း ယခုကဲ့သို့ ပွင့်လင်းရာသီရောက်လာတိုင်း အလှည့်နှင့် မီးလာသည့် ပြဿနာကို ရင်ဆိုင်ရမြဲဖြစ်သည်။

“ထုံးစံလိုဖြစ်နေပြီဆိုပေမယ့် ဒီအချိန်ရောက်လာတိုင်း စိတ်ညစ်ရတယ်။ ထမင်းချက်တာက အစ ရေတင်တာ အဆုံး သတိထားပြီးလုပ်နေမှ၊ မလုပ်မိရင် ပြဿနာတက်ကုန်ရော” ဟု ရန်ကုန်မြို့လယ်တွင် နေထိုင်သူ အိမ်ရှင်မတဦးကပြောသည်။

ညဥ့်နက်သန်းခေါင် ရေစောင့်တင်ရခြင်း၊ ထမင်းချက်နေစဉ် မီးပျက်သွားသောကြောင့် ထမင်းအိုး သွန်လိုက် ရခြင်း တို့မှာ လျှပ်စစ်မီး ပုံမှန်မရချိန်တွင် ဖြစ်လေ့ရှိသည့် ပုံမှန်အဖြစ်အပျက်များဟု ၎င်းကပြောပြသည်။

သုဝဏ္ဏမြို့နယ်အတွင်းရှိ စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနေထိုင်သည့် ရပ်ကွက်တွင်မူ တနှစ်ပတ်လုံး လျှပ်စစ်မီး ပုံမှန်ရကြောင်း သိရသည်။

“ကျနော်တို့ ၃၀ ဗီအိုင်ပီရပ်ကွက်မှာက သတင်းစာထဲမှာပါတဲ့ နာမည်ကြီးတွေ တော်တော် များများ နေကြတာဆိုတော့ တခါမှ မီးမပျက်ဘူး” ဟု ၎င်း ရပ်ကွက်တွင်း နေထိုင်သည့် လူငယ် တဦးကပြောပြသည်။

မိုးရာသီတွင် ရေအားလျှပ်စစ်အားကိုးဖြင့် ပုံမှန် လျှပ်စစ်မီးပေးနိုင်သော်လည်း ပွင့်လင်း ရာသီ ရေခန်း ခြောက်ချိန် ရောက်လာတိုင်း ယခုကဲ့သို့ အလှည့်နှင့် မီးပေးသည့် စနစ်ကို ကျင့်သုံးနေသည်မှာ ၅ နှစ် ကျော်ခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချလျှက်ရှိပြီး အထူးသဖြင့် ထိုင်းနိုင်ငံက မြန်မာ့ သဘာဝ ဓာတ်ငွေ့ဖြင့် လျှပ်စစ်မီးကို ပိုလျှံစွာ သုံးစွဲလျှက် ရှိသည်။

ပွင့်လင်းရာသီ ရေခန်းခြောက်ချိန် ရေအားလျှပ်စစ် နည်းပါးသွားသောကြောင့် တကြောင်း၊ မြန်မာပြည်တွင် တပ်ဆင်ထားသည့် ကေဘယ်ကြိုးများ ကြံ့ခိုင်မှု အားနည်းလာသော ကြောင့် ပြင်ဆင်ရန် အချိန်ပေး ရသောကြောင့် တကြောင်း လျှပ်စစ်မီးကို ပုံမှန် မပေးနိုင်ခြင်းဖြစ်သည် ဟု လျှပ်စစ် အင်ဂျင်နီယာ တဦးက ပြောသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */