သတင်း ဧရာဝတီ | ကမ္ဘာ့ စီးပွားရေး အကြပ်အတည်းသည် မြန်မာနိုင်ငံကို ထိခိုက်မှု ရှိကြောင်း ထင်ရှားသည့် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သူ ဦးတေဇက ၎င်း၏ ထူးကုမ္ပဏီ အဆင့်မြင့် အရာရှိများနှင့် ဒီဇင်ဘာ ၃ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးပွဲတွင် ပြောကြားသွားကြောင်း သိရသည်။
![]() ဦးတေဇ (ဓာတ်ပုံ - အေပီ) |
နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) က မြန်မာနိုင်ငံ၏၂၀၀၇ ခုနှစ် GDP မှာ အမေရိကန် ဒေါ်လာ ၁၃.၄၈ ဘီလီယံ ရှိကြောင်း အစိုးရ တရားဝင် ငွေတန်ဖိုးနှင့်အညီ ထုတ်ပြန်ထားသည်။
ဦးတေဇက မြန်မာနိုင်ငံ၏ အဓိက ပြည်ပ၀င်ငွေများအနေနှင့် သဘာဝဓာတ်ငွေ့၊ သစ်တောထွက်ပစ္စည်း၊ တွင်းထွက် ပစ္စည်း၊ ရေထွက် ပစ္စည်းနှင့် စိုက်ပျိုးရေးထွက်ကုန်တို့မှ ရရှိကြောင်း ပြောကြားသည်ဟုလည်း သိရသည်။
၂၀၀၇ ခုနှစ်တွင် သစ်တောထွက်ပစ္စည်းများမှ ပြည်ပ၀င်ငွေအဖြစ် အစိုးရက ဒေါ်လာ ၄ သန်း ခန့် ရရှိကြောင်းနှင့် ထူး ကုမ္ပဏီက က ဒေါ်လာ ၆ သန်းခန့် ရရှိကြောင်း ဦးတေဇက ပြောကြားခဲ့သည်ဟု အထက်ပါ အစည်းအဝေး တက်ရောက်ခဲ့သူက ပြောပြသည်။
အထူးသဖြင့် သစ်ထုတ်လုပ်ငန်းတွင် ပြည်ပမှာယူမှု ကျဆင်းသောကြောင့် ထိခိုက်မှုရှိကြောင်းနှင့် လတ်တလော ထူး ကုမ္ပဏီ၏ ဒေါ်လာ ၈ သန်းဖိုးခန့်ရှိ သစ်များ လက်ကျန်ရှိနေကြောင်း ဦးတေဇ ၏ ပြောကြားချက်ကို ကိုးကား ၍လည်း အစည်းအဝေး တက်ရောက်သူက ပြောသည်။ လွန်ခဲ့သောနှစ်က ထူးကုမ္ပဏီသည် သစ်ထုတ်လုပ်ငန်းမှ ဒေါ်လာ ၆ သန်း ခန့် ၀င်ငွေရရှိခဲ့သည်ဟုလည်း ဆိုသည်။
ထို့အပြင် လွန်ခဲ့သောနှစ်တွင် စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့သည့် သံဃာတော်များ ဦးဆောင်သည့် စက်တင် ဘာ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားမှုကြောင့် ဦးတေဇ ၏ ခရီးသွားလုပ်ငန်း စတင်ထိခိုက်မှုရှိ ခဲ့ကြောင်း ရန်ကုန်မြို့ စီးပွားရေးအသိုင်းအ၀န်းက ပြောဆိုသည်။
အဆိုပါ ဦးတေဇနှင့် ၎င်းကုမ္ပဏီ၏ အရာရှိများ အစည်းအဝေးသည် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ် ကြီး သိန်းစိန် ၏ ကမ္ဘာ့ စီးပွားရေး အကြပ်အတည်း ဖြစ်မှုသည် မြန်မာနိုင်ငံကို ကြီးကြီးမားမား ထိခိုက်မှု မရှိကြောင်း ပြောကြား ချက်အား အစိုးရ သတင်းစာများတွင် ဖော်ပြပြီင်္းနောက်တရက်တွင် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဦးတေဇသည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူ ဖြစ်ပြီး မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး လုပ်ငန်းများစွာကို ချုပ်ကိုင် လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ၎င်း၏ ထူး ကုမ္ပဏီအနေနှင့် သစ် ထုတ်လုပ် ငန်း၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ လေကြောင်းလိုင်း လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် မန္တလေး တိုင်း ပြင်ဦးလွင်မြို့ရှိ ရတနာပုံ ဆိုင်ဘာစီးတီးကဲ့သို့သော နည်းပညာဆိုင်ရာ လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်၍ စီးပွားရေးလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် နေကြောင်း သိရှိရသည်။









0 comments:
Post a Comment