သတင်း မဇ္ဈိမ | ချင်းမိုင်။ ။ ထိုင်းနိုင်ငံ၏ အဓိက လေဆိပ်ကြီးဖြစ်သော သုဝဏ္ဏဘူမိလေဆိပ်သည် အစောဆုံးအားဖြင့် ဒီဇင်ဘာ ၁၅ ရက်ကျမှသာ ခရီးသည်တင် လေယာဉ်များကို ပြန်လည် ဆင်းသက်ပြေးဆွဲခွင့် ပြုနိုင်မှာ ဖြစ်သည်ဟု ထိုင်းလေဆိပ်များ အာဏာပိုင်အဖွဲ့က ပြောကြားလိုက်သည်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကြောင့် လေဆိပ်ကို ပိတ်ထားရသည့်အတွက် ဘတ်သန်း ၃၀၀ ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း လေဆိပ်အာဏာပိုင်အဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ နေရှင်းသတင်းစာ ၀ဘ်ဆိုဒ်က ရေးသားထားသည်။
လေဆိပ်တွင်း ဆန္ဒပြနေခဲ့သူ ဒီမိုကရေစီရေး ပြည်သူ့မဟာမိတ်အဖွဲ့ (ပီအေဒီ) က အင်္ဂါနေ့ ညနေပိုင်းတွင် ကြေညာချက်တရပ် ထုတ်ပြန်ရာတွင် ဆန္ဒပြမှုကို ဗုဒဟူးနေ့နံနက် ၁၀ နာရီတွင် အဆုံးသတ်မည်ဟုလည်း နေရှင်းသတင်းတရပ်တွင် ဖော်ပြထားသည်။
လေဆိပ်အနေဖြင့် အင်္ဂါနေ့တွင် ကုန်တည်လေယာဉ်များကို ပြန်လည်ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ပီအေဒီ ဦးဆောင်သည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများက လွန်ခဲ့သည့် သီတင်းပတ်ကတည်းက လေဆိပ်ကို စီးနင်း ၀င်ရောက်နေရာယူထားခဲ့သည်။
ထိုင်းလေဆိပ်များ အာဏာပိုင်အဖွဲ့နှင့် ပီအေဒီတို့ အင်္ဂါနေ့က တွေ့ဆုံ ဆွေးနွေးမှုအပြီး လေဆိပ်လုပ်ငန်းများ ပြန်လည် လုပ်ဆောင်လာနိုင်မည့် ပြင်ဆင်မှုများ အပြီးတွင် ပြန်လည် ဖွင့်လှစ်နိုင်မည့် ကြေညာချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
အစောပိုင်းက လေဆိပ်အတွင်း ကန့်သတ်နေရာအချို့တွင် ဆက်လက် ဆန္ဒပြမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် အခြေခံဥပဒေရေးရာ တရားရုံးက ပြည်သူ့စွမ်းအားပါတီ အပါအ၀င် ညွှန့်ပေါင်းအစိုးရ၀င် ပါတီ ၃ ခုကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် အောင်မြင်မှု ရရှိပြီးဖြစ်သည့်အတွက် ဆန္ဒပြမှု ရပ်နားမည်ဟု ပီအေဒီ ခေါင်းဆောင်များက သုဝဏ္ဏဘူမိလေဆိပ်တွင် ကြေညာခဲ့သည်ဟု ဆိုသည်။
ပီအေဒီ၏ ကြေညာချက်အရ သုဝဏ္ဏဘူမိနှင့် ဒွန်မောင်းတို့တွင် ဆန္ဒပြမှု အဆုံးသတ်သွားမှာ ဖြစ်သည်။
သုဝဏ္ဏဘူမိလေဆိပ် ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ပိတ်ထားဦးမည်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment