ကိုဒီငြိမ်းလင်းကို အမှုသစ်တခုဖြင့် တရားစွဲဆိုပြန်

Tuesday, December 02, 2008 ·

သတင်း သန်းထိုက်ဦး မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ ထောင် ၁၀ နှစ်ကျော် ကျခံထားရပြီးသားဖြစ်သူ မျိုးဆက်သစ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုဒီငြိမ်းလင်းကို တောင်ဒဂုံမြို့နယ် ရဲစခန်းမှူးက တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှုဖြင့် ယနေ့ ထပ်မံ တရားစွဲဆိုထားသည်ဟု သူ၏ မိခင်က ပြောသည်။

ကိုဒီငြိမ်းလင်း (အသက် ၂၁ နှစ်) အား တောင်ဒဂုံမြို့နယ် ရဲစခန်းမှူး ဦးကျော်ဆန်းဌေးက တရားလိုပြုလုပ်၍ တရားစွဲဆိုထားခြင်းဖြစ်ပြီး တောင်ဒဂုံတရားရုံးတွင် အမှုထပ်မံ ရင်ဆိုင်ရမှာ ဖြစ်သည်။

"ဒီကျောင်းသား သမဂ္ဂဖွဲ့တယ်ဆိုပြီးတော့ စွဲထားတာ" ဟု ဒေါ် ဌေးဌေးဝင်းက မဇ္ဈိမ သို့ ပြောသည် ။

ယမန်နေ့က ဒဂုံမြို့နယ်တရားရုံးက အလားတူအမှုကို ပယ်ဖျက်လိုက်ပြီးနောက် ယခုကဲ့သို့ ထပ်မံတရားစွဲဆိုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယမန်နှစ် စက်တင်ဘာလအတွင်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် လူငယ်များကို ဦးဆောင်ပါဝင်ခဲ့သည့် နိုင်ငံရေး အစဉ်အလာရှိသော မျိုးရိုးမှ မွေးဖွားလာသူ ကိုဒီငြိမ်းလင်းကို စစ်အစိုးရက ထောင်ဒဏ် ၁၀ နှစ်ခွဲ ချမှတ်ခဲ့ပြီ ဖြစ်သော်လည်း ယခုတဖန် အမှုသစ်တခု တိုးလာခြင်း ဖြစ်သည်။

ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ ဘူမိဗေဒ နောက်ဆုံးနှစ် ကျောင်းသား ကိုဒီငြိမ်းလင်းမှာ ယမန်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပါရမီ တိုက်ခန်းတခု၌ အဖမ်းခံခဲ့ရသည်။

ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာတော်များ ဦးဆောင်သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုကြီး ပေါ်ပေါက်နေချိန်တွင် ကိုဒီငြိမ်းလင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို ပြန်လည် ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့သည်။

သူ၏ ဖခင်ဖြစ်သူ ဦးဇော်ဇော်မင်းမှာ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင်တဦးဖြစ်ပြီး ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသူဖြစ်ကာ အဖိုးဖြစ်သူမှာ သာယာဝတီ အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရစဉ် ကွယ်လွန်ခဲ့ရသော ထီးလင်းမဲဆန္ဒနယ် လွှတ်တော်အမတ် ဦးစောဝင်း ဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */