မီးလောင်သည့်ဈေးကြီးအတွင်းသို့ အရပ်သားအဝင်မခံ၊ ကြွင်းကျန်သည့် သံနှင့်သွပ်ကို အာဏာပိုင်မှ အလျှင်အမြန်သယ်

Wednesday, December 03, 2008 ·

သတင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ | မီးလောင်သည့် မော်လမြိုင်မြို့ ဈေးကြီးဧရိယာ အတွင်းသို့ မည်သူတစ်ဦး တစ်ယောက်မျှ မော်လမြိုင်အာဏာ ပိုင်တို့က ဝင်ရောက်ခွင့်မပြု၊ ထိုဧရိယာ အတွင်းသို့ မဝင်နိုင်အောင်လည်း အာဏာပိုင်တို့မှ လုံခြုံရေးချထားသည်ဟု မော်လမြိုင်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး ဆိုင်ရှင်တစ်ဦးက ပြောသည်။

စစ်သား၊ ရဲနှင့် မီးသတ်သမားများသာ ကျန်ရှိသော သံနှင့်သွပ်များကို အရပ်သား များအား အဝင်မခံဘဲ ၄င်းတို့ သာ ကောက်ယူနေသည်။ ၄င်းတို့နှင့် နီးစပ်သူ တစ်ဦးက "သံနှင့် သွပ်တွေကို ဒီနေ့ အပြီးသူတို့ကောက် နေတယ်။ ပြီးတော့ မြို့ပြင်ကို သယ်သွားကြတယ်။ ဘယ်နေရာမှာ ထားလဲဆိုတာတော့ တိတိကျကျတော့ မသိဘူး"။

ယနေ့နံနက် စောစောပိုင်းတွင် ဆိုင်ရှင်အချို့မှ မီးလောင်ပြီးနောက် ကျန်ရှိနေသော ၄င်းတို့ပစ္စည်းကို လာရောက်သယ်ယူကြသော်လည်း နေမြင့်လာသည် နှင့်အမျှ မော်လမြိုင် အာဏာပိုင်တို့က စစ်သား၊ ရဲနှင့် မီးသတ်သမား များကိုသာ ဈေးအတွင်းသို့ ဝင်စေသည်။

အောက်ဈေးတွင် ငါးပိုက်များ၊ ပရိက္ခရာဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်များနှင့် ထိုင်းနိုင် ငံမှ တင်သွင်းသည့် ပစ္စည်းများရောင်းချပြီး မော်လမြိုင်မြို့ရှိ အခြားသော ဈေးများထက် ပစ္စည်းပို၍ စုံသည်ဟု မော်လမြိုင်မြို့ရှိ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးတစ်ဦးက ပြောသည်။

မော်လမြိုင်မြို့ဈေး (အောက်ဈေးကြီး) ရှိ ကုန်ပစ္စည်းမျိုးစုံ ရောင်းချနေသော ဆိုင်ခန်းတစ်ထောင်ကျော်ရှိ၍ မီးစတင်လောင်ပြီး ၄င်းရောက်ရှိသွားသည့်အချိန်တွင် ဆိုင်ခန်းအနည်းငယ် အတွင်းရှိ ပစ္စည်းအနည်းငယ်ကိုသာ မီးဘေးမှ သယ်နိုင်ခဲ့သည်ဟု ဆိုသည်။

အောက်ဈေးကြီးတွင် နှစ်ပေါင်း ၂၀ နီးပါး ပရိက္ခရာရောင်းသည့်ဆိုင်ရှင်တစ်ဦးက "ဆိုင်ခန်း ၄ ခန်းပါသွားတယ်။ ပစ္စည်းတွေ အကုန်လုံး မီးထဲပါသွားတယ်၊ ဘာမှ မကျန်တော့ဘူး၊ ကိုယ့်ကုသိုလ်ကံ၊ သင်္ခါရပဲပေါ့။ ရောဂါရှိလို့ အိမ်ကလူတွေ မခေါ် ကြဘူး၊ ပစ္စည်းဆုံးလို့ တခုခုဖြစ်မှာကို စိုးရိမ်လို့တဲ့"ဟု ပြောသည်။

ဈေးကိုအမှီသဟဲပြုနေသူ လမ်းဘေးဈေးသည် များသည်လည်း မော်လမြိုင်ဈေး မီးလောင်သွားပြီးနောက် ၄င်းတို့၏စားဝတ်နေရေးအတွက် ထမင်းနပ် မမှန်မှာကိုပင် စိုးရိမ်နေကြပြီး ညည်းတွားနေကြသည်ဟု မော်လမြိုင်မြို့ရှိ ဘုန်းတော်ကြီးတစ်ပါးက မိန့်သည်။

ထိုမျှမက ပစ္စည်းကိရိယာစုံလင်စွာဝယ်ယူနေခဲ့ကြသည့် ဈေးကြီးမီးလောင်သွား သည့်အတွက် ကုန်ပစ္စည်း ဈေးတက်မှာကိုပင် စိုးရိမ်နေကြသည်။

ဈေးကြီးအနီးရှိ အချို့အိမ်များမှာ မုဒုံ၊ ပေါင်၊ ကျိုက်မရောမြို့နယ်ရှိ မီးသတ်ကား များ ဝိုင်းဝန်း ငြိမ်းသတ်မှုကြောင့် မီးဟတ် ခဲ့သော်လည်း ဆိုးဆိုးရွားရွား မီးမကူးစက်ခဲ့ချေ။

ထိုဘုန်းတော်ကြီးက "မြို့ပေါ်မှာရှိတဲ့မီးသတ်ကားသာ အချိန်မှီရောက်လာလို့ရှိရင် အခုလိုတောင် ဖြစ်မှာ မဟုတ်ဘူး။" မီးသတ်ကားများရောက်လာချိန်တွင် မီးသတ် ရန်အတွက် ရေနှင့်၎င်းတို့ မီးသတ်စက်အတွက် အချိန်ယူနေရသည်ဟု ဘုန်း တော်ကြီးက မိန့်သည်။

ပရိက္ခရာဆိုင်ရှင်အဆိုအရ မီးစတင်လောင်ချိန်တွင် မီးသတ်ကားတစ်စီး ရောက်လာ သော်လည်း ရေမပါခဲ့ချေ။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */