ရန်ကုန်တိုင်းတွင် မှောင်ခိုလောင်စာဆီဆိုင်များ တရားဝင် ဖွင့်ခွင့်ပြု

Wednesday, December 24, 2008 ·

သတင်း NEJ ခေတ်ပြိုင် | အစိုးရက ရန်ကုန်တိုင်းအတွင်း ခိုးရောင်းနေသည့် ပုဂ္ဂလိကမှောင်ခို လောင်စာ ဆီဆိုင်များကို တရားဝင် ဖွင့်ခွင့်ပြုလိုက်သည်။ ယခု ဒီဇင်ဘာ ဒုတိယပတ်က ရန်ကုန်တောင်ပိုင်းခရိုင်တွင် စတင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟု တောင်ပိုင်းခရိုင် သံလျင်မြို့ခံတဦးက ပြောသည်။

ယခုကဲ့သို့ တရားဝင်ဖွင့်လှစ်ခွင့်ပေးလိုက်သည့်အပေါ် ကျန်သည့် မြောက်ပိုင်းခရိုင်၊ အရှေု့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်တို့ရှိ တရားမ၀င်ခိုးရောင်းနေသည့် အရောင်းဆိုင်များက မကျေမနပ်ဖြစ်နေကြသည်။

“တရားဝင်ခွင့်ပြုတာကို ကျနော်တို့ ကြိုဆိုတယ်။ ဒါပေမယ့် တောင်ပိုင်းခရိုင်မှာ ခွင့်ပြုပြီး ကျန်တဲ့ ခရိုင်တွေမှာ ဘာလို့ခွင့်မပြုရတာလဲ။ ဒါက တမင်တကာ စားပေါက်ရှာတာ” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ မှောင်ခိုဆီ အရောင်းအ၀ယ် ပြုလုပ်နေသူတဦးက ပြောသည်။

“ကျနော်တို့က တလကို မြို့နယ်ရဲ့ နယ်ထိန်းအဆင့် ရဲအရာရှိတွေကို (၁) သိန်းကျော် ပေးနေရတယ်။ တိုင်းအဆင့်၊ ခရိုင်အဆင့်က လူကြီးတွေ ဆင်းလာတာနဲ့ ကြုံရင်တော့ (၆) သိန်းလောက် ပေးရတယ်ဗျ။ များများပေးရလေလေ ရစ်တာ သက်သာလေပဲဗျ။ တရားဝင် ဖွင့်ပေးမှုတွေကို ညီတူညီမျှ လုပ်ပေးသင့်တယ်ဗျာ” ဟု ဗဟန်းမြို့နယ်တွင်းရှိ ဆီဆိုင်တဆိုင်ကို ဦးစီးနေသူက ပြောသည်။

မီးဘေးအန္တရာယ်ကို ကာကွယ်သည့်အနေဖြင့် မှောင်ခိုအရောင်းအ၀ယ်ပြုလုပ်သည့် ဆိုင်များကို မြို့ပြင်သို့ ထုတ်ခြင်းဖြစ်ကြောင်း၊ သို့သော် မည်သည့်အတွက် တရားဝင်ခွင့်ပြုလိုက်သည်ဆိုခြင်းကိုမူ ပြောခွင့်မရှိကြောင်း စွမ်းအင်အရာထမ်းတဦးက ပြောသည်။

သန်လျင်မြို့နယ် တာဝတက္ကသိုလ်အနီးတွင် ဆီဆိုင်များ ပေါပေါလောလောဖြစ်နေသည်ကို တောင်ပိုင်း ခရိုင်မှူးနှင့် ကြံ့ဖွံ့ဥက္ကဋ္ဌတို့ တာဝန်ယူကြောင်း၊ အခုလက်ရှိ သန်လျင်နှင့်သုံးခွတွင် ဆိုင်ပေါင်း (၇) ဆိုင် ဖွင့်ခွင့်ပြုထားကြောင်း သိရသည်။

“ဘယ်ရဲမှ လာမဖမ်းရဲဘူး။ ဒါ ခရိုင်မှူးက တရားဝင်ခွင့်ပြုထားတာ၊ လာဖမ်းတဲ့ရဲ ပြဿနာတက်သွားမှာပေါ” ဟု အရောင်းဆိုင်ဖွင့်ထားသူတဦးက ပြောသည်။

ရောင်းချသည့် ဒီဇယ်ဈေးများမှာ တဂါလန်ကို (၂,၈၀၀) ကျပ်ဖြင့် ရောင်ချပြီး အစိုးရဆိုင်တွင် (၃,၀၀၀) ကျပ် ဖြစ်သည့်အတွက် (၂၀၀) ကျပ်သက်သာကြောင်း၊ ဌာနဆိုင်ရာနှင့်စစ်တပ်က ခွဲတမ်းရဆီများကို လာရောင်း ကြခြင်းဖြစ်ကြောင်း၊ ဆီဆိုင်မှ ၀ယ်သည့်အခါ တဂါလန်ကို (၂,၆၀၀) ကျပ်ဖြင့် ၀ယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်က ခရိုင် (၄) ခရိုင်လုံးမှာ တရားမ၀င်ရောင်းဝယ်နေသည့် ဆိုင်ပေါင်း (၃၀၀) ကျော်ရှိသည်ဟု ၀ါရင့် မှောင်ခိုဆီ အရာင်းအ၀ယ်သမားတဦးက ပြောသည်။

ရန်ကုန်တိုင်းရုံးရှိ ရဲအရာရှိတဦးကမူ ဆိုင်ကြီးပေါင်း (၁၉၀) ကျော်ရှိသည်ဟု ပြောသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */