ရန်ကုန်လှိုင်သာယာမီး သိန်းသောင်းနှင့်ချီဆုံးရှုံး

Wednesday, December 24, 2008 ·

သတင်း NEJ ခေတ်ပြိုင် | ပြီးခဲ့သည့် တနင်္ဂနွေနေ့ည (၈) နာရီခွဲဝန်းကျင်တွင် လှိုင်သာယာစက်မှုဇုန် (၁) အနီးရှိ ဒိုင်းမွန်းစတား ကုမ္ပဏီပိုင် POCLIMK Trading ကုမ္ပဏီဂိုဒေါင်၌ မီးလောင်မှုဖြစ်ပွားပြီး သိန်းပေါင်း သောင်းနဲ့ချီ ဆုံးရှုံးနိုင်သည်ဟု စီးပွားရေးအသိုင်းအ၀န်းမှ ခန့်မှန်းကြသည်။

အဆိုပါ Trading ကုမ္ပဏီကို ဒိုင်းမွန်းစတားကုမ္ပဏီပိုင်ရှင် ဦးကိုကိုကြီးက ပိုင်ဆိုင်ပြီး လှိုင်သာယာတွင် ဂျုံကြိတ် စက်ရုံဖွင့်ထားခြင်းဖြစ်သည်။

မီးလောင်ရခြင်းအကြောင်းရင်းမှာ POCLIMK Trading တွင် မီးပျက်ပါက အသုံးပြုရန် မောင်းသည့် ကိုယ်ပိုင် မီးစက်ရှိပြီး အဆိုပါမီးစက်မှတဆင့် ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်းခြင်းဖြစ်ကြောင်း တာဝန်ကျ လုံခြုံရေးက ပြောသည်။

မီးလောင်မှုကြောင့် ဂိုဒေါင် (၂၀ပေx၁၅၀ပေ) တလုံး၊ အဆိုပါဂိုဒေါင်ထဲတွင်ရှိသည့် မော်တော်ဆိုင်ကယ် (၁၀) စီး၊ ဆန် (၈) တန် အားလုံး မီးလောင်သွားကြောင်း ပြောသည်။

မျက်မြင်သက်သေများ၏ ပြောပြချက်အရ “မီးလောင်တာက ညနေ (၈) နာရီခွဲလောက်ကပဲ လောင်တာ၊ မီးငြိမ်းတာ (၂၁-၁၂-၀၈) ည (၁၂) နာရီကျော်လို့ (၂၂-၁၂-၀၈) ကို ရောက်နေပြီ။ နေ့ကူးသွားတာ (၁၂) နာရီခွဲကျော်မှာမှ ငြိမ်းတာ” ဟု ပြောသည်။

မျက်မြင်သက်သေများ၏ ပြောပြချက်အရ မီးသတ်ကား အစီး (၃၀) ခန့်လာသည်ဟု ပြောသည်။

အဆိုပါ မီးလောင်မှု၏ ဆုံးရှုံးမှုတန်ဖိုးမှာ ကာလတန်ဖိုးအရ သိန်းပေါင်း သောင်းနဲ့ချီရှိမည်ဟု ကုမ္ပဏီ အသိုင်းအ၀န်း က ခန့်မှန်းပြောဆိုသော်လည်း အစိုးရကမူ တန်ဖိုး သိန်း (၅၀) ခန့်သာ ဆုံးရှုံးသည်ဟု တွက်ချက်ထားကြောင်း သိရသည်။

မီးလောင်မှုများ မြန်မာနိုင်ငံတ၀န်း ဖြစ်နေသည့်အနက် ရန်ကုန်မြိုတွင် မီးလောင်ရခြင်း၏ အဓိကရင်းမြစ်မှာ လျှပ်စစ်မီးမယောဂကြောင့် အဖြစ်များသည်ဟု မီးသတ် အရာထမ်းတဦးက ပြောသည်။

“၂၀၀၈ ခုနှစ်ကတော့ မကြာခင်ကုန်တော့မယ်။ နှစ်စဉ် ဇန်န၀ါရီကနေ မတ်လထိ ကာလဟာ မီးလောင်များတဲ့ ကာလတွေပါ။ ၂၀၀၉ ခုနှစ်ရဲ့ ဇန်န၀ါရီကနေ မတ်လထိ ကာလတွေမှာ ဒီလို မီးပျက်နေပုံနဲ့ လူတွေ ပေါ့စတာ နဲ့တော့ မတွေးရဲဘူး” ဟု အဆိုပါ အရာထမ်းက ပြောသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */