မြန်မာနိုင်ငံမှာ အလုပ်အကိုင် ပေါများဟု ဗိုလ်ချုပ်ကြီး သိန်းစိန် ပြောဆို

Thursday, December 04, 2008 ·

သတင်း ဧရာဝတီ | စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က နိုင်ငံတကာသို့ သွားရောက် အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံ သားများ အနေနှင့် အလုပ်လက်မဲ့ ဖြစ်ပြီး မြန်မာ ပြည်သို့ ပြန်လာ ရသည့်တိုင် ပြည်တွင်း၌ အလုပ်အကိုင်များ အသင့် ရှိနေကြောင်း ပြောကြားသည်။

ဒီဇင်ဘာ ၁ ရက်နေ့က နေပြည်တော်တွင်ကျင်းပခဲ့သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန် အမယ် များတိုးမြှင့် ထုတ်လုပ်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲတွင် ဗိုလ်ချုပ်ကြီး သိန်းစိန်က အလုပ်အကိုင် အဆင် မပြေ ၍ သက်ဆိုင်ရာ နိုင်ငံ လုပ်ငန်းခွင်မှ ၎င်းမြန်မာနိုင်ငံသားများအား ပြန်ပို့လာပါက မြန်မာနိုင်ငံတွင်ပင် သန်းနှင့် ချီသော အလုပ်သမားများလိုအပ်နေသည့် အလုပ်အကိုင်အခွင့်အလမ်းများ အဆင်သင့်ရှိကြောင်း ပြောဆိုသည် ဟု ဒီဇင်ဘာ ၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာက ဖော်ပြထားသည်။

ဗိုလ်ချူပ်ကြီးသိန်းစိန်က အနောက်နိုင်ငံများတွင် ဖြစ်ပွားနေသည့် ငွေကြေးအခက်အခဲပြဿနာသည် မြန်မာနိုင်ငံ သို့ တိုက်ရိုက်ထိခိုက်မှု အလွန်နည်းပါးကြောင်း၊ အနောက်နိုင်ငံများ၏ တဖက်သတ် စီးပွားရေး ပိတ်ဆို့ထားသည့် ကြားကပင် တိုင်းရင်းသား အားလုံး စည်းလုံး ညီညွတ်စွာဖြင့် ခွန်အားစိုက်ထုတ်လုပ်ကိုင်မည်ဆိုပါကလုပ်စရာ လုပ်ငန်း များစွာရှိသည်ဟု ပြောကြားကြောင်းလည်း သတင်း စာက ဖော်ပြသည်။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များကမူ မြန်မာနိုင်ငံမှ တရုတ်၊ အန္ဒိယ၊ ထိုင်းနိုင်ငံများသို့ အဓိကတင်ပို့နေ သည့် ပဲနှင့်ဆန်မှာ တင်ပို့မှု ကျဆင်းသည့်အတွက်ကြောင့် လာမည့်နှစ်အတွင်း မြန်မာနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကိုပါ ထိခိုက်နိုင်သည်ဟု ပြောဆိုကြသည်။

လန်ဒန်အခြေစိုက် စီးပွားရေးမဂ္ဂဇင်း၏(Economist Intelligence Unit-EIU)က ပြုစုသော အစီရင်ခံစာ တရပ် တွင်လည်း ရှေ့ လာမည့် နှစ်မှ စပြီး ကမ္ဘာ့စီးပွားရေးအကြပ်အတည်းကြောင့် မြန်မာနိုင်ငံမှပြည်ပသို့ စားသောက် ကုန် တင်ပို့မှုသည် လျော့ကျ သွားနိုင်ကြောင်း ဖော်ပြထားသည်။

ဗိုလ်ချူပ်ကြီးသိန်းစိန်ကမူ လယ်ယာလုပ်ငန်းခွင် တခုတည်းနှင့်ပင် အလုပ်သမား သန်းချီ လိုအပ်နေပြီး တခြား သော ဆီအုန်း၊ ရာဘာ၊ ကျွန်း စိုက်ခင်းများနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ဆားလုပ်ငန်းများတွင် အလုပ်သမားများစွာ လုပ်ကိုင်ရန် လိုအပ် လျှက်ရှိသည်ဟု ပြောကြားထားသည်။

ပြည်ပသို့ တရားဝင် စေလွှတ်သူအလုပ်သမား ၄၆၀၅၇ သာရှိကြောင်း၊ တရားမ၀င်သွားရောက် လုပ်ကိုင်နေသည့် အလုပ်သမားများမှာ ၂ သန်း ခန့်ရှိ ကြောင်း၊ သက်ဆိုင်ရာနိုင်ငံများက အလုပ်ရုံပိတ်သိမ်းခြင်း၊ အလုပ်သမား လျှော့ချခြင်းများကြောင့် မြန်မာနိုင်ငံသို့ ပြန်လာ နိုင်သည့် အလုပ်သမား ၅ သိန်း ထက်မပိုနိုင်ကြောင်း၊ ၎င်းတို့ အတွက် နေထိုင်စရာနှင့် အလုပ်အကိုင်များ အသင့်ရှိကြောင်း ဗိုလ်ချူပ်ကြီး သိန်းစိန်၏ ပြောဆိုချက်ကိုလည်း သတင်းစာက ထည့်သွင်း ဖော်ပြထားသည်။

သို့သော် မြန်မာ့အရေး ကျွမ်းကျင်သူများက“စစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေ ဒီအတိုင်း ဆက်သွားနေရင် အဲဒီ အလုပ်သမားတွေအားလုံး အဓမ္မ လုပ်အားပေး အခိုင်းခံရသူတွေ ဖြစ်သွားဖို့ပဲရှိတယ်”ဟု သုံးသပ်နေကြသည်။

မြန်မာ့ စီးပွားရေး လေ့လာသူ ဦးအောင်သူငြိမ်း ကလည်း“နိုင်ငံခြားမှာရှိနေတဲ့ ရွေ့ပြောင်းမြန်မာအလုပ် သမား တွေ က အလုပ်လက်မဲ့ ဖြစ်ခဲ့မယ်ဆိုရင် မြန်မာပြည်မှာရှိနေတဲ့ သန်းပေါင်းများစွာသော လူတွေအနေနဲ့ ထိခိုက် နိုင်ပါ တယ်၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားမှာ ရှိနေတဲ့ မြန်မာအလုပ်သမားတွေကပဲ သူတို့အိမ်မိသားစု ဝင်တွေကို ပိုက်ဆံပို့ ပေးနေရတဲ့အတွက်ဖြစ်တယ်”ဟု ပြောဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားဝင်ငွေအနေနှင့် ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ ရောင်းချမှုအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ၂.၅ သန်း ခန့် ရရှိခဲ့သို့သော်လည်း ယခုနှစ်အောက်တိုဘာ လမှစပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းဈေး မှာ ထက်ဝက်ကျော်ကျဆင်းခဲ့သည့် အတွက် မျှော်မှန်းထား သည်ထက် နိုင်ငံခြားဝင်ငွေ လျော့နည်းဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */