ရွှေလီ ကျောက်မျက် ရတနာပြပွဲ အရောင်းအ၀ယ်အေး

Thursday, December 04, 2008 ·

သတင်း ကိုစိုး ဧရာဝတီ | တရုတ်-မြန်မာ နယ်စပ်မြို့ ဖြစ်သော ရွှေလီမြို့တွင် ပြုလုပ်သည့် ကျောက်မျက် ရတနာပြပွဲကို ယမန်နေ့က စတင် ကျင်းပရာ အရောင်း အ၀ယ် နည်းပါးကြောင်း ကျောက်မျက် ရောင်းဝယ် သူများက ပြောသည်။

ရွှေလီမြို့ရှိ နှစ်နိုင်ငံ ကုန်စည်ပြပွဲ ကျင်းပရာ အဆောက်အအုံတွင် မြန်မာနိုင်ငံထွက် ကျောက်စိမ်း အဓိကနှင့် ပတ္တမြား၊ နီလာ အစရှိသော ကျောက်မျက်ရတနာ ပြပွဲကို တရုတ်နိုင်ငံဘက်က ဦးစီးကျင်းပခြင်းဖြစ်သော်လည်း အရောင်း အ၀ယ် အသေအချာဖြစ်သည်ကို မတွေ့ရှိရကြောင်း ပြပွဲသို့ သွားရောက်ခဲ့သည့် ရွှေလီမြို့မှ ကျောက် အရောင်း အ၀ယ်သမား တဦးကပြောသည်။

“မနေ့က မော်ဒယ်ရှိုး ပြပွဲတွေဘာတွေနဲ့ ဖွင့်ပွဲလုပ်တယ်၊ လူတွေကတော့ ကြိတ်ကြိတ်တိုးနေတာပဲ၊ ဆိုင်ခန်းယူပြီး ရောင်းနေတဲ့ လူအများစုပြောတာကတော့ လာပြီးတော့ ကြည့်ပြီး ဈေးမေး ပြန်ကြတာ များတယ်တဲ့၊ ဟုတ်တိ ပတ်တိ ဈေးဦးကို မပေါက်ဘူးတဲ့၊ တခြား နိုင်ငံခြားသားတွေလာတာလည်း မတွေ့ဘူး”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

ဒီဇင်ဘာ ၃ ရက်နေ့က စတင်သည့် ယင်းကျောက်မျက်ပြပွဲတွင် မည်သူမဆို ပြပွဲ အစအဆုံး ၄ ရက်အတွက် ဆိုင်ခန်း တခန်းလျှင် ယွမ် ၃၀၀၀ ပေး၍ ၀င်ရောက် ပြသရောင်းချနိုင်ကြောင်း၊ သို့သော် ပြပွဲဦးစီးသည့် တရုတ် အာဏာပိုင်သို့ ရောင်းရငွေမှ ၅ ရာခိုင်နှုန်း အခွန်ပေးဆောင် ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တချို့သော တရုတ်ပြည် ဘေဂျင်း၊ ဟောင်ကောင် ၊ ထိုင်ဝမ် စသည်တို့မှ လာရောက်သည့် ကျောက်ကုန်သည် များ က အခွန် မပေးဆောင် လိုသည့် အတွက် ပြပွဲပြင်ပတွင် အရောင်းအ၀ယ်ပြုလုပ်မှုများ ရှိသည်ဟု လည်း သိရသည်။

အဆိုပါကျောက်မျက်အများစုသည် မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ တရားမ၀င်တင်သွင်းလာခြင်း ဖြစ်ပြီး ကချင် ပြည်နယ် ကျောက်တွင်းများမှ ကျောက်မျက်အများစု ဖြစ်ကြောင်း ရွှေလီမြို့ဒေသခံ ဦးအောင်ကျော်ဇော က ပြောသည်။

မြန်မာကျောက်အရောင်းအ၀ယ်သမားတဦးကလည်း တရုတ်အာဏာပိုင်များက တရားမ၀င် ကျောက်မျက်များကို အခွန်ငွေယူ၍ ပြပွဲတွင် ပြသရောင်းချခွင့်ပြုထားသည်ဟု ပြောဆိုသည်။

“ကျနော်တွေ့ခဲ့တာ အဓိက များတာက ပန်းပု ထုပြီးသား အထည်တွေနဲ့ နောက် အပွင့်လေးတွေကို ဦးစားပေး ရောင်းတာပါပဲ၊ မြန်မာပြည်က လာတဲ့ အရိုင်းတုံး ဖြတ်သားတို့ ဘာတို့တောင် ကောင်းကောင်း မတွေ့ရဘူး၊ အဲဒါ တွေကတော့ အောက်မှာ ဗန်းခင်းရောင်းကြတယ်”ဟု ရွှေလီမြို့ခံ ကျောက်အရောင်းအ၀ယ်သမားက ဆိုသည်။

ယခု ကျောက်မျက်ပြပွဲတွင် တရုတ်ကျောက်ကုန်သည် ၂၀၀ ကျော်ပါဝင်ပြီး မြန်မာ ကျောက်ကုန်သည်များနှင့် ကျောက်မျက် ကုမ္ပဏီ တချို့ ပါဝင်ပြသကြောင်းနှင့် ပထမဆုံးအကြိမ်ပြပွဲဖြစ်ကြောင်း သိရသည်။

ကျောက်အရောင်းအ၀ယ်သမားများစွာက ဆိုင်ခန်းခ ယွမ် ၃၀၀၀ မှာ များပြားသောကြောင့် ပြပွဲသို့ ၀င်ရောက် ပြသမှု မပြုလုပ်ဟုလည်း ဆိုသည်။

ကမ္ဘာ့ငွေကြေး အကြပ်အတည်း ဖြစ်ပွားပြီးနောက်ပိုင်း ဘေဂျင်း၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှ ကျောက်ကုန်သည် များသည် လာရောက် အရောင်းအ၀ယ် မပြုလုပ်ကြသောကြောင့် တရုတ်မြန်မာ နယ်စပ် ကျောက်ဈေးကွက် ကို ထိခိုက်မှုရှိခဲ့ကြောင်း ကျောက်အရောင်းအ၀ယ်သမားများက ပြောသည်။

ယင်းသို့ ကျောက်ဈေးကွက် ထိခိုက်သည့်အတွက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ပုဂ္ဂလိက ကျောက်မျက် ကုမ္ပဏီများမှာ ကျောက်တူး လုပ်ငန်း ခေတ္တ ရပ်ဆိုင်းထားကြရသည်ဟုလည်း တရုတ်-မြန်မာနယ်စပ် ဒေသခံ တဦးက ပြောဆိုသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */