မဟာမိတ်တပ်ဖွဲ့နယ်မြေကြား နအဖစစ်တပ် ဖြတ်တောက်ရန်ကြိုးပမ်း၊ နှစ်ဘက် အပြိုင်အဆိုင်အင်အားဖြည့်တင်း

Thursday, December 04, 2008 ·

သတင်း သျှမ်းသံတော်ဆင့်| သျှမ်းပြည်အရှေ့ပိုင်း အပစ်ရပ် အထူးဒေသ ၂ - ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ UWSA နှင့် အပစ်ရပ် အထူးဒေသ 4 NDAA မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေကြား နအဖစစ်တပ် လက်ဦးရ ဖြတ်တောက်ရန်ကြိုးပမ်းမှုကြောင့် အပြိုင်အဆိုင် အင်အားဖြည့် တင်းမှုရှိနေကြောင်း နယ်စပ် သတင်းရပ်ကွက်ကဆိုသည်။


အထူးဒေသ 2 - ၀ ပြည်သွေး စည်းညီညွတ်ရေး တပ်ဖွဲ့ UWSA နှင့် အထူးဒေသ 4 NDAA မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ ပြမြေပုံ

ကျိုင်းတုံမြို့နယ် အရှေ့မြောက်ဘက် ၁၀၂ ကီလိုမီတာခန့် အကွာရှိ မိုင်းယန်းမြို့မှ အရှေ့မြောက် အရပ်သို့ ဖြန့်တက်လာသည့် နအဖ စစ်တပ်အင်အားတားဆီးရန် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် အပစ်ရပ် ၀တပ်ဖွဲ့နှင့် မိုင်းလား တပ်ဖွဲ့တို့က ၄င်းတို့၏ စစ်အင် အားများ တိုးချဲ့ ချထားခြင်း ဖြစ်သည် ဟုဆို၏။

“ ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ကစပြီး နအဖစစ်တပ်တွေတက်လာတာ တဲ့။ ပြီးတော့ နအဖထောက်လှမ်းရေး လို့ထင်ရတဲ့ မျက်နှာစိမ်းတွေလည်း မကြာခဏတွေ့ရတယ်တဲ့ ” - ၀တပ်ဖွဲ့နှင့်ရင်းနှီးသည့် ကျိုင်းတုံ-မိုင်းလား ကားဆရာတစ်ဦးက ပြောပြ သည်။

“တကယ်လို့ ၀ နဲ့ မိုင်းလား အဓိက ဆက်သွယ်ရေး လမ်းကြောင်းကို နအဖစစ်တပ်က ဖြတ်နိုင်လို့ရှိရင် မိုင်းလားကလည်း တကိုယ် တည်း ဖြစ်သွားမယ်။ ၀ ကလည်း ထွက်ပေါက် ရှိတော့မှာမဟုတ်ဘူး” ဟုလည်း အဆိုပါ ကားဆရာက သုံးသပ်ပြ ၏။

အပစ်ရပ်ဝတပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေ၏အနောက်ဘက် သံလွင်မြစ်တစ်ဘက်ကမ်း၊ မြောက်ဘက် နမ့်တင်ချောင်း တောင် ဘက် နမ့်ခါချောင်းအောက်ခြမ်းတစ်လျှောက်တို့တွင် နအဖစစ်တပ်က နေရာယူထား၏။ အရှေ့ဘက်တွင်မူ တရုပ် နယ်စပ်ဖြစ် ပြီး၊ တောင်ဘက်ခြမ်း မိုင်းဖျန် ဟိုတောင်းနှင့် မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်ဖြစ်သော ဆီလူးတို့တို့ နအဖစစ်တပ် ထပ်မံသိမ်းပိုက် နေရာယူ လိုက်ပါက မဟာမိတ်တပ်ဖွဲ့နှစ်ဖွဲ့ကြား အဆက်အသွယ် ပြတ်တောက်သွားနိုင်၏။ ၄င်းအပြင် ရွှေတြိဂံနယ်မြေ (မဲခေါင် မြစ်) သို့ ထွက်သည့်လမ်းလည်း ပိတ်သွားနိုင်သည်ဟု သျှမ်းပြည်နိုင်ငံရေးလေ့လာသူ တစ်ဦးကသုံးသပ်၏။

အပစ်ရပ်အထူးဒေသ ၂ - ၀တပ်ဖွဲ့ထိန်းချုပ်နယ်မြေ မိုင်းပေါက်မြို့နယ် မိုင်းဖျန် ဟိုတောင်းအုပ်စုနှင့် အပစ်ရပ် အထူးဒေသ 4 NDAA မိုင်းလားအဖွဲ့ ထိန်းချုပ်နယ်မြေ တပ်မဟာ ၃၆၉ ဌာနချုပ် ဆီလူးအုပ်စုတို့ကို အလိုရှိနေသော နအဖစစ်အုပ်စုကမိုင်းယန်း မြို့နယ်အောက် သတ်မှတ်ထားသဖြင့် ၀ တပ်ဖွဲ့နှင့် မိုင်းလား တပ်ဖွဲ့ကို ထိုဒေသမှထွက်သွားစေလိုသောကြောင့် စစ်အင်အား ဖြန့်ကျက် နေရာယူလာခြင်း ဖြစ်သည်။ ၄င်းတို့ထိန်းချုပ်နယ်မြေကြား ဖြတ်တောက်မှုကိုမလိုလားသော ၀ နှင့် မိုင်းလားတပ်ဖွဲ့ ကလည်း စစ်အင်အား ပြန်လည် တိုးချဲ့ဖြည့်တင်းထားသဖြင့် ဒေသအချို့တွင်ပင် ပစ်ခတ်သံကြားနေရသည်ဟုလည်း ဒေသခံများ က ဆို၏။ သို့သော် သျှမ်းသံတော်ဆင့် အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */