ရန်ကုန် ဓာတ်ငွေ့စက်ရုံ မီးလောင်

Friday, December 19, 2008 ·

သတင်း သန်းထိုက်ဦး မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်ရှိ အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင် ဓာတ်ငွေ့စက်ရုံတွင် ယနေ့ မွန်းလွဲပိုင်းက မီးလောင်မှုတခု ဖြစ်ပွားခဲ့သည်။

ဗိုလ်တထောင်မြို့နယ် လင်းစဒေါင်း ရပ်ကွက်အတွင်း ဆောက်လုပ်ထားသည့် မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း အမှတ် (၁) ဓာတ်ငွေ့စက်ရုံတွင် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်မှ စတင်ကာ၊ မီးလောင်မှုမှာ မိနစ် ၂၀ ခန့် ကြာမြင့်သည်။

"အတွင်းပိုင်းထဲမှာ ဖြစ်တာဗျ။ အဲဒီတော့ အနေထားကိုတော့ အသေချာ မမြင်ရဘူး။ အရမ်းကြီးတော့ မကြီးဘူး။ ဂက်စ်ပိုက်လိုင်း ပေါက်ပြီးလောင်တာလို့ ပြောနေကြတယ်။ တခုရှိတာက ဒီစက်ရုံက အစိုးရ ဓာတ်ငွေ့စက်ရုံ။ နောက်ပြီးတော့ လူနေရပ်ကွက်ထဲမှာ ဆောက်ထားတာ" ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ဗိုလ်တထောင်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတဦးက ''အဲဒီဘက်မှာ မီးစလောင်တယ်လို့ ပြောတာပဲ။ ကျနော်တို့လည်း အတိအကျ မရသေးဘူး။ ကျနော်တို့ဆီက လူတွေလည်း သွားကြတာ၊ ပြန်မရောက်သေးဘူး'' ဟု ပြောသည်။

ရန်ကုန် ဗဟိုမီးသတ်တပ်ဖွဲ့မှ အရာရှိတဦးကလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြု ပြောဆိုသည်။

သို့သော် မည်ကဲ့သို့ မီးလောင်ခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရရှိမှု ရှိ၊ မရှိနှင့် မည်ရွေ့မည်မျှ ပျက်စီးဆုံးရှုံးကြောင်းကိုမူ သူတို့အားလုံးက မသိကြပါ။

စက်ရုံအနီးရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ ၀န်ထမ်း အမျိုးသမီးတဦးက ပေါက်ကွဲသံတခု ကြားခဲ့ရသည်ဟု ဆိုသည်။

သူက ''ကျမ ပေါက်ကွဲသံကြားတယ်ရှင့်။ ဂက်စ်စလဲန်ဒါ ပေါက်တယ်လို့ လူတွေကတော့ ပြောကြတာပဲ။ အတိအကျတော့ မသိဘူးရှင့်'' ဟု ပြောသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ရန်ကုန်မြို့ရှိ လူသိများသော ယုဇနပလာဇာ၏ ရှေ့မျက်နှာစာ အခန်းများ မီးလောင်မှု ဖြစ်ပွားရာ ဆိုင်ခန်း ၄ ခန်း လောင်ကျွမ်းပျက်စီးခဲ့သေးသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */