သတင်း ကွန်းဟဒေ့ လွတ်လပ်သောမွန်သတင်းအေဂျင်စီ | ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများအတွက် ၂၀၀၈ စက်တင်ဘာလမှ စတင်ကာ လာမည့် ၂၀၀၉ ဖေဖော်ဝါရီလအထိ မြန်မာအစိုးရမှ ပြုလုပ်ပေးမည့် နိုင်ငံကူးလက်မှတ်များကို ထိုင်းနိုင်ငံအတွင်းရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများက အယုံအကြည်မရှိ၍ ယခုချိန်အထိပင် ပြုလုပ်သူအလွန်ပင်နည်းပါးသည်ဟု ၄င်းတို့က ဆိုသည်။
``ကျွန်တော်သိသလောက်တော့ ကျွန်တော်တို့အလုပ်ရုံက အလုပ်သမားတွေ တယောက်မှ မဖြည့်ကြဘူး``ဟု ထိုင်းနိုင်ငံမဟာချိုင်မြို့တွင် အလုပ်လုပ်နေသော မွန်အလုပ်သမားတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင် စီကို ပြောပြခဲ့သည်။
ဖောင်စာရွက်များကို အလုပ်ရှင်များက ပေးထားကြသော်လည်းပဲ အလုပ်သမား ၁၀ ယောက်လျှင် တစ်ယောက် ဖောင်ဖြည့်ဖို့ အင်မတန်မှနည်းသည်ဟု ၄င်းကဆက်ပြီးပြောပြခဲ့သည်။ အကယ်၍အစိုးရအာဏာပိုင်များမှ နေရပ် လိပ်စာကို သိခဲ့မည်ဆိုလျှင် အိမ်သွားပြီး ခင်ဗျားတို့သားသမီးတွေက ထိုင်းနိုင်ငံကို ခိုးသွားတယ်ဟု ပြောပြီးလျှင် ပိုက်ဆံတောင်းမည် စိုးရိမ်သည်ဟု ဘန်ကောက်မှ မြန်မာရွေ့ပြောင်း အလုပ်သမားတစ်ဦးက ပြောသည်။
``ဖောင်ဖြည့်တဲ့နေရာမှာ မှတ်တင်ပုံတင်အမှတ်၊ နေရပ်လိပ်စာအတိအကျဖြည့်ရတယ်ဆိုတော့ သိပ်ပြီးတော့ အယုံအကြည်မရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အစိုးရအာဏာပိုင်တွေက နေရပ်လိပ်စာအတိအကျသိပြီးဆိုတာနဲ့ အိမ်သွားပြီး လွှဲပေးထားတဲ့ပိုက်ဆံကနေ ထက်ဝက်ကို သူတို့တောင်းမှာစိုးရိမ်လို့ မလုပ်ဘူး`` ဟု ဘန်ကောက် အထည်စက်ရုံရှိ ထားဝယ်အလုပ်သမားတဦးက ဆိုသည်။
ကျွန်တော်တော့မလုပ်ရဲဘူး၊ ကျွန်တော်ု့နိုင်ငံက အစိုးရက တခြားနိုင်ငံက အစိုးရတွေနှင့်မတူဘူး၊ သိသည့် အတိုင်း ပင် မှောက်ချင်ရင်မှောက် လှန်ချင်လှန် သူတို့သဘောလုပ်ချင်တိုင်းလုပ်နေကြသည်ဟူ၍လည်း စားသောက်ဆိုင် တစ်ခုတွင် စာရေးအလုပ်သမားတစ်ဦးက ပြောပြခဲ့သည်။
၂၀၀၆ ခုနှစ်တွင်လည်း တစ်ခါဖောင်ဖြည့်၍ ပေးခဲ့သော်လည်း မည်သည့်သတင်းမကြားပဲ ပျောက်ဆုံးသွားခဲ့ သော ကြောင့် ယခုအချိန်တွင် ဤနှစ်အတွင်း ပြုလုပ်သည့် နိုင်ငံကူးလက်မှတ်ကိုလည်း အယုံအကြည်မရှိတော့ ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်အထည်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသော ဗမာအလုပ်သမားတစ်ဦးက ပြောပြခဲ့သည်။
နိုင်ငံကူးလက်မှတ်ကို ရွှေ့ပြောင်းအလုပ်သမားများ အယုံအကြည်မရှိဟုဆို
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment