ရာသီဥတု မဖောက်ပြန်ပါက ယခုနှစ် ကယားပြည်တွင် ဘိန်းအထွက်တိုးမည်

Wednesday, December 03, 2008 ·

သတင်း သျှမ်းသံတော်ဆင့် | သျှမ်းပြည်ကဲ့သို့ ယခုနှစ်အတွင်း ကယားပြည်တွင် ဘိန်းစိုက်ပျိုးမှု တိုးပွါး လာကြောင်း၊ ရာသီဥတု ဖောက်လဲဖောက် ပြန်မရှိခဲ့ပါ က အထွက်တိုးမည့်အခြေအနေရှိကြောင်း KADAC ကရင်နီ မူးယစ်ဆေးဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှုကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။


KADAC ကထုတ်လုပ်သော ကရင်နီ ပြည်နယ် ဘိန်းတိုးချဲ့ စိုက်ပျိုးသော နယ်မြေ ဒေသများပြ မြေပုံ
နမ့်ပွန်ချောင်းအနောက်ဘက်ခြမ်း လွိုင်ကော်၊ ဒီမောဆိုးနှင့် အရှေ့ခြမ်းရှိ ရှားတောမြို့နယ် စုစုပေါင်း ၃ မြို့ နယ်တွင် ယခုနှစ်ဘိန်း ကျယ်ကျယ် ပြန့်ပြန့်စိုက်ပျိုးလာသည်ဟုဆို၏။ စစ်အာဏာပိုင်များ ဘိန်းခင်း ဖျက်ဆီးသော်လည်း အနည်းအကျဉ်း သာဖြစ်သည် ဟုဆို၏။

“ရှားတောမှာ ၄၇ ရွာစိုက်တာ ၁ ရွာဘဲဖျက်တယ်၊ ၁၀ ဧက လောက် ပျက်စီးတယ်၊ ဒေသခံအာဏာပိုင်တွေ မဟုတ်ဘူး၊ နေပြည်တော် က လာတယ်လို့ပြောတယ်၊ ဒေသခံ အာဏာပိုင် တွေကတော့ ဘိန်းခင်းခွန် ကောက်စားထားလို့ ဘာအနှောင့် အယှက်မှမပေးဘူး ” ဟုလည်း ဘိန်းစိုက်တောင်သူတစ်ဦးက ပြောသည်ဟု ဖော်ပြထားသည်၊

“အဲဒီဘက်မှာ များသောအားဖြင့် ဖယ်ခုံမှာအခြေစိုက်တဲ့ စကခ ၇ က လှုပ်ရှားတယ် ” ဟု လည်း စစ်ရေးလေ့ လာသုံးသပ်သူ တစ်ဦးက ပြောပြသည်၊

နအဖစစ်အစိုးရသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်း ၁၅ နှစ်လျာထားသည်ဟုဆိုသော်လည်း ယခုချိန် အထိ အပစ်ရပ် နယ်မြေအတွင်းသာ လုပ်ငန်းအကောင်အထည်ဖော်နိုင်သည်ဟု မူးယစ်ဆေးဝါး စောင့်ကြည့် လေ့လာသည့် အဖွဲ့က ပြောသည်၊

“ ၁၉၉၉-၂၀၀၄ က ပထမသုတ်။ ၂၀၀၄-၂၀၀၉ က ဒုတိယသုတ်နဲ့ ၂၀၀၉ -၂၀၁၄ တတိယသုတ်ဆို ပြီး ၃ သုတ်ခွဲ ထားတာ တွေ့ ရတယ်၊ ဒါပေမဲ့ ၁၉၉၉-၂၀၀၉ အထိ စစ်အစိုးရရဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးစီမံကိန်းက ထိထိရောက်ရောက် အောင်မြင် အောင် မတိုက်ဖျက်နိုင်ခဲ့ဘူး၊ အပစ်ရပ်နယ်မြေအချို့မှာဘဲ သူတို့ ရှင်းနိုင် ခဲ့တယ်၊ ၂၀၀၉-၂၀၁၄ တတိယပိုင်းစီမံကိန်းမှာ ကယားပြည် လွယ်ကော်နဲ့ ဒီမောဆိုးမြို့နယ်ဘဲလျာထားတယ်၊ ဒီနှစ် ဘိန်းဧကများတဲ့ ရှားတောမပါဘူး ဆိုတော့ စစ်အစိုးရရဲ့ စီမံကိန်းဟာ ပြည်သူလူထုအတွက် ဟာသ ဖြစ်နေတယ်” ဟု ဆက်ပြောပြသည်၊

ကယားပြည်နယ် ဘိန်းစိုက်ပျိုးသည့် ၃ မြို့ နယ်အနက် ရှားတောအတွင်း တောတောင်လျှိုမြောင်၊ ချောက် ကမ်းပါးပါ မကျန် ဘိန်းစိုက်ပျိုး၏။ ဒီမောဆိုးမြို့တွင်မူ တောင်ကုန်းများတွင်သာ စိုက်ပျိုးပြီး လွိုင်ကော်တွင် တောင်ကုန်းမြေပြန့် လယ်ယာအတွင်း စိုက်ပျိုးသည်ဟု KADAC က ဖော်ပြထားသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းပြင်းတွင် ယခုနှစ် ဘိန်းသစ်ရောင်းဝယ်သည့် အစိမ်းဈေးနှုန်းမှာ ၁ ပိဿာ ကျပ် ၄၅၀၀၀၀ ဘိန်းဟောင်းတစ်ပိဿာ ကျပ် ၇၈၀၀၀၀ အပြင် ရာဘတစ်ပြား ကျပ် ၁၅၀၀မှ ကျပ် ၂၀၀၀၊ ဆေးတောင့် (ကက်ပ်ဆူး) သွင်းရောင်းသော ရာဘဆေးမှုန့် တစ်တောင့်ကျပ် ၂၃၀၀ ရှိသည်ဟု ဆိုပါသည်။ ကယားပြည်တွင်လည်း ၂၀၀၈ နှစ်လယ် ဘိန်း ပေါက်ဈေး တစ်ပိဿာကျပ် ၄၅၀၀၀၀ ရှိပြီး နိုဝင်ဘာလနှောင်းပိုင်း တစ်ပိဿာ ကျပ် ၅၄၀၀၀၀ သို့ ထိုးတက်သွားသည်ဟု ဆို၏။ ရာဘ ပေါက်ဈေးမှာ တစ်ပြားကျပ် ၄၀၀ နှင့် ၅၀၀ ကြားတွင်ရှိသည်ဟုဆိုပါသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */