သတင်း ဇာနည် မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ ကလေးသူငယ်များ ပါဝင်ဆင်နွဲကြသော ကလေး သူငယ်များအား ကူးသန်းရောင်းဝယ်မှု ပပျောက်ရေး အထိမ်းအမှတ်ပွဲ တခုကို ထိုင်းနယ်စပ် မဲဆောက်မြို့တွင် ယနေ့ သောကြာနေ့တွေ ပြုလုပ်ခဲ့ကြသည်။
ထိုင်း နိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ရင်သွေး ၂၀၀၀ ကျော်က ကလေးကူးသန်းရောင်းဝယ်မှု တားဆီးရေး ပိုစတာများ ဆောင်ပုဒ်များကို ကိုင်ဆောင်၍ ဆာသူးလေ ကျောင်းနှင့် ၃ ကီလိုမီတာခန့် ဝေးသော နေရာမှ ကျောင်းအထိ စီတန်းလမ်းလျှောက်ကြပြီး ကျောင်းဝင်းတွင်းတွင် ကလေးများ ကိုယ်တိုင် ဦးစီး တင်ဆက်သော ပြဇာတ်၊ သီချင်းများ၊ ဒုံးယိမ်းအကများ အားကစား ပြိုင်ပွဲများနှင့် ကလေးသူငယ် ကူးသန်း ရောင်းဝယ်မှုများအကြောင်း ပညာပေး ပြခန်းများကို ပြသခဲ့သည်။
အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သူ လူငယ်တဦးဖြစ်သည့် မောင်ပြည့်ဖြိုးမင်းက "အခုလို ကိုယ်တိုင် ပါဝင်ရတာ ဂုဏ်ယူတယ်။ နောက် ကိုယ်တိုင်လည်း လူငယ်တယောက်ဖြစ်နေတော့ ကလေးတွေ ရောင်းဝယ်ခံ နေရတာကို ကျနော်တို့က လက်ပိုက် ကြည့်မနေဘဲ ဘယ်လိုနည်းလမ်းတွေနဲ့ တားမလဲဆိုတာကို အခုလို ပူးပေါင်းပါဝင်ရလို့ ဂုဏ်ယူပါတယ်။ သူငယ်ချင်းတွေ ကျနော့ ပတ်ဝန်းကျင်က သူတွေကို ဒါနဲ့ ပတ်သက်ပြီး ပြောပြသွားမှာပါ" ဟု မဇ္ဈိမကို ပြောသည်။
Burma Acts နှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ ပညာပေးရေး ကော်မတီ (BMWEC) တို့မှ ဦးဆောင်၍ ကျင်းပခြင်းဖြစ်ပြီး World Vision အပါအ၀င် လူမှုရေး အဖွဲ့အစည်း စုစုပေါင်း ၁၂ ဖွဲ့ပါဝင်ပြီး ကလေး သူငယ်များအား ကူးသန်းရောင်းဝယ်ရေးကို တားဆီးရန် ပူးပေါင်း လုပ်ဆောင်သည့်အနေဖြင့် BMWEC မှ ဖွင့်လှစ်ထားသော ဆာသူးလေ ကျောင်းဝင်းတွင် ပြုလုပ်ခြင်းဖြစ်သည်။
Burma ACTs နှင့် ပူးပေါင်းဆောင်ရွက်နေသော လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)မှ ဦးအောင်မျိုးမင်းက "ဒီနှစ်ဆောင်ပုဒ်က ကလေးကူးသန်းရောင်းဝယ်မှုကို ကလေးတွေ ကိုယ်တိုင် ဆန့်ကျင် ပြောဆိုကြဆိုတာ ဖြစ်တော့ ဒီလုပ်ငန်းစဉ်တွေကို သိတဲ့ လူတွေတင် မကပဲနဲ့ ကလေးတွေ ကိုယ်တိုင် ဦးစီးတင်ပြပေးတဲ့ သူတွေ ဖြစ်ဖို့ အတွက် လုပ်တာမှာ ဒီအခမ်းအနားကို ကလေးတွေကို ဦးဆောင်ခိုင်းပြီး ကလေးတွေ ကိုယ်တိုင်ပါဝင်မှုကို ဦးစားပေးထားတယ်" ဟု မဇ္ဈိမကို ပြောပြသည်။
ကလေးသူငယ်များအား ကူးသန်းရောင်းဝယ်ရေး တားဆီးခြင်း လှုပ်ရှားမှုများကို အရှေ့တောင် အာရှ နိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မြန်မာ ခုနှစ်နိုင်ငံ ပူးပေါင်း ပါဝင်သော အာရှ ကလေးသူငယ်များအား ကူးသန်း ရောင်းဝယ်မှု ပပျောက်ရေးအဖွဲ့ (Asia ACTs) အဖွဲ့မှ ၂၀၀၃ ခုနှစ်တွင် စတင် လုပ်ဆောင်ခဲ့ပြီး နှစ်စဉ် လှုပ်ရှားမှု ပြုလုပ်လေ့ ရှိသော ဒီဇင်ဘာ ၁၂ ရက်နေ့ကို ကလေး သူငယ်များအား ကူးသန်းရောင်းဝယ်မှု ပပျောက်ရေး နေ့အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
"ဒီလိုမျိုး အခမ်းအနား လုပ်ရတာကတော့ ဒီကလေးတွေကို ကုန်ကူးမှုကို လူကြီးတွေက ပိုပြီးတော့ သိလာအောင်၊ တားဆီးတတ်လာအောင်၊ ကာကွယ်တတ်လာအောင်လို့ပါ" ဟု ဦးဆောင်ကျင်းပသည့် Burma ACTs အဖွဲ့မှ ဒေါ်နန်းမူက ပြောသည်။
ကလေးကုန်ကူးမှု ပပျောက်ရေး လုပ်ဆောင်နေသော အဖွဲ့စည်းများ၏ တင်ပြချက်တခုအရ ထိုင်းမြန်မာ နယ်စပ်တွင် ကလေးကုန်ကူးမှု များမှာ ၃ လအတွင်း အမှုပေါင်း ၁၀၀ ခန့်ရှိနေသည်ဟု သိရသည်။
ကလေးများ ကူးသန်းရောင်းဝယ်မှု တားဆီးရေး အထိမ်းအမှတ်ပြုလုပ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment