သတင်း သဲသဲ မဇ္ဈိမ | နယူးဒေလီ။ ။ ၇ ကြိမ်မြောက် ICT နည်းပညာပြပွဲ - ၂၀၀၈ ကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့ အနီးရှိ ရတနာပုံ ဆိုက်ဘာစီးတီးတွင် မနက်ဖြန်မှ စတင်ကာ ၅ ရက်ကြာ ကျင်းပတော့မည်။
ICT (Information and Communication Technology) ဟု ခေါ်ဆိုသည့် သတင်းနှင့် ဆက်သွယ်ရေး နည်းပညာ ပြပွဲကို စစ်အစိုးရ မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ကြီးမှူးကျင်းပကာ ပွဲဖြစ်မြောက်ရေးအတွက် Inforithm-maze ကုမ္ပဏီက စီစဉ်ဆောင်ရွက်သည်။
ပြပွဲသို့ ပြည်တွင်းပြည်ပ ကွန်ပြူတာကုမ္ပဏီများ၊ ကွန်ပြူတာအရောင်းဆိုင်များ၊ ကွန်ပြူတာနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်များ၊ အင်တာနက်ဆိုင်များနှင့် GSM လက်ကိုင်ဖုန်း အရောင်းဆိုင်များအပြင် အင်တာနက်လုပ်ငန်း ကုမ္ပဏီများက ဆိုင်ခန်းပေါင်း ၆၅ ခန်းကျော်ဖြင့် ပါဝင်ပြသသွားမည်ဟု Inforithm-maze မှ ပွဲကျင်းပရေး တာဝန်ခံတဦးဖြစ်သူ မငြိမ်းက မဇ္ဈိမကို ပြောသည်။
ဆိုင်ခန်းတခန်းလျှင် ကျပ် ၂ သိန်းခွဲ သို့မဟုတ် FEC ၅၀၀ ဖြင့် ငှားရမ်းထားသည်။ ပြသချိန်မှာ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖြစ်ပြီး၊ နာမည်ကြီး အဆိုတော်များ၏ ဂီတဖျော်ဖြေပွဲ အပါအ၀င် အခြား ဖျော်ဖြေရေး အစီအစဉ် များနှင့် နောက်ဆုံးရက်တွင် Miss IT 2008 ရွေးချယ်ပွဲကို ကျင်းပသွားမည်။
အဆိုပါ ကုမ္ပဏီများက အိုင်တီပစ္စည်း အသုံးပြုပုံများကို တင်ဆက်ပြသခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများနှင့် ဂိမ်းပြိုင်ပွဲများကို ထည့်သွင်း စီစဉ်ထားသည်။
ပြပွဲဖြစ်မြောက်ရေးအတွက် ZTE, RED Link, Fortune International Co.ltd နှင့် HUWEI ကုမ္ပဏီများက ပံ့ပိုးကူညီပေးထားသည်ဟု Inforithm-maze က ပြောသည်။
ပါဝင်ပြသကြမည့် လုပ်ငန်းရှင်အချို့သည် ငွေကြေးအကျိုးအမြတ် မရှိသဖြင့် ပြပွဲတွင် ၀င်ရောက် ပြသလိုခြင်း မရှိသော်လည်း စစ်အစိုးရမှ အမျက်တော်ရှကာ စီးပွားရေး အခွင့်အလမ်းများ ထိခိုက် နစ်နာနိုင်သောကြောင့် သွားရောက် ပြသရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် ကွန်ပြူတာ လုပ်ငန်းရှင်များက မဇ္ဈိမကို ယခင်က ပြောဆိုခဲ့သည်။
ရတနာပုံ ဆိုက်ဘာစီးတီး ခေါ် ဆက်သွယ်ရေးနှင့် နည်းပညာမြို့တော်ကို စစ်အစိုးရက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
အိုင်စီတီပြပွဲကို ရတနာပုံ ဆိုင်ဘာစီးတီးတွင် မနက်ဖြန် ကျင်းပမည်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment