မင်္ဂလာဈေးအနီး မီးလောင်၊ လူ ၂ ဦးသေဆုံး

Friday, December 12, 2008 ·

သတင်း နန်းဒေ၀ီ မဇ္ဈိမ | နယူးဒေလီ။ ။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှ မင်္ဂလာဈေးထောင့်ရှိ လူနေအိမ်ခန်းတခန်း ယမန်နေ့ ညသန်းခေါင်တွင် မီးစွဲလောင်ရာ အမျိုးသားတဦးနှင့် အမျိုးသမီးတဦး သေဆုံးသွားသည်။

အထပ်ပေါင်း သုံးထပ်ရှိ အပေါ်ဆုံး လူနေအိမ်ခန်းအား ညသန်းခေါင်ကျော် ၁၂ နာရီ ၃၅ မိနစ်မှ စတင်ကာ မိနစ် ၃၀ ကြာ မီးလောင်မှု ဖြစ်ပွားစဉ်အတွင်း သေဆုံးသွားခြင်း ဖြစ်သည်။

"၂ ယောက်စလုံး ဆေးရုံရောက်မှ ဆုံးတာ။ မိန်းကလေးက မီးခိုးမွှန်ပြီးတော့ နှလုံးခုန် ရပ်သွားတာ။ ဆေးရုံရောက်ပြီး သိပ်မကြာဘူး၊ ဆုံးတယ်။ အမျိုးသားက မနက် ၈ နာရီခွဲလောက်မှာမှ ဆုံးတယ်" ဟု မီးသတ်ဌာနရှိ ဆက်သွယ်ရေး ၀န်ထမ်း ဦးမြင့်ရှိန်က မဇ္ဈိမကို ပြောသည်။

သေဆုံးသူ အမျိုးသမီးမှာ အသက် ၂၄ နှစ်အရွယ်ဖြစ်ပြီး၊ အသက် ၂၂ နှစ်အရွယ် အမျိုးသားမှာမူ အိမ်အပေါ် ထပ်မှ အောက်ခြေသို့ ခုန်ချခဲ့ရာမှ ထိခိုက်မှုဖြစ်ပြီး သေဆုံးခြင်းဖြစ်ကြောင်း မင်္ဂလာဈေးအနီးရှိ ဒေသခံတဦးက ပြောသည်။

သူတို့နှစ်ဦးမှာ မည်ကဲ့သို့ ဆွေမျိုးတော်စပ်ကြောင်းနှင့် အခင်းဖြစ်ပွားပုံ အသေးစိတ်ကိုမူ တာမွေ မီးသတ်ဌာနနှင့် ဒေသခံက ပြောဆိုနိုင်ခြင်း မရှိပါ။

ကျောက်တံတားမြို့နယ်ရှိ ဆူးလေ ဗဟိုမီးသတ်ဌာနသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း တာဝန်ကျဝန်ထမ်းက ဖြေကြားရန် ငြင်းဆိုခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */