ပဲအရောင်းအ၀ယ် အရှုပ်တော်ပုံ ဖြေရှင်းနေရဆဲ

Friday, December 12, 2008 ·

သတင်း သဲသဲ မဇ္ဈိမ | နယူးဒေလီ။ ။ ပဲကုန်သည်ကြီးများ၊ ကုမ္ပဏီများအတွင်း ဖြစ်ပွားသည့် ပဲအရောင်းအ၀ယ် ငွေကြေး အရှုပ်တော်ပုံကို ယခုအခါ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း UMFCCI က ကြားဝင်ညှိနှိုင်းနေရသည်။

နိုဝင်ဘာလဆန်းတွင် ပဲကုန်သည်များ၊ နိုင်ငံခြားသို့ ပဲတင်ပို့သည့် ကုမ္ပဏီများသည် ကြိုရောင်းကြိုဝယ်စနစ်ဖြင့် ပဲများကို ငွေမချေကြသေးဘဲ အပြန်အလှန် ရောင်းဝယ်ခဲ့ပြီးနောက် နိုင်ငံခြားသို့ တင်ပို့ရာတွင် ဈေးနှုန်းများ ထိုးကျရာမှ ပဲဖိုးငွေ ပေးချေရန် ပျက်ကွက်ခဲ့သဖြင့် နစ်နာဆုံးရှုံးသူများက ငွေစာရင်းရှင်းတမ်းများဖြင့် တိုင်တန်းသည့် အမှုတွဲပေါင်း ၄၀ ခန့်ကို ကိုင်တွယ်နေရခြင်း ဖြစ်သည်။

"သူတို့ကိစ္စကို ဖျန်ဖျေပေးတာပါ။ ကျနော်တို့အသင်းက အရေးယူပိုင်ခွင့် မရှိပါဘူး။ တရားရုံးသွားမှပဲ ဥပဒေအရ အရေးယူမှာပါ" ဟု UMFCCI အတွင်းရေးမှူး ဦးစိန်ဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။

ယခုကိစ္စတွင် ကုမ္ပဏီချင်း၊ ကုန်သည်ချင်းနှင့် ကုမ္ပဏီများနှင့် ကုန်သည်များအကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေရာ ကုမ္ပဏီပေါင်း ၂၀ ခန့်နှင့် ကုန်သည်ဦးရေ ဆယ်ဂဏန်းအထိ ပါဝင်ပတ်သက်နေသည်။

ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်ရှိ ပဲလောက၏ ကုမ္ပဏီကြီးတခုမှပင် ပေးချေရမည့် ပဲတန်ဖိုးငွေမှာ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်ရှိသည်ဟု သိရသော်လည်း အသေးစိတ်ကိုမူ မသိရသေးပါ။

ကမ္ဘာ့ငွေကြေး အကျပ်အတည်းနှင့်အတူ မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ ပဲတင်ပို့မှုများ နှေးကွေးသွားခဲ့ပြီး၊ ဈေးနှုန်းများ ကျဆင်းကုန်သဖြင့် ယခုလို ပဲရောင်းဝယ်ရေး လောကတွင် ငွေကြေးအရှုပ်အရှင်းများ ပေါ်ပေါက်လာရသည်ဟု UMFCCI အသင်း၏ အတွင်းရေးမှူးက ဆိုသည်။

ယခင်က ပဲတတန်လျှင် ကျပ်ငွေ ၇ သိန်းကျော် ပေါက်ဈေးရှိခဲ့ရာမှ ယခုအခါ ၃ သိန်းကျော်သာ ရှိတော့သဖြင့် အရောင်းအ၀ယ် မရှိဘဲ စောင့်ကြည့်နေရသည့် အနေအထားတွင် ရှိနေသည်။

ပြီးခဲ့သည့် လနှောင်းပိုင်းက ပဲဖိုးငွေ မပေးချေဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ၀ယ်လက်ကြီးသမားများကို အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး) က လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် အာဏာပိုင်များက UMFCCI သို့ ယခုအမှုများကို လွှဲပြောင်းကာ ကိုင်တွယ်ဖြေရှင်းခိုင်းခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */