သတင်း NEJ ခေတ်ပြိုင် | လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်လုပ်ပေးသော်လည်း အစိုးရက တရားဝင် ဓာတ်ဆီ ရောင်းချပေးခြင်း မရှိသောကြောင့် မြန်မာနိုင်ငံအနှံ့ မှောင်ခိုဓာတ်ဆီဆိုင်ငယ်များ မှိုလို ပေါက်လာနေကြောင်း မန္တလေး၊ မော်လမြိုင်နှင့် မြစ်ကြီးနားမြို့ခံများက ပြောပြသည်။
မော်လမြိုင်မြို့ခံတဦးက “မော်လမြိုင်မှာ မတလ နံပါတ်နဲ့ ဆိုင်ကယ်တွေကို လိုင်စင်လုပ်ပေးနေတာ အစီးရေ (၁) သိန်းနီးပါး ရှိနေပြီ။ ဒါပေမယ့် ဒီလိုင်စင်လုပ်ပေးတဲ့ ဆိုင်ကယ်တွေကို တရားဝင် ဓာတ်ဆီ ရောင်းမပေးတော့ လမ်းဘေး မှောင်ခို ဆိုင်တွေကနေပဲ ဝယ်ရတယ်။ ခုဆို တမြို့လုံး မှောင်ခိုဓာတ်ဆီရောင်းတဲ့ ဆိုင်တွေ မှိုလို ပေါက်နေပြီ” ဟု ပြောသည်။
အဆိုပါကိစ္စ မန္တလေး၊ မြစ်ကြီးနား မြို့ခံများထံ စုံစမ်းရာ ၎င်းတို့မြို့များတွင်လည်း အလားတူ လမ်းဘေး မှောင်ခို ဓာတ်ဆီဆိုင်လေးများ အများအပြား ပေါ်ပေါက်လာကြောင်း ပြောဆိုခဲ့သည်။ စစ်အစိုးရက တရားမဝင် တင်သွင်း လာသည့် ဆိုင်ကယ်များကို ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ဒေသလိုင်စင်များ ပြုလုပ်ပေးခဲ့ရာ အောက်တိုဘာလကုန် အထိ အစီးရေ (၉) သိန်းနီးပါး လိုင်စင်လုပ်ပေးပြီးဖြစ်ကြောင်း တရားဝင် စာရင်းထုတ်ပြန်သည်။
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်အတွင်း ဓာတ်ဆီဆိုင်တဆိုင်မှ မန်နေဂျာတဦးက “ဒီဆိုင်ကယ်တွေကို နှစ်ရက်ကို တဂါလန်နှုန်းနဲ့ ဓာတ်ဆီ ရောင်းပေးရင်တောင် တရက်ကို ဓာတ်ဆီ ဂါလန် (၄) သိန်းခွဲ၊ တလကို ဓာတ်ဆီ ဂါလန် (၁၃) သန်းခွဲလောက် လိုအပ်မှာဖြစ်ကြောင်း၊ ဒီလောက်များတဲ့ ပမာဏကို အစိုးရက နိုင်ငံခြားငွေ အကုန်ခံကာ တင်သွင်းပြီး ရောင်းမပေးချင်လို့ တရားဝင် ဆီရောင်းချပေးတဲ့ စာအုပ်ထုတ် မပေးတာဖြစ်ကြောင်း” ပြောသည်။
တရားမဝင်ဆီဆိုင် များလာ၍ မှောင်ခိုရောင်းဝယ်မှု ပမာဏကြီးမားလာသကဲ့သို့ ခိုးကြောင် ခိုးဝှက် ရောင်းဝယ် ရခြင်းလည်းဖြစ်ပြီး မီးဘေးအန္တရာယ်လည်း စိုးရိမ်ရကြောင်း မြို့ခံများက ပြောပြသည်။
အဆိုပါ လမ်းဘေးမှောင်ခိုဓာတ်ဆီဆိုင်များသည် စစ်တပ်၊ ရဲ၊ စည်ပင်နှင့် ဝန်ကြီးဌာန အသီးသီးက ခိုးပြီး ထုတ်ရောင်းသည့် ဆီများ၊ ဓာတ်ဆီဆိုင် ဝန်ထမ်းများက ခိုးပြီး ထုတ်ရောင်းသည့်ဆီများကို လက်ခံဝယ်ယူကာ ပြန်လည်ရောင်းချကြခြင်း ဖြစ်သည်။
နယ်စပ်နှင့်နီးသည့် မြို့များတွင်မူ ထိုင်း၊ တရုတ်နိုင်ငံတို့မှ ခိုးသွင်းလာသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီများကို ဝယ်ယူရောင်းချကြခြင်းမျိုးလည်း ရှိသည်။ စစ်အစိုးရက ပြီးခဲ့သည့်နှစ်များအတွင်း ရန်ကုန်က ကားအများစုကို ဓာတ်ဆီ၊ ဒီဇယ်ဆီ အသုံးပြုကားမှတဆင့် သဘာဝဓာတ်ငွေ့သုံးကားများအဖြစ် ပြောင်းလဲခိုင်းခဲ့၍ နိုင်ငံခြားမှ တလကို ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ဂါလန် (၃) သန်းခန့် တင်သွင်းရရန် သက်သာသွားသည်ဟု ထုတ်ပြန် ကြေညာ ဖူးသည်။ လက်ရှိ တနိုင်ငံလုံးက မှတ်ပုံတင်လုပ်ပေးသည့် ဆိုင်ကယ်များအတွက် ရောင်းပေးရမည့် လောင်စာဆီ ပမာဏသည် အဆိုပါ ပမာဏထက် ပိုများသည်။
စစ်အစိုးရအနေဖြင့် ဆိုင်ကယ်များမှတဆင့် ထိုက်သင့်သည့်အခွန်အခများကို ယူထားပြီး ဖြစ်သည့်အတွက် အဆိုပါဆိုင်ကယ်များ၏ လောင်စာဆီကိစ္စကို ဖြေရှင်းပေးသင့်ကြောင်း၊ ပုဂ္ဂလိက လောင်စာဆီ အရောင်း ဆိုင်များ မရှိသည့် မြန်မာနိုင်ငံတွင် တရားဝင် ဓာတ်ဆီကို ခွဲတမ်းဖြင့် ရောင်းချပေးသင့်ကြောင်း ဆိုင်ကယ် ပိုင်ရှင်များက ဝေဖန် ပြောဆို နေကြသည်။
လက်ရှိ မော်လမြိုင်၊ မန္တလေး မြို့များတွင် ပြင်ပ ဓာတ်ဆီပေါက်ဈေး တပုလင်း ကျပ် (၅၅ဝ)၊ တဂါလန် ကျပ် (၃,၃ဝဝ) နှုန်း ဈေးပေါက်လျက် ရှိသည်။
မြန်မာနိုင်ငံအနှံ့ မှောင်ခိုဓာတ်ဆီဆိုင်များ မှိုလိုပေါက်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment