မြန်မာစာရေးဆရာများ စာပေဟောပြောပွဲ မလေးရှားတွင် ကျင်းပ

Monday, December 08, 2008 ·

သတင်း မြင့်မောင် မဇ္ဈိမ | နယူးဒေလီ။ ။ မလေးရှားနိုင်ငံ ပူချုန်းမြို့နယ်တွင် နာမည်ကြီး မြန်မာစာရေးဆရာ ၃ ဦး၏ စာပေဟောပြောပွဲ တရပ်ကို ယမန်နေ့က ကျင်းပခဲ့သည်။

ပူချန်းမြို့နှင့် ၁၂ မိုင်ခန့်ကွာဝေးသည့် အာသောကရာမ ဘုန်းကြီးကျောင်းတွင် မြန်မာနိုင်ငံမှ စာရေးဆရာကြီး များဖြစ်သည့် လယ်တွင်းသားစောချစ်၊ ဆရာဖေမြင့်နှင့် ဆရာမကြူကြူသင်းတို့ကို မလေးရှားနိုင်ငံရောက် မြန်မာ နိုင်ငံသားများဖြင့် ဖွဲ့စည်းထားသည့် ဂရုဏာအသင်းက ဖိတ်ခေါ်ကာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

''ရည်ရွယ်ချက်ကတော့ မြန်မာအလုပ်သမားတွေကို စာရေးဆရာ တွေနဲ့ ထိတွေ့ဖို့နဲ့၊ ရလာတဲ့ ရန်ပုံငွေတွေကို စာရေးဆရာတွေနဲ့ နာဂစ်ကူညီရေးအတွက် အသုံးပြု သွားမယ်'' ဟု ဟောပြောပွဲ ဖြစ်မြောက်ရေး စီစဉ်သူ တဦးဖြစ်သူ ကိုထွန်းဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဆရာ လယ်တွင်းသားစောချစ်က လူငယ်တွေမှာ သိမ်ငယ်စိတ်ဝင်ရင် ညံ့တတ်တယ်။ သိမ်ငယ် စိတ်တွေ မထားကြဖို့၊ မလေးရှားမှာရောက်နေတဲ့ လူငယ် တွေလည်း အားငယ်စိတ်တွေ မထားကြဖို့၊ ကြိုးစားကြဖို့၊ ကိုယ့်ရဲ့ဘ၀ အမှောင်ချလို့ မရဘူးလို့ ဆိုတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် တိုင်းပြည်ပြင်ပကို ရောက်နေပေမယ့် ဇွဲမလျှော့ကြဖို့၊ အောင်မြင်အောင် ကြိုးစားကြဖို့ဆိုပြီး ဟောသွားတယ်'' ဟု ပြောသည်။

ဆရာ လယ်တွင်းသားစောချစ်က အောင်စိတ်နှင့် ထူးချွန်အောင်မြင်ခြင်း၊ ဆရာဖေမြင့်က ကံဥာဏ် ၀ီရိယ အကြောင်း၊ ဆရာမ ကြူကြူသင်းက စာပေနဲ့ ယဉ်ကျေးမှုအကြောင်းကို ဟောပြောခဲ့ကြသည်။

ဆရာဖေမြင့်၏ ဟောပြောချက်နှင့်ပတ်သက်ပြီး ဟောပြောပွဲတက်ခဲ့သူ မြန်မာလုပ်သား ကိုဇော်စိုင်းက ယခုလို ပြောသည်။

“တံငါသည် တယောက်က ငါး ၃ ကောင်ဖမ်းပြီး လှေဝမ်းဗိုက်မှာ ထားတယ်။ ပထမဆုံး ငါးက ၀ီရိယအား သုံးပြီးတော့ လှေပေါ်မှာ ခုန်ခုန်နေတော့ တံငါးသည်က ခုန်နေတဲ့ ငါးကို ရိုက်သတ်လိုက်တယ်။ ဒုတိယ ငါးက လှိုင်းအလှုပ်မှာ သူက ဥာဏ်လေးနဲ့ လုပ်တာပေါ့။ လှိုင်းအလှုပ်မှာ ခုန်ပြီးတော့ ရေထဲကို လွတ်သွားတယ်ဆိုတဲ့ အကြောင်းနဲ့ တတိယ ငါးကတော့ ကံကိုပဲ ယုံပြီးတော့နေတဲ့အတွက် တံငါသည်ရဲ့ ဟင်းစားဖြစ်သွားတယ်။ ၀ီရိယကောင်းလွန်းရင်လည်း စောစော သေတတ်တယ်တဲ့” ဟု သူက ပြောသည်။

ကိုအောင်ခင်ဆင့်က “ဆရာမ ကြူကြူသင်းက မြန်မာစာပေနဲ့ ပတ်သက်ပြီးတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ 'လယ်တောကပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး။ မနက်တုန်းဆီက ကျော့ဆုံးကို မြင်ပြန်တော့ သူ့ဆံပင် နှင်းဆီပွင့်တွေနှင် ဂုဏ်တင့်တယ်လေး' ဆိုတဲ့ ကဗျာလေးတွေ၊ အလှလေးတွေ၊ ယဉ်ကျေးသိပ်မွေ့တဲ့ အကြောင်းလေးတွေကို ဟောပြောခဲ့တယ်” ဟု ပြောသည်။

ယခု ဟောပြောပွဲသို့ အခမဲ့ တက်ရောက်ခွင့်ပြုကာ၊ မြန်မာနိုင်ငံသား ၁၀၀ နီးပါး တက်ရောက်အားပေးခဲ့သည်။

ယခုလ ၁၄ ရက်နေ့တွင်လည်း မလေးရှား မြို့တော် ကွာလာလမ်ပူ၌ ဟောပြောပွဲကို ဆက်လက် ကျင်းပ မည်ဖြစ်ရာ တဦးလျှင် မလေးရှား ၁၅ ရင်းဂစ် ၀င်ကြေးအဖြစ် ပေးဆောင်ရမည်ဟု သိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */