လှိုင်သာယာ အစိုးရဘဏ် မီးလောင်

Wednesday, December 10, 2008 ·

သတင်း NEJ ခေတ်ပြိုင် | ပြီးခဲ့သည့် ဒီဇင်ဘာ (၆) ရက်နေ့က လှိုင်သာယာမြို့နယ်၌ အစိုးရဘဏ် မီးလောင်မှုဖြစ်ပွားပြီး (၁၅) သိန်းဖိုးခန့် ဆုံးရှုံးသွားသည်။

အဆိုပါနေ့သည် စနေနေ့ဖြစ်ပြီး ဘဏ်တွင်ရှိသော အစောင့်က ရေနွေးတည်ရာမှ စတင် မီးလောင်ခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် အဆိုပါမီးကို ရှို့မီးဟု အချို့က သံသယရှိသည်။

“ရုံးပိတ်ရက်လည်းဖြစ်နေတယ်။ ဒီအစောင့်က လျှပ်စစ်ရေနွေးအိုးနဲ့ ရေနွေးတည်ရာက လောင်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ သံသယဖြစ်တယ်” ဟု လှိုင်သာယာမြို့နယ် ဘဏ်အနီးနေထိုင်သူ အသက် (၅၀) ခန့် ကုမ္ပဏီဝန်ထမ်းတဦးက ပြောသည်။

မီးလောင်ချိန်မှာ ယင်းနေ့ ညနေ (၅) နာရီ (၂၅) မိနစ်ခန့်တွင်ဖြစ်ကြောင်း၊ မီးလောင်စဉ် လှိုင်သာယာမှ မီးသတ်ယာဉ်များအပြင် ရွှေပြည်သာ၊ အင်းစိန် မီးသတ်ယာဉ်များလည်း လာကြောင်း သိရသည်။

“လာလိုက်တဲ့ မီးသတ်ကားတွေ အစီး (၂၀) လောက်ရှိတယ်။ ရဲတွေဆိုတာလည်း အယောက် (၁၅၀) ကျော်လောက် ရှိတယ်။ လူတွေကတော့ သူတို့ပြောတဲ့ လျှပ်စစ်ရေနွေးအိုးက လောင်တယ်ဆိုတာ မယုံကြည်ဘူး” ဟု လှိုင်သာယာ တာဝန်ကျ ရဲတဦးက ပြောသည်။

မီးသတ်ဦးစီးဌာနသို့ ပေးပို့ထားသော စာရင်းများအရ အဆောက်အအုံတခုလုံးနီးပါး လောင်းကျွမ်းသွားပြီး ဆုံးရှုံးမှုတန်းဖိုးမှာ ကျပ် (၁၅) သိန်းဟု သိရသည်။

အဆိုပါ မြန်မာ့စီးပွားရေးဘဏ်သည် လှိုင်သာယာမြို့နယ် (၈) ရပ်ကွက် ညောင်တုန်းလမ်းဘေးတွင် တည်ရှိသည်။

မီးလောင်မှုကြောင့် ဘဏ်တာဝန်ရှိ သူကို အရေးယူထားကြောင်း သိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */