ဂျပန်နိုင်ငံက မြန်မာဒုက္ခသည်များ အခြေချ နေထိုင်ခွင့်ပြုတော့မည်

Friday, December 19, 2008 ·

သတင်း ဇာနည် မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာဒုက္ခသည်အချို့ကို နိုင်ငံတွင်း နေထိုင်ခွင့် ပေးရန် ဂျပန်အစိုးရက သဘောတူလိုက်ပြီ ဖြစ်သည်။

၂၀၁၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ၃၀ ဦးကို ဂျပန်နိုင်ငံတွင် အခြေချ နေထိုင်ခွင့်ပြုရန် အင်္ဂါနေ့တွင် ပြုလုပ်သည့် ၀န်ကြီးချုပ် တာရိုအဆော ကိုယ်တိုင် တက်ရောက်သော ဂျပန်အစိုးရ ကက်ဘိနက် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ဒုက္ခသည်များ ခေါ်ယူ နေရာချထားရေးနှင့် ပတ်သက်၍ အသေးစိတ် အစီအစဉ်များ လုပ်ဆောင်ရန် တိုကျိုမြို့တွင် အစိုးရတာဝန်ရှိသူများ ဆွေးနွေးနေကြဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဂျပန်သံရုံး၏ နိုင်ငံရေးဌာနမှ ပထမအတွင်းဝန် မစ္စတာ တာနာက က မဇ္ဈိမကို ပြောသည်။

မြန်မာဒုက္ခသည်များကို ထောက်ပံ့ကူညီမည့် အစီအစဉ်များကို ဥပဒေရေးရာမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန ၉ ခုနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ တာဝန်ရှိ သူများ ဆက်လက်ဆွေးနွေးနေကြသည်ဟု သိရသည်။

ဒုက္ခသည်များကို ၁၅ ဦးခန့်စီ ၂ သုတ်ခွဲ၍ ခေါ်ရန် ကနဦး သတ်မှတ်ထားသည်ဟု မစ္စတာ တာနာကာ က ပြောသည်။

မြန်မာဒုက္ခသည်များ ဂျပန်နိုင်ငံတွင် ရပ်တည်နေနိုင်ရေးအတွက် ဘာသာစကား သင်တန်းနှင့် အသက်မွေး ၀မ်းကျောင်း ပညာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူကို ကိုးကား၍ အေပီသတင်းတရပ်တွင် ဖော်ပြထားသည်။

ဒုက္ခသည်များကို ခေါ်ယူရေး အစီအစဉ်ကို ဂျပန်အစိုးရက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက စတင်၍ စဉ်းစားနေခဲ့ခြင်းဖြစ်သည်။

ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အစီအစဉ်ဖြင့် မြန်မာဒုက္ခသည်များ၏ တတိယ နိုင်ငံများသို့ အခြေချနေထိုင်မှုကို အမေရိကန်၊ ကနေဒါ၊ သြစတြေးလျားနှင့် အခြား ဥရောပနိုင်ငံများက လက်ခံကာ လုပ်ဆောင်ပေးလျက်ရှိနေပြီး ဂျပန်နိုင်ငံသည် အာရှတိုက်တွင်းမှ ပထမဆုံး လက်ခံ ဆောင်ရွက် ပေးသည့် နိုင်ငံတခု ဖြစ်သည်။

၂၀၀၈ နှစ်ဦးပိုင်း ကုလသမဂ္ဂ စစ်တမ်းများအရ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော မြန်မာဒုက္ခသည် ဦးရေ ၁ သိန်း ၄ သောင်းကျော် ရှိနေပြီး၊ ပြင်သစ်နိုင်ငံသို့ ၁ သောင်းကျော်၊ အင်္ဂလန်နိုင်ငံသို့ ၆ ထောင်ကျော်နှင့် အမေရိကန် နိုင်ငံသို့ မြန်မာဒုက္ခသည် ၂ သောင်းကျော် အခြေချနေထိုင်ရန် ရောက်ရှိပြီး ဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */