ရန်ကုန်မြို့မှ ယုဇနပလာဇာ မီးလောင်၊ (၄၅) သိန်းဖိုးဆုံးရှုံး

Monday, December 15, 2008 ·

သတင်း NEJ ခေတ်ပြိုင် | ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်ရှိ အကြီးဆုံး၊ အစည်ကားဆုံး ယုဇနပလာဇာတွင် ယမန်နေ့ (၆) နာရီ (၁၅) မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း မျက်မြင်သက်သေများက ပြောသည်။

ရန်ကုန်တိုင်း မီးသတ်ဦးစီးရုံးများက (၆) နာရီ (၂၅) မိနစ်ခန့်တွင် မီးသတ်ကားများလွှတ်ပေးပြီး တာမွေ၊ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာ၊ စမ်းချောင်း၊ သာကေတ စသည့်မြို့နယ်များမှ မီးသတ်ကားများနှင့် မြို့တွင်း ရုံးချုပ်မှ မီးသတ်ကား (၁၅) စီးခန့် လာရောက်ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးသတ်ကားများတွင် ရေမပါသည့်အတွက် ယုဇနပလာဇာအနီးရှိ မီးသတ်ရေငုတ်များမှ ရေများစုပ်ယူ၍ မီးသတ်ကားများကို ရေထည့်ပေးရကြောင်း မျက်မြင်တဦးက ပြောသည်။

၎င်းက “မီးသတ်ကား မလာခင်ကပဲ လူတွေ ငြိမ်းသတ်နေတာ။ ယုဇနရဲ့ ဈေးလုံခြုံရေးတွေက ၀ိုင်းပြီး ငြိမ်းနေရတာ။ သူတို့ကားက လောင်နေတဲ့ဆိုင်ခန်းကို ၀င်လို့မရဘူး။ ရေပိုက်တွေသွယ်ပြီး ငြိမ်းတယ်။ ဒါပေမယ့် ဒီမီးက ယုဇနပလာဇာရဲ့ လုံခြုံရေးတွေနဲ့ အနီးအနား ပြည်သူတွေ ငြိမ်းလို့ မီးလောင်တာ သက်သာတာ” ဟု ပြောသည်။

မီးငြိမ်းချိန်သည် (၇) နာရီခန့်ဖြစ်ကြောင်း မီးသတ်ရဲဘော်တဦးက ပြောသည်။

စတင်လောင်းကျွမ်းသည့်ဆိုင်မှာ ယုဇနပလာဇာ မြေညီထပ်၊ ဆိုင်ခန်းအမှတ် (F-19) “ငုရွှေဝါ” အထည်ဆိုင်မှ ဖြစ်ပြီး ၎င်းဆိုင်ပိုင်ရှင်မှာ ဦးအေးမောင်မောင်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆိုင်ခန်းအနီးရှိ (F-20) ဆိုင်ခန်း၊ (E-19)၊ (E-20) တို့ကိုပါ ထပ်၍ လောင်းကျွမ်းသွားကြောင်း၊ (F-19) “ငုရွှေဝါ” ဆိုင်ရှိ Water Cooler မှ အပူလွန်ကဲ၍ ရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်သည်ဟု မြို့နယ်လျှပ်စစ် စစ်ဆေးရေး၏ ပြောပြချက် အရ သိရသည်။

ဆုံးရှုံးမှုတန်ဖိုးမှာ (၄၅) သိန်းဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက တွက်ချက်ထားသည်။ မြန်မာ့ အာမခံ လုပ်ငန်းက လျော်ကြေးပေးရန် အတွက် အဆိုပါ ဆိုင်ခန်းများ၏ အာမခံထားရှိမှုကို တွက်ချက် နေဆဲဟု ပြောသည်။

“လျှပ်စစ်က ရှော့ခ်ဖြစ်တာ။ မီးကပျက်လိုက်၊ လာလိုက်ဆိုတော့ ဒီ Water Cooler ကို ပိတ်ဖို့ မေ့နေမှာပေါ့။ ဆိုင်သိမ်းပြီးအပြန် နောက်ပိုင်းမှာ မီးလောင်တာလေ” ဟု ယုဇနပလာဇာ ပထမထပ်တွင် ဖက်ရှင် ဆိုင်ဖွင့်ထားသူ တဦးက ပြောသည်။

“မီးတွေ ပျက်နေသေးသရွေ့ မီးလောင်မှုတွေ ဖြစ်နေအုံးမှာပဲ” ဟု မီးသတ်ရဲဘော်တဦးက ဆိုသည်။

၂၀၀၈ ခုနှစ်တွင် မြန်မာတနိုင်ငံလုံးစာရင်းအရ ဈေးများမီးလောင်မှု (၅) ကြိမ်ရှိပြီဖြစ်သည်။ (၂၅-၂-၀၈) ရက်နေ့ မန္တလေးရတနာပုံဈေး ဆုံးရှုံးမှု (၂,၆၄၅) သန်းခန့်၊ (၂၄-၆-၀၈) ရက်နေ့ ရှမ်းပြည် နမ့်ဆန်ဈေး ဆုံးရှုံးမှု သန်း (၁၀၀) ခန့်၊ (၉-၉-၀၈) ရက်နေ့ ရန်ကုန်၊ တွံတေးမြို့မဈေး ဆုံးရှုံးမှု သန်း (၁၀၀) ကျော်၊ (၁-၁၂-၀၈) ရက်နေ့ မော်လမြိုင်အမှတ် (၁) ဈေး ဆုံးရှုံးမှု သိန်း (၁,၀၀၀) ခန့်နှင့် (၁၄-၁၂-၀၈) ရက်နေ့ ရန်ကုန် ယုဇနပလာဇာ မီးလောင်းကျွမ်းမှုတွင် ဆုံးရှုံးမှု (၄၅) သိန်းရှိကြောင်း သိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */