ဘန်ကီမွန်း မြန်မာနိုင်ငံသွားသင့်ဟု အီးယူကိုယ်စားလှယ်ယူဆ

Monday, December 15, 2008 ·

သတင်း NEJ ခေတ်ပြိုင် | ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် နအဖ စစ်အစိုးရ နှင့် အတိုက်အခံများ အကြား ဆွေးနွေးနိုင်ရေးအတွက် တွန်းအားဖြစ်နိုင်သဖြင့် အကျိုးရှိမည့် ရလဒ်ပေါ်ထွက်လာနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအထူးကိုယ်စားလှယ် Piero Fassino က ယနေ့ပြောသည်။

“ခုထက်ထိ ဖြစ်ပေါ်မလာသေးတဲ့ အတိုက်အခံ ဒီမိုကရက်၊ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ စစ်အစိုးရတို့ အကြား အရေးပါတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဘန်ကီမွန်းရဲ့ ပုဂ္ဂိုလ်ရေးအရ ချဉ်းကပ်မှုတွေ ကနေတဆင့် ဖြစ်ပေါ်လာနိုင်မယ်လို့ ကျနော်တို့က ယုံကြည်ကြပါတယ်” ဟု Piero Fassino က ဂျပန်နိုင်ငံ တိုကျိုမြို့၌ သတင်းထောက်များကို ပြောခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြေအနေသည် သွားရောက်လည်ပတ်ရန် အဆင်သင့် မဖြစ်သေးကြောင်း မစ္စတာဘန်ကီမွန်း က ယခင်ရက်ပတ် သောကြာနေ့၌ ပြောကြားခဲ့မှုကို သဘောတူသော်လည်း မစ္စတာဘန်ကီမွန်းအနေဖြင့် ဤခရီးစဉ်အား “ပြည့်စုံသည့် ပြင်ဆင်မှု” များပြုလုပ်၍ သွားရမည်ဖြစ်သည်ဟု အီတလီနိုင်ငံခြားရေးဝန်ကြီး ဟောင်းလည်းဖြစ်သူ Piero Fassino က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် မြန်မာနိုင်ငံသို့ တကြိမ်မျှ မရောက်ရှိသေးသော Piero Fassino သည် ၎င်း၏ အာရှနိုင်ငံများခရီးစဉ်၏ တစိတ်တပိုင်းအဖြစ် ဂျပန်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

နအဖကပြုလုပ်မည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် တရားမျှမှုရှိသည့်ရွေးကောက်ပွဲတခုဖြစ်လာစေရေး အတွက် ကမ္ဘာ့အသိုင်းအ၀န်းအနေဖြင့် ၀ိုင်းဝန်းလုပ်ဆောင်ကြရန်လည်း Piero Fassino က တိုက်တွန်းခဲ့သည်။

Piero Fassino က “ကျနော်တို့ ဒီအတိုင်းရပ်ကြည့်နေလို့မဖြစ်ပါဘူး။ ဒီမိုကရေစီဆိုင်ရာ အာမခံချက်တွေ ရဖို့အတွက် အခုပဲ စတင်လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ မြန်မာလူထုနဲ့ ပြည်သူပြည်သားတွေအနေနဲ့ သူတို့ရဲ့ အနာဂတ်အတွက် သူတို့ကိုယ်တိုင် ဆုံးဖြတ်ကြဖို့ကို ကျနော်တို့ လိုလားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတစွာနဲ့ ကျင်းပတာကို လိုလားပါတယ်” ဟု ပြောသည်။

ယခုလဆန်းပိုင်းကလည်း နေအိမ်အကျယ်ချုပ်ခံနေရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရေး စစ်အစိုးရကို တောင်းဆိုရန်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံသို့ ယခုလမကုန်မီ သွားရောက်ရန် ကမ္ဘာ့ နိုင်ငံပေါင်း (၅၀) ကျော်မှ သမ္မတဟောင်းနှင့် ၀န်ကြီးချုပ်ဟောင်း (၁၁၂) ဦးက စာရေးတိုက်တွန်း ခဲ့သေးသည်။

ထို့အပြင် မြန်မာနိုင်ငံရေးနှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်မှုမရှိခြင်းအပေါ် စိုးရိမ်သည့် တောင်ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် အင်ဒိုနီးရှားတို့မှ လွှတ်တော် အမတ် (၂၄၁) ဦးကလည်း အလားတူ တောင်းဆိုမှု ပြုလုပ်ခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */