အရှင်ဂမ္ဘီရကို အီတလီက ဂုဏ်ထူးဆောင် မြို့သားဆု ချီးမြှင့်

Friday, December 12, 2008 ·

သတင်း ဇာနည် မဇ္ဈိမ | ချင်းမိုင်။ ။ နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရကို အီတလီနိုင်ငံ မော်ဘင်ညိုမြို့မှ ဂုဏ်ထူးဆောင် မြို့သားဆုကို ယမန်နေ့က ချီးမြှင့်လိုက်သည်။

ရွှေဝါရောင်အတွင်းက အရှင်ဂမ္ဘီရသည် သံဃာထုနှင့် ပြည်သူများရှေ့မှ ကိုယ်ကျိုးစွန့် ရပ်တည်ခဲ့မှုကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော လူ့အခွင့်ရေးနေ့တွင် ဤသို့ ချီးမြှင့်ခြင်းဖြစ်သည်။

"ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူ အရှင်ဂမ္ဘီရကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်းသည် မြန်မာ့ ဒီမိုကရေစီရေး အတွက် မော်ဘင်ညိုမြို့သူမြို့သားများက မြန်မာနိုင်ငံသားများနှင့် အတူရှိသည်ကို ပြသလိုက်ခြင်း ဖြစ်သည်" ဟု အဆိုပါ အီတလီမြောက်ပိုင်းရှိ မြို့၏ အင်တာနက် သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

အရှင်ဂမ္ဘီရအနေဖြင့် အကျဉ်းကျရာမှ ပြန်လွတ်လာပါက အီတလီနိုင်ငံ မော်ဘင်ညိုမြို့သို့ လာရောက် လည်ပတ်နိုင်ပြီး နေထိုင် လိုပါကလည်း ကြိုဆိုပါသည်ဟု အင်တာနက်သတင်းတွင် ပါရှိသည်။

ဤဆုကို လန်ဒန်မြို့ သာသနာ့ရံသီ ၀ိဟာရကျောင်းမှ ကျောင်းထိုင်ဆရာတော်နှင့် သံဃဥသျှောင် ဥက္ကဋ္ဌ ဦးဥတ္တရက လက်ခံရယူခဲ့သည်။

အရှင်ဂမ္ဘီရသည် လန်ဒန် အခြေစိုက် Index on Censorship အဖွဲ့မှ ချီးမြှင့်သည့် "လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဆု ၂၀၀၈" နှင့် ဆရာတော် ဦးရေ၀တ အမှတ်တရ ငြိမ်းချမ်းရေးဆုတို့ကို ရရှိခဲ့သေးသည်။

ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်းတွင် တိမ်းရှောင်နေစဉ် ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့သည့်လက ထောင်ဒဏ် ၆၈ နှစ် ပြစ်ဒဏ်ကျခံရကာ ကချင်ပြည်နယ်ရှိ ခန္တီးအကျဉ်းထောင်သို့ ပို့ဆောင်ခံရသည်။

အလားတူ ချီးမြှင့်မှုတခုတွင် သျှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးကို အီတလီနိုင်ငံ က ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် သတ်မှတ် ပေးအပ်လိုက်သည်ဟု သျှမ်းသံတော်ဆင့် သတင်းတရပ်တွင် ဖော်ပြထားသည်။

မွန်ဇာမြို့တော်ဝန်က ပေးအပ်သော ကချင်ပြည်နယ် ပူတာအို အကျဉ်းထောင်တွင် ထောင်ချခံနေရသော သျှမ်းခေါင်းဆောင်အတွက် ဆုကို အီးယူ-မြန်မာ ဗျူရိုမှ ညွန်ကြားရေးမှူးတဦးက ဒီဇင်ဘာ ၉ ရက်နေ့တွင် လက်ခံရယူခဲ့သည်ဟု ပါရှိသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */