ရန်ကုန်တွင်ဖွင့်သည့် ရွှေဈေးကွက်၊ ကုန်သည်ငယ်များ လက်လှမ်းမမီ

Wednesday, December 24, 2008 ·


ရန်ကုန်မြို့မှ စိန်ရွှေရတနာ အရောင်းဆိုင် တဆိုင် (ဓာတ်ပုံ - peace-on-earth.org)
သတင်း အောင်သက်ဝိုင်း ဧရာဝတီ | မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည့် စည်းကမ်းချက် များကြောင့် ရန်ကုန်မြို့မှ အရင်းအနှီး နည်းပါးသည့် ရွှေကုန်သည်များ အခက် တွေ့နေသည်။

စည်းကမ်းချက် များတွင် ရွှေအရောင်းအ၀ယ် တရားဝင် လုပ်ကိုင်ရေးအတွက် အသင်းသို့ အသင်းဝင်ကြေး ကျပ်သုံးသိန်းခွဲ ပေးသွင်းရန်၊ သတ်မှတ်ထားသည့် နေရာတွင်သာ ရောင်းဝယ်ရန် ဟူသောအချက်များ ပါဝင်ပြီး ယခုလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့လယ်ရှိ ရွှေဘုံသာလမ်းမှ တိုက်ခန်းတခုကို ရွှေဈေးကွက်အဖြစ် နေရာသတ်မှတ် ပေးခဲ့သည်။ ပြည်တွင်း ရွှေဈေးနှုန်းကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

“ရွှေကုန်သည်တွေဆိုတိုင်း လူချမ်းသာတွေ မဟုတ်ပါဘူး။ ကုန်သည် ဆိုပေမယ့် ပွဲစားသာသာ ပုံစံမျိုးတွေက များတယ်။ တချို့ကုန်သည်တွေဆို တပိုင်း၊ နှစ်ပိုင်း (အခေါက် ရွှေတဆယ်သား၊ နှစ်ဆယ်သား) လောက်ပဲ အရောင်းအ၀ယ် လုပ်ပြီး လည်ပတ်နေကြတာ။ အဲဒီတော့ သူတို့တောင်းတဲ့ အသင်းဝင်ကြေး သုံးသိန်းခွဲကို မတတ်နိုင်ကြဘူး” ဟု ရန်ကုန် လမ်းမတော် မြို့နယ်မှ ရွှေဆိုင်ပိုင်ရှင် တရုတ်အမျိုးသား တဦးက ပြောပြသည်။

ယခင်ကကဲ့သို့ ရွှေဘုံသာ လမ်းမပေါ်တွင် အရောင်းအ၀ယ် မလုပ်နိုင်တော့ကြောင်း၊ လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကား ခဲ့ကြသည့် အရင်းအနှီး နည်းပါးသည့် ရွှေကုန်သည်များ ဈေးကွက် ပျောက်သွားကြကြောင်း သိရသည်။

“ဒီဈေးကွက် ဖွင့်တဲ့နေ့ကစပြီး ရွှေဘုံသာ လမ်းတလျှောက်မှာ ရဲတွေ ချထားတယ်။ အရောင်း အ၀ယ် လုပ်ချင်ရင် ရွှေလုပ်ငန်းရှင် အသင်းဝင်ပြီး သတ်မှတ်ထားတဲ့ နေရာမှာ ရောင်းဝယ်ဖို့ ပြောတယ်” ဟု ရွှေဘုံသာလမ်းမှ စိန်ရွှေရတနာ အရောင်းဆိုင်ကြီး တခု၏ ပိုင်ရှင်ဖြစ်သူက ဆိုသည်။

စစ်အစိုးရက အများစု ရောင်းဝယ်နိုင်သော ဈေးကွက်မှ လူနည်းစုသာ ရောင်းဝယ်နိုင်သော ဈေးကွက်ပုံစံကို ပြောင်းလဲခြင်း ဖြစ်သည်ဟု ရန်ကုန်မှ စီးပွားရေး သမားတဦးက သုံးသပ်သည်။

“အရင်တုန်းကဆိုရင် ရွှေဈေးကွက်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိတော့ ဈေးကို ထိန်းဖို့ မလွယ်ဘူး။ အခုတော့ ရွှေဈေးကို ထိန်းချုပ်ဖို့ လွယ်သွားမယ်။ ပြည်တွင်းရေး မတည်မငြိမ်ဖြစ်လို့ ရွှေဈေးတက်တာ မျိုးဆိုရင်
လူနည်းစု ရွှေကုန်သည် တွေကို ဆွဲစိ (ဖမ်းဆီး) တာမျိုး၊ ဖိအားပေးတာမျိုး လုပ်ပြီး ဈေးချခိုင်းလို့ လွယ်သွားမယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ရွှေဈေးကွက်က ပေါက်ဈေးကို နေ့စဉ် ထုတ်ပြန်မည် ဖြစ်သည်ဟု ရွှေကုန်သည်ကြီးများက ပြောသည်။ ထိုဈေးကွက်တွင် ရွှေအရောင်းအ၀ယ် ပြုလုပ်နေကြသည့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် အသင်းဝင် ၁၅၀ ကျော် ရှိသည်။ အသင်း မ၀င်နိုင်သော ရွှေကုန်သည် အများအပြား အလုပ်လက်မဲ့ ဖြစ်နေကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ အဆိုပါ ရွှေဈေးကွက်ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှုး ဦးအေးမောင်သန်း တက်ရောက်ပြီး ဈေးကွက်တွင် ထိန်းညှိ ရောင်းဝယ် ဖောက်ကားကြရန် ဖိအားပေး ပြောဆိုခဲ့ကြောင်း ကြားသိရသည်။

“တိုက်ရိုက် ခြိမ်းခြောက်တာမျိုးတော့ မဟုတ်ဘူးပေါ့။ သွယ်ဝိုက်ပြီး ပြောတာ။ ရွှေဈေးတက်ရင် ခင်ဗျားတို့မှာ တာဝန် အပြည့်ရှိတယ်ဆိုပြီး ပြောသွားတယ်” ဟု ဦးအေးမောင်သန်းက ပြောကြားကြောင်း ဖွင့်ပွဲ တက်ရောက်ခဲ့သည့် ရွှေကုန်သည် တဦးက ပြန်လည်ရှင်းပြသည်။

လက်ရှိ ပြည်တွင်း ရွှေဈေးကွက်တွင် အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၅၂၅ ၀၀၀ ကျော်ရှိသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */