အာဘီဆစ်ဝိဇ္ဇာဇီဝ ထိုင်းဝန်ကြီးချုပ် အရွေးခံရ

Monday, December 15, 2008 ·

သတင်း NEJ ခေတ်ပြိုင် | ယနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပါလီမန်မှာ ကျင်းပသည့် အရေးပေါ် လွှတ်တော် အစည်းအဝေး၌ ၀န်ကြီးချုပ်သစ် မဲပေးပွဲကျင်းပရာ အတိုက်အခံ ဒီမိုကရက်ပါတီခေါင်းဆောင်က (၂၃၅) မဲဖြင့် အနိုင်ရရှိကာ ထိုင်းနိုင်ငံ၏ (၂၇) ကြိမ်မြောက် ၀န်ကြီးချုပ် ဖြစ်လာသည်။

ပွေထိုင်းပါတီကလည်း ပွေပါဒင်းပါတီခေါင်းဆောင် ရဲချုပ် ပရာချာ ပရောင်မန့်ကို ၀န်ကြီးချုပ်သစ်နေရာ လျာထားပြီး ၀င်ပြိုင်သော်လည်း (၁၉၈) မဲဖြင့် ရှုံးနိမ့်သွားသည်။ ၀န်ကြီးချုပ်ဖြစ်လာသည်နှင့် တိုင်းပြည်စီးပွားရေး ယိုင်နေသည်ကို ပြန်ဦးမော့လာအောင် လုပ်မည်ဟု ၀န်ကြီးချုပ် အာဘီဆစ်ဝိဇ္ဇာဇီဝက ကတိပေးသည်။

အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်ဘွဲ့ရ အာဘီဆစ်ဝိဇ္ဇာဇီဝသည် အသက် (၄၄) နှစ်သာရှိသေးပြီး ချမ်းသာကြွယ်ဝသည့် ထိုင်းတရုတ် အထက်တန်းလွှာ မိသားစုမှ ပေါက်ဖွားလာသူ ဖြစ်သည်။ အဂတိ လိုက်စားမှုနှင့် မကင်းသည့် ထိုင်းနိုင်ငံရေးလောကတွင် အဂတိလိုက်စားမှု ကင်းသူအဖြစ် လူသိများသည်။ ၂၀၀၅ ခုနှစ်တွင် ဒီမိုကရက်ပါတီခေါင်းဆောင် ဖြစ်လာသည်။

အာဘီဆစ်ဝိဇ္ဇာဇီဝကို ထိုင်းတောင်ပိုင်းနှင့် ဘန်ကောက် အလယ်အလတ် လူတန်းစားကသာ ထောက်ခံကြပြီး ထိုင်း ကျေးလက်၏ ထောက်ခံမှုရအောင် မလုပ်နိုင်ခဲ့ဟု သိရသည်။

ဒီမိုကရက်ပါတီဘက် ဘက်ပြောင်းသည့်အမတ်များအား ယနေ့ကျင်းပသည့် ၀န်ကြီးချုပ်သစ် ရွေးချယ်ပွဲကို နေမကောင်းသည့် အကြောင်းပြချက်ဖြင့် မတက်သည့်အမတ်များအား တဦးကို ဘတ်သန်း (၅၀) ပေးမည်ဟု တဘက်က ဆွဲဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */