သတင်း VOA | ထိုင်း-မြန်မာနယ်စပ်အနီး ကားမှောက်လို့ ထိုင်းနိုင်ငံမှာ တရားမ၀င် အလုပ်လုပ်ဖို့ လာရောက်ကြတဲ့ မြန်မာ ၇ ယောက် သေဆုံးသွားကြောင်း ထိုင်းရဲကပြောပါတယ်။
မြန်မာ ၁၇ ယောက်ကို ပြွတ်သိပ်တင်ဆောင်လာတဲ့ ပစ်ကပ်ကားငယ် အရှိန်ပြင်းပြင်းနဲ့ မောင်းလာတာ နယ်စပ် စစ်ဆေးရေး ဂိတ်အနီးမှာ မထိန်းနိုင်ဘဲ မှောက်သွားလို့ ထိုင်းယာဉ်မောင်းနဲ့ မြန်မာ ၇ ယောက် ပွဲချင်းပြီးသေဆုံးတယ်၊ ဒဏ်ရာရတဲ့ မြန်မာ ၁၀ ယောက်ကိုတော့ ကန်ချနဘူရီဆေးရုံကို တင်ထားရပြီး အဲဒီထဲက ၃ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သတင်း ရရှိ ပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ပြီး နိုင်ငံခြားက လာရောက်အလုပ်လုပ်နေကြသူ အလုပ်သမား ၅၀၀,၀၀၀ လောက်ရှိပြီး အများစုက မြန်မာနိုင်ငံကဖြစ်တယ်လို့ ထိုင်းအစိုးရက ဆိုပါတယ်။
စာရွက်စာတမ်းမရှိဘဲ တရားမ၀င် လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားက ၁,၀၀၀,၀၀၀ ကျော်နေတယ်လို့ ခန့်မှန်းထား ပါတယ်။
ဒီနှစ် ဧပြီလတုန်းကလည်း ရနောင်းမှာ မြန်မာအလုပ်သမားများကို ငါးတင်တဲ့ အအေးခန်းထဲ စုပြုံပြွတ်သိပ် ခိုးသွင်း တင်ဆောင် လာတာ လူ ၅၄ ယောက် အသက်ရှူလို့မရဘဲ မွန်းကြပ် သေဆုံးခဲ့ရဖူးပါတယ်။
မြန်မာအလုပ်သမား ၇ ဦး ထိုင်းတောင်ပိုင်းတွင် ကားမှောက်သေဆုံး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment