သတင်း မျိုးကြီး မဇ္ဈိမ | ရွှေလီ။ ။ မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော SSA (N) ခေါ် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) အဖွဲ့ ခေါင်းဆောင်ပိုင်းကို အာဏာပိုင်များက မကြာခင် မော်တော်ကားလိုင်စင် ထုတ်ပေးတော့မည်။
ပြီးခဲ့သည့်လဆန်းပိုင်းက SSA (N) ဗိုလ်မှူးအထက် အဆင့်ရှိသူများကို မော်တော်ကား လိုင်စင် ထုတ်ပေးမည်ဟု ရှမ်းပြည်နယ် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း (ရမခ) က တရားဝင် ပြောဆိုခဲ့ကြောင်း SSA (N) သတင်းရပ်ကွက်အဆိုအရ သိရခြင်း ဖြစ်သည်။
''ဘယ်လိုကားပဲဖြစ်ဖြစ် ဗိုလ်မှူးအဆင့်ကနေ ဗဟိုကော်မတီဝင်အထိ ကားလိုင်စင်တွေ ချပေးမယ်လို့ နိုဝင်ဘာ လဆန်းပိုင်းက ဗဟိုဌာနချုပ် ဆိုင်ကျော့မှာ လာပြောတယ်။ နာမည်စာရင်း ပေးလိုက်ပြီ။ ဗဟိုကော်မတီဝင် ၂၁ ယောက်ကိုတော့ အရင် ထုတ်ပေးမယ်လို့ သိရတယ်'' ဟု SSA (N) ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။
လိုင်စင်ထုတ်ပေးမည့်အကြောင်း ပြောကြားပြီး ရက်သတ္တ ၂ ပတ်အတွင်း တပ်ဖွဲ့အတွင်း ဗိုလ်မှူးအဆင့် အထက် ရှိသူ မော်တော်ကား လိုင်စင်လုပ်မည့် အမည်စာရင်းများကို ပေးသွင်းခဲ့ပြီး ဖြစ်သည်။
ယခင်က ဗိုလ်ချုပ်ကြီးခင်ညွန့် ခေါင်းဆောင်သည့် စစ်ထောက်လှမ်းရေးတပ်ဖွဲ့ မဖျက်သိမ်းခင်အထိ SSA (N) အတွက် နံပါတ်အနီရောင်ဖြင့် စရ/--- ဟု သီးသန့်လိုင်စင်များ ထုတ်ပေးခဲ့သေးသည်။
သို့သော်လည်း ၂၀၀၄ ခုနှစ်နောက်ပိုင်း ထောက်လှမ်းရေးတပ်ကို ဖျက်သိမ်းအပြီး အဖွဲ့ပိုင်ကား အများအပြားကို ထိုအချိန်က ရမခ တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်မြင့်လှိုင်က လိုင်စင်သိမ်းကာ လိုင်စင်မဲ့ကားများအဖြစ် သိမ်းဆည်း ခဲ့သည်။
ထိုအထဲတွင် အဖွဲ့မှ အမျိုးသားညီလာခံ ကိုယ်စားလှယ် ဦးသန်းဌေး၏ ကားလည်း ပါဝင်ခဲ့သည်။
တရုတ်-မြန်မာ နယ်စပ်ရှိ သျှမ်းနိုင်ငံရေးသမားတဦးက ''၂၀၁၀ ရွေးကောက်ပွဲ နီးလာတော့ သျှမ်းလိုဆိုရင် ဘယ်လို ပြောမလဲ၊ ပိုးလောက်လမ်းကောင်ကို ငါးမျှားချိပ်မှာတပ်ပြီး ငါးရံ့ကို မျှားသလိုပေါ့'' ဟု ပြောဆိုသည်။
ရှမ်းပြည် (မြောက်ပိုင်း) ပန်ဆန်းအခြေစိုက် ငြိမ်းချမ်းရေး အဖွဲ့တခုဖြစ်သည့် UWSP (ခေါ်) ၀' ပြည် သွေးစည်း ညီညွတ်ရေး ပါတီမှ ဒုတပ်မဟာမှူး အထက်အဆင့်ရှိသူများကို မော်တော်ကားလိုင်စင် ထုတ်ပေးရန် အောက်တိုဘာ လကုန်ပိုင်းတွင် ပြောကြားခဲ့ကြောင်းလည်း သိရသည်။
SSA (မြောက်ပိုင်း) ခေါင်းဆောင်ပိုင်းကို ကားလိုင်စင် ပေးမည်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment