သတင်း RFA | အခုရက်ပိုင်းတွေအတွင်း ရန်ကုန်တိုင်း မြို့နယ်တချို့မှာ အာဏာပိုင်တွေဟာ သန်းခေါင် စာရင်းကောက်တဲ့ ပုံစံစာရွက်မျိုးတွေနဲ့ တအိမ်တက်ဆင်း စာရင်းကောက်နေပါတယ်။ အဲဒီပုံစံစာရွက်မှာ အိမ်ထောင်စုအတွင်း နေထိုင်သူ၊ ထောင်ကျနေသူရဲ့ အမည်စာရင်းကိုပါ ကောက်ယူနေတာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
![]() ရန်ကုန်မြို့လယ်ရှိ တိုက်ခန်းများ ဖြစ်ပါသည်။ (Photo: AFP) |
ရန်ကင်းမြို့နယ်သား။ ။ “ အိမ်ပေါ်ကို လိုက်တက်ပြီးတော့ဗျာ၊ အဲဒီ ထောင်ကျ ဘယ်နှစ်ယောက် ရှိတယ်၊ နိုင်ငံခြားထွက်တာ ဘယ်နှစ်ယောက် ရှိတယ်ဆိုတာ စာရင်းတွေ လိုက်ယူနေတယ်ဗျ၊ ကြံ့ခိုင်ရေးတို့ ဘာတို့က လာယူတာ၊ ရပ်ကွက်ထဲက အဲဒီ ဥက္ကဋ္ဌတွေ ဘာတွေ၊ အဲဒီကောင်တွေ လာယူတာ။ ”
အလားတူ စာရင်းကောက်ခံရာမှာ ပြည်ခိုင်ဖြိုး အဖွဲ့ဝင်ဟုတ်မဟုတ်အပြင် တခြားပါတီကို ဝင်ထားတာရှိ မရှိ မေးမြန်းတယ်လို့ သိရပါတယ်။ သင်္ကန်းကျွန်းမြို့နယ်အတွင်း နေထိုင်သူ အမျိုးသမီးတဦးက ခုလို ပြောပြပါတယ်။
သင်္ကန်းကျွန်းမြို့နယ်။ ။ “ ကောက်ပါတယ်။ စခတို့ ဘာတို့လည်း ကောက်ပါတယ်။ သင်္ဃန်းကျွန်းထဲမှာ အကုန်လုံးပဲ၊ အကုန်လုံးမှာ ကောက်ပါတယ်။ ရပ်ကွက်က အပိုင်ကပဲ ရာအိမ်မှူးက လာကောက်တာ။ သူကလေ အိမ်ထောင်ဦးစီးရယ် မှတ်ပုံတင်နံပါတ်ရယ်၊ နောက်ပြီးတော့ အိမ်တအိမ်မှာရှိတဲ့ ယောင်္ကျား၊ မိန်းမ ဦးရေ၊ နောက်ပြီးတော့ ပြစ်ဒဏ် ကျခံမှုရှိတဲ့ စာရင်းပေါ့နော်၊ ရှိမရှိ၊ တရားမဝင် နိုင်ငံခြားကို ထွက်ခွာတဲ့ဦးရေပေါ့၊ ရှိမရှိ၊ အဲဒါမေးတယ်၊ တခြား ပါတီဝင် ရှိမရှိရယ်၊ ပြီးတော့ ပြည်ခိုင်ဖြိုးပေါ့ ဝင်ထားတဲ့ ဦးရေလည်း မေးတယ်။ ”
ခုလို စာရင်းကောက်နေတာနဲ့ ပတ်သက်ပြီး ဘာရည်ရွယ်ချက်နဲ့ ကောက်ယူသလဲဆိုတာ မေးမြန်းကြည့်တော့ စာရင်း လိုက်ကောက် သူတွေ ကိုယ်တိုင်က မိမိတို့ မသိရှိကြောင်း နဲ့ အထက်အမိန့်အရ လုပ်ဆောင်တာ ဖြစ်ကြောင်းသာ ပြန်လည်ဖြေကြားတယ်လို့ သိရှိရပါတယ်။









0 comments:
Post a Comment