လူ့အခွင့်အရေး လှုပ်ရှားသူများ ရှေ့နေမပါပဲ တရားရုံးမှာ အမှုရင်ဆိုင်နေရ

Wednesday, November 26, 2008 ·

သတင်း RFA | နိုင်ငံရေးအမှုတွေနဲ့ နွယ်ပြီးဖမ်းထားသူတွေထဲက HRDPအဖွဲ့က ဦးမြင့်အေးနဲ့ အဖွဲ့ကို အင်းစိန်ထောင် မြို့နယ်ရုံးမှာ အမှုတွေကို ဆက်ပြီးစစ်ဆေးခဲ့ပါတယ်။ အမှုတွေကို စစ်ဆေးရာမှာ ဆွေမျိုးသားချင်းတွေနဲ့ ရှေ့နေကို အသိမပေးပဲ ရုံးထုတ်ခဲ့တာပါ။


မြန်မာ နိုင်ငံတွင် ပထမဆုံး ကျင်းပနိုင်ခဲ့သည့် လူ့အခွင့်အရေးနေ့ အခမ်းအနားကို ဘိုကလေးမြို့တွင် ၂၀၀၆ ဒီဇင်ဘာ ၁၀ရက်နေ့က ကျင်းပစဉ် မိန့်ခွန်းပြောကြားနေသော လူ့အခွင့်အရေးအဖွဲ့ ခေါင်းဆောင် ဦးမြင့်အေး။ (Photo: RFA)

နောက်ဆုံးအကြိမ် ရုံးထုတ်တဲ့နေ့က အမှုကို နိုဝင်ဘာလ ၂၇ရက်နဲ့ ၂၈ရက်နေ့တွေမှာ စစ်ဆေးမယ်လို့ တရားသူကြီးက ပြောထားပေမဲ့ ခုလိုမနေ့က ရုံးထုတ်တဲ့အတွက် ဆွေမျိုးသားချင်းတွေ စိုးရိမ်နေတယ်လို့ သိရပါတယ်။၊

ဒါ့အပြင် ဦးမြင့်အေးရဲ့ ရှေ့နေတွေဖြစ်တဲ့ ဦးခင်မောင်ရှိန်ဟာ အဖမ်းခံခဲ့ရပြီး နောက်ရှေ့နေတဦးဖြစ်တဲ့ ကိုစောကျော်ကျော်မင်းကတော့ ဖမ်းဝရမ်းထုတ်ထားတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဦးမြင့်အေးရဲ့ နောက်ရှေ့နေတဦးဖြစ်သူ ဦးဖိုးဖြူ အနေနဲ့တော့ ရုံးကို ဝင်ရောက်ခွင့် အကန့်သတ်ခံရတာကြောင့် ဦးမြင့်အေးအနေနဲ့ အကျိုးဆောင်ရှေ့နေမပါပဲ အမှုကို ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ ဆွေမျိုးသားချင်းတွေက ပြောပါတယ်။ HRDP အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုမောင်မောင်လေးက ခုလိုပြောပြပါတယ်။

ကိုမောင်မောင်လေး။ ။ “ အဲဒီတော့ ကျွန်တော်တို့ကလည်း မှာထားတယ်၊ ရှေ့နေတွေအနေအထား ဦးမြင့်အေးတို့ သိတဲ့အတိုင်းပဲလို့။ အဲဒီတော့ ရှေ့နေတွေကို သိပ် မမျှော်လင့်ပါတော့နဲ့လို့။ သူတို့ လာနိုင်လို့ လာတဲ့အခါ ရှိလို့လာတဲ့အခါ ရှိသလိုပေါ့လို့။ မရှိတဲ့အချိန် မှာတော့ ကိုယ့်ကိုကိုယ်သာ ထုချေပေတော့လို့။ အဲဒီလိုသာ ကျွန်တော်တို့ ပြောထားတာ ရှိတယ်။ တကယ်လည်း ရှေ့နေက အခက်အခဲရှိ နေတယ်။ လုံးဝမရပါဘူး။ ”

ကိုမောင်မောင်လေး ပြောပြသွားတာပါ။ ဦးမြင့်အေးဟာ ရွှေပြည်သာ ကြံ့ခိုင်ဖွံဖြိုးရေးရုံး ဗုံးပေါက်ကွဲမှု အပြင် နိုင်ငံခြားကို တရားမဝင် ထွက်သူတွေကို အကူအညီပေးတဲ့ အမှု၊ အာဏာပိုင်တွေကို အသိပေးရန် ပျက်ကွက်တဲ့ အမှုတွေနဲ့ တရားစွဲခံနေရတာ ဖြစ်ပါတယ်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */