စစ်အစိုးရ တပ်စခန်းကို ရခိုင် လက်နက်ကိုင်တပ်ဖွဲ့ ဝင်တိုက်

Wednesday, November 26, 2008 ·

သတင်း RFA | ချင်းပြည်နယ်နဲ့ အိန္ဒိယနိုင်ငံနယ်စပ် ဒိုးရှောင်ဝ စခန်းမှာ တာဝန်ကျနေတဲ့ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခလရ ၅၀၅ တပ်ရင်းက ဗိုလ်ကြီး ကျော်သူရဟာ နယ်စပ်ဒေသက တိုင်းရင်းသားတွေကို ညှဉ်းပန်း နှိပ်စက်တာတွေ များလွန်းတဲ့အတွက် မခံမရပ်နိုင်ဖြစ်ပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (အေအယ်ပီ) လက်နက်ကိုင် တွေက၊ နိုဘာလ ၁၉ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ရာမှာ ခလရ ၅၀၅ တပ်ခွဲမှ စစ်သား ၃ဦး အပြင်းအထန် ဒဏ်ရာ ရရှိသွားတယ်လို့ ဒီနယ်စပ်က ဒုက္ခသည်တွေကို အေအယ်ပီနဲ့ အတူ တွဲဖက်ပြီး ကူညီ စောင့်ရှောက်မှု ပေးနေတဲ့ ဖရီးဘားမားရိန်းဂျား အဖွဲ့က တာဝန်ခံ ကိုစိုးနိုင်က အာအက်ဖ်အေကို ပြောပါတယ်။


တောနယ် ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရ တပ်ဖွဲ့တခု ဖြစ်ပါသည်။ (Photo: AFP)
ကိုစိုးနိုင်။ ။ “ ဗိုလ်ကြီး ကျော်သူရ ဦးစီးတဲ့ ခလရ ၅၅၀၊ ပုဏ္ဏားကျွန်း အခြေစိုက် တပ်ရင်း၊ အဲဒီ ဒိုးချောင်းဝ အခြေစိုက်စခန်းကို အေအယ်လ်ပီ တပ်ဖွဲ့ကနေပြီးတော့ ဝင်ပြီး တိုက်လိုက်တာ ဗိုလ်ကြီး ကျော်သူရ တပ်ခွဲကနေပြီးတော့ သုံးယောက် ဒဏ်ရာရရှိသွားတယ်။ နာရီဝက်လောက် အပြန်အလှန် တိုက်ဖြစ်ကြတယ်။ ”

တိုက်ပွဲဖြစ်ပွားတာ နာရီဝက်ခန့်ကြာပြီး နောက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပြန်လှန် ပစ်ခတ်ခဲ့ပေမဲ့ အေအယ်ပီဘက်ကတော့ ထိခိုက် ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။ အဲဒီ စစ်အရာရှိ ရက်စက် ဆိုးသွမ်းပုံတွေနဲ့ ပတ်သက်ပြီးတော့လည်း ကိုစိုးနိုင်က အခုလို ဆက်ပြောပြပါတယ်။

ကိုစိုးနိုင်။ ။ “ အဲဒီ ဗိုလ်ကြီး ကျော်သူရဟာတဲ့ အဲဒီမှာကျတဲ့ စစ်ဗိုလ်တွေရဲ့ တလျှောက်လုံးမှာ သူဟာ အဆိုးဆုံးလို့ ဖြစ်တယ်တဲ့။ ပေါ်တာသမားတွေ နောက်ကျ တာတို့၊ ရွာသူကြီးတို့ ခေါ်တာတွေ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးကို ခေါ်တဲ့အချိန်မှာ နောက်ကျလို့ရှိရင်တဲ့ အဲဒီ ဖားခုန်ခိုင်းတာတို့၊ နေပူလှန်းခိုင်းတာတို့ နောက်ပြီးရင် ရိုက်တာတို့၊ ပုတ်တာတို့ အဲဒီအမျိုးမျိုး ပြစ်ဒဏ်ပေးတာတွေကို လုပ်တယ်တဲ့။ ”

ခုလို ဝင်ရောက်တိုက်ခိုက်တာဟာ မတရားမှုတွေကို ဆက်တိုက်လုပ်လွန်းတဲ့အတွက် မခံနိုင်လို့ ဝင်တိုက်တာလို့ ဆက်ပြောပြ ပါတယ်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */