စစ်အာဏာပိုင်များက နိုင်ငံရေးလှုပ်ရှားသူများကို ထောင်ဒဏ်များ ဆက်လက်ချမှတ်

Wednesday, November 19, 2008 ·

သတင်း ဧရာဝတီ | စစ်အစိုးရက ဖမ်းဆီးထားသည့် နိုင်ငံရေး လှုပ်ရှားသူ အနည်းဆုံး ၃ ဦးကို စမ်းချောင်းမြို့နယ် တရားရုံးမှ ယနေ့ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

ဗကသ အဖွဲ့ဝင် တဦးဖြစ်သော ကိုဒီငြိမ်းလင်းကို ပုဒ်မ ၁၄၃ ၊ ၁၄၇ ၊ ၅၀၅ (ခ) ၊ ၂၉၅ (က) တို့ နှင့် ထောင် ၆ နှစ်ခွဲ ချမှတ် လိုက်သည်ဟု ၎င်း၏ မိသားစုဝင် တဦးက ပြောဆိုသည်။

တခြားသော နိုင်ငံရေးလှုပ်ရှားသူ ကိုကျော်စွာကို ၅ နှစ် တမှု၊ ၆ နှစ် တမှုဖြင့် ပေါင်း ၁၁ နှစ် ထောင်ဒဏ်ချမှတ် လိုက်ပြီး ကိုကျော်ဆန်းကို ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ကြောင်းလည်း သိရသည်။

ကိုဒီငြိမ်းလင်း၏ ဖခင်ဖြစ်သူ ကိုဇော်ဇော်မင်းကိုလည်း စစ်အာဏာပိုင်များက ပြီးခဲ့သည့် အပတ်အတွင်းတွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ကာ မအူပင် ထောင်သို့ပို့လိုက်သည်။

ကိုဒီငြိမ်းလင်း၏ အဘိုးတော်စပ်သူ အန်အယ်လ်ဒီ လွှတ်တော်အမတ်နှင့် သတင်းစာသမား ဟောင်းဖြစ်သည့် ဦးစောဝင်း ကိုလည်း စစ်အစိုးရက ၁၉၉၁ ခုနှစ် တွင် ထောင် ၁၀ နှစ် ချမှတ်ခဲ့သည်။ ယင်း ဦးစောဝင်းသည် ၇ နှစ် ကြာပြီးနောက် ထောင်တွင်း၌ပင် ကျန်းမာရေး ဆိုးဝါးပြီး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်အစိုးရက ယခုလဆန်းပိုင်းမှ စတင်၍ နိုင်ငံရေးအမှုလိုက် ရှေ့နေ ၃ ဦး အပါအ၀င် ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးလှုပ်ရှားသူ ၈၀ ကျော်ကို အနည်းဆုံး ထောင်ဒဏ် ၄ လ မှ ၆၅ နှစ် ခွဲ အထိ အသီးသီး ချမှတ်ခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */