ကလေးအခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာသစ် ထွက်ရှိ

Wednesday, November 19, 2008 ·

သတင်း အေးလဲ့ ဧရာဝတီ | စစ်အစိုးရ၏ ဆိုးရွားစွာ ပြုကျင့်နေသည့် ကလေး အခွင့် အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး လူ့အခွင့် အရေး ပညာပေးရေးဌာန(မြန်မာနိုင်ငံ) HREIB က “မေ့လျော့ခံ အနာဂတ်များ” အမည်ရှိ အစီရင်ခံစာ တစောင်ကို ယနေ့တွင် ထုတ်ပြန် ဖြန့်ဝေလိုက်သည်။


“မေ့လျော့ခံ အနာဂတ်များ” အစီရင်ခံစာ
စစ်အစိုးရ စစ်တပ်များက အပြစ်မဲ့အရပ်သားပြည်သူများနှင့် ကျေးရွာများကို တိုက်ခိုက်ဖျက်ဆီးမှုကြောင့် သေဆုံး ရသူ၊ ဒုက္ခိတဘ၀ ရောက်ရသူ ကလေးငယ်များ ရှိကြောင်း HREIB၏ ညွန်ကြားရေးမှူး ကိုအောင်မျိုးမင်း က ပြောဆိုသည်။

ကိုအောင်မျိုးမင်းက “ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ စစ်တပ်ရဲ့ အပြစ်မဲ့ပြည်သူနဲ့ ရွာတွေကို တိုက်ခိုက်မှု၊ မြေမြှပ်ဗုံး အသုံးပြုမှု တွေကြောင့် ကလေးတွေ သေဆုံးခဲ့တာရှိသလို တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ အဆက်အသွယ်လုပ်တယ်လို့ သံသယရှိတဲ့ ကလေးငယ်များကို သက်ဖြတ်နေတာရှိတယ်၊ အသက် ၇ နှစ် ၈နှစ် အရွယ်ကလေးများဆိုရင် မြေမြှပ်ဗုံးနင်းပြီး ဆုံးသွားရသလို၊ ဒုက္ခိတ ဘ၀ရောက်သွားရတဲ့ ကလေးငယ် များလည်း ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ အခြေခံ ကလေး အခွင့်အရေးနှင့်ပတ်သက်ပြီး အဓိက အချက်(၆)ကို မပြု လုပ်ရန် သက်ဆိုင်ရာ အစိုးရများအား တားဆီးပိတ်ပင်ထားသော်လည်း မြန်မာစစ် အစိုးရ က တိုင်းရင်းသား နယ်မြေများတွင် ထောင်ပေါင်းများစွာသော ကလေးသူငယ်များကို စစ်သားအဖြစ် အတင်း အကျပ် စုဆောင်းခြင်း၊ အကြောင်းပြချက် အမျိုးမျိုးဖြင့် သတ်ဖြတ်ခြင်းများကိုကျူးလွန်နေကြောင်း လည်း ကိုအောင်မျိုးမင်းက ပြောသည်။

ယင်း အချက် ၆ ချက်တွင် ကလေးများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့်ပြန်ပေးဆွဲခြင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း စစ်သားအဖြစ်အသုံးပြုခြင်း၊ အရွယ်မရောက်သေးသော ကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ လူသားခြင်း စာနာမှုအကူအညီတွေကို ပိတ်ပင်တားဆီးခြင်း၊ ကလေးများရှိသော ကျောင်းနှင့် ဆေးရုံများကို တိုက်ရိုက် တိုက်ခိုက်ခြင်းများ စသည့် အချက်များကို မကျူးလွန်မိရန် လုံခြုံရေးကောင်စီ ဆုံး ဖြတ်ချက်အရ ပိတ်ပင်တားဆီးထားကြောင်းသိရသည်။

အဆိုပါ “မေ့လျော့ခံ အနာဂတ်များ” Forgotten Future: Children Affected By Armed Conflict in Burma ကလေး အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာအား ပြီးခဲ့သည့် ၂၀၀၇ အောက်တိုဘာနှင့် ၂၀၀၈ ခုနှစ်မတ်လပိုင်းက စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသော ထိုင်း-မြန်မာနယ်စပ်၊ အန္ဒိယနယ်စပ်၊ တရုတ်နယ်စပ် တလျောက် ဒုက္ခသည်စခန်းများအတွင်းရှိ ဒုက္ခသည် ၁၀၀ကျော်ကို မေးမြန်း၍ ပြုစုထားခြင်း ဖြစ်သည်ဟု ကိုအောင်မျိုးမင်းကပြောသည်။

၎င်းအစီရင်ခံစာကိုပြီးခဲ့သည့်လအတွင်း အနီးစပ်ဆုံးဖြစ်ပွားမှုအား အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန် အတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် လုံခြုံရေးကောင်စီ၊ ကလေးအခွင့်အရေးဆိုင်ရာ အေဂျင်စီများ သို့ တင်ပြ ခဲ့ပြီးကြောင်းလည်းသိရသည်။

“မြန်မာနိုင်မှာရှိတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ ကလေးများရဲ့ ဘဝဟာ ကျေနပ်အားရစရာ မရှိပါဘူး၊ ကလေးများ သဘာဝ တက်ကြွလန်းဆန်းပျော်ရွှင်နေရမယ့်အစား ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ပြီးတော့ အနာဂတ် မဲ့နေတဲ့ ကလေးများ အနေအထားမျိုးကို တွေ့ရတာဟာ ကလေးများအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်” ကိုအောင်မျိုးမင်းကပြောသည်။

စစ်အစိုးရက ၂၀၀၄ ခု ဇန်နဝါရီလအတွင်း က ကလေးစစ်သားပပျောက်ရေးကော်မတီတခုကို ဖွဲ့စည်း ထားခဲ့သည်။

၂၀၀၂ ခုနှစ်နှင့် ၂၀၀၇ခုနှစ်အတွင်း အသက်မပြည့်သေးသည့်ကလေးစစ်သားပေါင်း ၇၉၂ ဦးနှင့် ကလေး စစ်သား စုဆောင်းမှုနှင့်ပတ်သက်သော တာဝန်ရှိသူ ၄၀ ခန့်ကို အရေးယူခဲ့ကြောင်းလည်း အစိုးရက ထုတ်ပြန်ထားသည်။

အမေရိကန် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့၏၂၀၀၂ခုနှစ် စာရင်းကောက်ယူချက် အရ မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် ကလေးစစ်သားပေါင်း အနည်းဆုံး ခုနှစ်သောင်းရှိသည်ဟု ဖော်ပြထားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */