သတင်း FT ခေတ်ပြိုင် | ကမ္ဘာ့စီးပွားရေးကပ်ဆိုက်နေခြင်းကြောင့် အာရှနိုင်ငံများ၏ ပြည်ပပို့ကုန်အခြေခံ စီးပွားရေး လုပ်ငန်းများ နှေးကွေး လာသည့် အလျောက် အာရှနိုင်ငံများတွင် လူမှုရေးအုံကြွမှုများ ပေါ်ပေါက် လာနိုင်ကြောင်း ကုလသမဂ္ဂ အရာရှိတဦးက သတိပေးလိုက်သည်။
အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ စီးပွားရေးကျဆင်းလာခြင်းကြောင့် အာရှနိုင်ငံများ၏ စီးပွားဖွံ့ဖြိုးမှုအတွက် အဓိကတွန်းအား ဖြစ်နေသော ပို့ကုန်လုပ်ငန်းကို အခက်အခဲများဖြစ်စေမည့် အခြေခံအကြောင်းတရားများ ဖြစ်ပေါ်လာစေသဖြင့် အာရှနိုင်ငံများ၌ လူမှုရေးအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဗဟိုရုံး အကြီးအကဲ Ajay Chhibber က သတိပေး လိုက်ခြင်းဖြစ်သည်။
အာရှတိုက်သား သန်း (၉၀၀) ခန့်သည် ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသည့် တနေ့ တဒေါ်လာအောက် ၀င်ငွေရှိသည့် လူမွဲဝင်ငွေနှုန်းထက် နည်းပါးသည့် ၀င်ငွေမျိုးနှင့် ရပ်တည်နေရသည်ဟု Ajay Chhibber က ပြောသည်။ တိုင်းပြည်စီးပွားရေး တိုးတက်မှုနှုန်းနည်းပါးလျှင် အလုပ်လက်မဲ့နှုန်းများလာပြီး ထိုအချက်ကြောင့် လူမွဲများ ပိုများလာနိုင်သည်ဟု ဆက်ပြောသည်။
“စီးပွားရေးကမောက်ကမဖြစ်တဲ့အတွက် ဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းတွေအပေါ်ကို အာရုံ အထူးစိုက် နေကြတယ်။ စီးပွားရေး ကမောက်ကမဖြစ်တာနဲ့အတူ ကလေးတွေ ကျောင်းကနေ အပြီးအပိုင် ထွက်ကြ ရတာတွေဖြစ်နေတယ်။ ဒီကိစ္စဟာ မျိုးဆက် အလိုက် သက်ရောက်မှုတွေဖြစ်နိုင်ပါတယ်။ ကျောင်းမတက် တော့ဘဲ ထွက်သွားတဲ့ ကလေးမတယောက်ဟာ တချိန်ကျရင် စာမတတ်တဲ့ မိခင်တဦးဖြစ်လာမှာလေ” ဟု ၎င်းက ထောက်ပြသည်။
ထို့အပြင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရန် အစိုးရများအနေဖြင့် ငွေပိုမိုသုံးစွဲရုံတခုတည်းဖြင့် ယင်းပြဿနာကို ဖြေရှင်းရန် မလုံလောက်ကြောင်း၊ အဆိုပါ အလုပ်လက်မဲ့များနှင့် ဆင်းရဲသူများအတွက် ပိုမိုအာမခံနိုင်သည့် အခွင့်အရေးများ၊ အစီစဉ်များလည်း ရှိရန်လိုအပ်ကြောင်း၊ သို့မဟုတ်ပါက မတည်ငြိမ်မှု များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း မစ္စတာ Ajay Chhibber က အကြံပြုပြောဆိုသည်။
ကမ္ဘာ့စီးပွားရေးကပ်ကြောင့် အာရှနိုင်ငံများတွင် လူမှုရေးအုံကြွမှုများ ပေါ်ပေါက်နိုင်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment