ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို့ဆန္ဒပြ

Wednesday, November 26, 2008 ·


သုဝဏ္ဏဘူမိလေဆိပ်ဝင်ပေါက်ကို ပိတ်ဆို့ ထားသည့် ရာပေါင်းများစွာသော ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြသမားများ။
နိုဝင်ဘာ ၂၅၊ ၂၀၀၈။
သတင်း VOA | ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေက တိုင်းပြည်ရဲ့ အချက်အချာကျတဲ့ လေယာဉ်ကွင်းကြီးမှာ လေယာဉ်တွေ ထွက်ခွင့်မပေးဖို့ အာဏာပိုင်တွေကို ဖိအား ပေးနေကြပါတယ်။

ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ နိုင်ငံတကာ လေယာဉ်ကွင်းက တာဝန် ရှိသူတွေရဲ့ အဆိုအရ ဆန္ဒပြသူ ရာပေါင်းများစွာဟာ ရဲတွေ ကို ထိုးဖောက် ဖြတ်ဝင်ပြီး ခရီးသည်ရှိရာ ဂိတ်တွေဆီ ရောက်အောင် ထိုးဝင် သွားခဲ့တယ်လို့ ဆိုပါတယ်။ အစောပိုင်းတုန်းကလည်း ဆန္ဒပြသူတွေက နေ့စဉ် ခရီးသည် သန်းနဲ့ချီသုံးတဲ့ လေယာဉ်ကွင်းကိုသွားတဲ့ အဓိက လမ်းမကြီးကို ပိတ်ဆို့ခဲ့ကြပါတယ်။

ပီအေဒီအဖွဲ့ဝင် ဆန္ဒပြသူတွေက ၀န်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ် (Somchai Wongsawat) နုတ်မထွက် မချင်း လေယာဉ်ကွင်း ကိုသွားတဲ့ အဓိကလမ်းမကြီးကို ဆက်ပြီး ပိတ်ဆို့ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေက တောင်အမေရိကမှာ APEC အစည်းအဝေး သွားတက်ရာကနေ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ထိုင်းနိုင်ငံ ကိုပြန်ရောက်ဖို့ အစီအစဉ် ရှိတဲ့ ၀န်ကြီးချုပ် ဆွန်ချိုင်းကို စောင့်နေပုံရပါတယ်။ ခုလို ဆန္ဒပြသူတွေ လေယာဉ် ကွင်းကို ၀င်ရောက်ဆီးနင်းပြီးနောက် မနေ့အစောပိုင်းက အစိုးရဆန့်ကျင်သူနဲ့ ထောက်ခံ သူတွေ အကြား အကြမ်းဖက်မှုဖြစ်တဲ့အထိ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ သေနတ်ပစ်ဖောက်မှုတချို့ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၁ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */