ပူးကျင့်ရှင်းထန်၏ သားဖြစ်သူ ၃၃ နှစ် ပြစ်ဒဏ်ကျ

Tuesday, November 18, 2008 ·

သတင်း သန်းထိုက်ဦး မဇ္ဈိမ | ချင်းမိုင်။ ။ ချင်းအမျိုးသား ခေါင်းဆောင်တဦးဖြစ်သော ဇိုမီးအမျိုးသားကွန်ကရက် ဥက္ကဌ ပူးကျင့်ရှင်းထန်၏ သားဖြစ်သူ အပါအ၀င် ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ဖမ်းဆီးခံထားရသူ ၃ ဦးအား အင်းစိန်ထောင်တွင်း အထူးတရားရုံးတခုက ယနေ့တွင် ထောင်ဒဏ် ၃၃ နှစ် ချလိုက်သည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး တောင်းဆို ဆန္ဒပြရာတွင် ပါဝင်ခဲ့သူများဟု စွပ်စွဲကာ ၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့တွင် ရန်ကုန်ရှိ လ္ဘက်ရည်ဆိုင်တဆိုင်တွင် အဖမ်းခံရပြီး အင်းစိန်ထောင်၌ တနှစ်ကျော်ကြာ ချုပ်နှောင်ထားရာမှ သူ၏ သားဖြစ်သူ ကမ်းလန်ခုတ် (ခေါ်) ကိုကျော်စိုးနှင့် ကိုထင်ထူးအောင် တို့အား ထောင်ဒဏ် ၃၃ နှစ်စီနှင့် ကမ်လန်ခွါ (ခေါ်) ခွာပီးအား ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။

"သံဃာတော်တွေ အရေးအခင်းတုန်းက ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ လူတွေက ကြည့်တယ်။ ကြည့်တဲ့လူတွေကိုပါ သူတို့ (အာဏာပိုင်) တွေက ဖမ်းတယ်၊ ဆွဲတယ်။ အဲဒီအထဲမှာ ပါတဲ့ပုံစံမျိုး ဖြစ်နေတော့ ဒါက သူတို့ဆန္ဒကို သူတို့ ထုတ်ဖော်ပြတာပဲ။ အဲဒီလောက် ကြီးလေးတဲ့ ပြစ်ဒဏ်ပေးတယ်ဆိုတော့ လုံးဝ မသင့်မြတ်တဲ့ ဥပဒေ လုပ်ရပ်တခုပဲလို့ အဲဒီလိုပဲ မြင်တယ်" ဟု ပူးကျင့်ရှင်းထန်က မဇ္ဈိမကို ပြောသည်။

သုံးဦးစလုံးအား ပုံနှိပ်အက်ဥပဒေ ပုဒ်မ ၁၇/၂၀၊ လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဌာန်းချက် ပုဒ်မ ၁၃/၁၊ မတရား အသင်းဖွဲ့စည်းမှု ပုဒ်မ ၁၇/၁၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၈ ခုဖြင့် စွဲချက်တင်ထားခဲ့သည်။

ပူးကျင့်ရှင်းထန်သည် ဇိုမီးအမျိုးသား ကွန်ကရက်အဖွဲ့တွင် ဥက္ကဌဖြစ်သလို၊ ချင်းပြည်နယ် တီးတိန်မြို့မှ လွှတ်တော် အမတ်တဦးဖြစ်ပြီး၊ လွှတ်တော်ခေါ်ယူရေးအတွက် ၁၉၉၈ ခုနှစ်အတွင်းက ရွေးကောက်ခံအမတ် အများစုဖြင့် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) တွင်လည်း အဖွဲ့ဝင် ဖြစ်သည်။

ယနေ့တွင်ပင် ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ဘိုကလေး၊ ပုသိမ်နှင့် မြောင်းမြမြို့သား ၉ ဦးအား ယခုလ ၁၁ ရက်နေ့က အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၂၄ နှစ် အပါအ၀င် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည့်အနက် ထိုအထဲမှ ဘိုကလေးမြို့နယ်မှ နှစ်ဦးအား လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဌာန်းချက် ပုဒ်မ ၁၃/၁ ဖြင့် ပုဒ်မထပ်တိုးကာ ပြစ်ဒဏ် တိုးမြှင့်ချထားလိုက်သည်။

ကိုသိန်းဇော်အား ထောင်ဒဏ် ၁၀ နှစ်မှ ယခုအခါ ၁၈ နှစ်၊ ကိုသီဟသက်တင်အား ၈ နှစ်မှ ယခုအခါ ၁၃ နှစ်အထိ ထပ်တိုးပြစ်ဒဏ် ကျခံရသည်။

ကိုသီဟသက်တင်၏ အဒေါ်ဖြစ်သူ ဒေါ်မွှေးက "အခုတခါ ၁၃/၁ ပုဒ်မကို ထပ်ကပ်ပြီးတော့ ထပ်တက်တယ်ဆိုတော့ ကျမတို့အနေနဲ့ ဘယ်လိုမြင်ရမှန်းကို မသိတော့ဘူး။ ကိုယ်တွေကလည်း တရားစီရင်တဲ့ အချိန်အခါ၊ ကြားနာမှုတွေ မရတဲ့အခါကျတော့ ဘာတွေမှန်းကို မသိဘူး" ဟု ပြောသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */