လွှတ်တော်အမတ် ဒေါက်တာလှအောင် ကွယ်လွန်

Tuesday, November 18, 2008 ·

သတင်း ဖနိဒါ မဇ္ဈိမ | ချင်းမိုင်။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှအောင် ယမန်နေ့ နံနက်ပိုင်းက နေအိမ်တွင် ရုတ်တရက် ကွယ်လွန်သွားကြောင်း သိရသည်။

၁၉၉၀ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၃၉၈ ဦးအနက် ဒေါက်တာလှအောင်သည် ကွယ်လွန်သွားသော ၉၉ ဦးမြောက် လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

ဝမ်းတွင်းမြို့နယ် ပြည်သာကျေးရွာ ပန်းပင်ကြီး တောရကျောင်းရှိ တရားစခန်း၌ တရားထိုင်နေရင်း အသက်ရှူကျပ်လာသဖြင့် နေအိမ်ကို ပြန်လာပြီး နာရီပိုင်းအတွင်း ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ၀မ်းတွင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးအောင်သူက မဇ္ဈိမကို ပြောသည်။

ဒေါက်တာလှအောင်သည် (၆၈ နှစ်) သည် ရှစ်လေးလုံး လူထုအုံကြွမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ ၁၉၉၀ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ၀မ်းတွင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)၏ လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးခံခဲ့ရသည်။

သူသည် မန္တလေး တက္ကသိုလ်မှ (ဘီအေ)ဘွဲ့၊ ရန်ကုန် တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေး (Diploma in international Relation) ဒီပလိုမာဘွဲ့များ ရရှိခဲ့သည့်အပြင်၊ မော်စကို တက္ကသိုလ်တွင် ၅ နှစ် ပညာသင်ကြားခဲ့ပြီး ရုရှားဘာသာ ဒီပလိုမာနှင့် စီးပွားရေးပါရဂူ (PHD) ဘွဲ့များ အသီးသီး ရရှိခဲ့သည်။

"ထူးချွန်ထက်မြတ်တဲ့ နိုင်ငံအကျိုးကို အများကြီးဆောင်ရွက်နိုင်တဲ့ ရိုးသားတဲ့ ပညာတတ် ပုဂ္ဂိုလ်တဦး ဆုံးရှုံးသွားဟာ မြန်မာပြည်သူလူထုအတွက် ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်" ဟု သူနှင့် လုပ်ဖော်ကိုင်ဘက်ဖြစ်သူ ဦးအောင်သူက ပြောသည်။

ကွယ်လွန်ချိန်တွင် သားသမီး ၄ဦးနှင့် ဇနီသည် ဒေါ်အေးနု ကျန်ရစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၃၄ ဦးမှာ ယခုအခါ ပြည်ပနိုင်ငံများ တွင်ရောက်ရှိနေကြပြီး၊ ထောင်တွင်း အကျဉ်းကျခံနေရသူ လွတ်တော်ကိုယ်စားလှယ် ဦးရေမှာ ၁၇ ဦး ရှိသည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရနှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) တို့၏ စာရင်းများအရ သိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */