အတိုက်အခံများကို ထောင်ချနေမှုအပေါ် ကုလနှင့် အိမ်ဖြူတော်က ရှုတ်ချ

Tuesday, November 18, 2008 ·

သတင်း ဇာနည် မဇ္ဈိမ | ချင်းမိုင်။ ။ မြန်မာစစ်အစိုးရက ဒီမိုကရေစီရေး လှုပ်ရှားသူများကို အဆက်မပြတ် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်နေခြင်းအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများက ယနေ့တွင် ပြစ်တင် ရှုတ်ချလိုက်သည်။

ယမန်နှစ် သြဂုတ်လမှ စတင်ဖြစ်ပေါ်ခဲ့သော ဆန္ဒပြပွဲများ အပြီးတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့သော ၈၈ မျိုးဆက် ကျောင်းသားများ၊ သံဃာတော်များနှင့် တက်ကြွနိုးကြားသူ လူငယ်များကို တံခါးပိတ် တရားရုံးများက ထောင်ဒဏ်များ ချမှတ်နေခြင်းအပေါ် သူတို့က ဝေဖန် ရှုတ်ချခြင်း ဖြစ်သည်။

"ထောင်တွင်းရှိ တရားရုံးမှ အများကြားနာခွင့်မရှိဘဲ စီရင်ချက်များ ချမှတ်မှုသည် လွတ်လပ်မှုနှင့် သမာ သမတ်ကျမှု မရှိသလို၊ အမှုများကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ ၃ ဦးကိုလည်း ထောင်ဒဏ်များ ချမှတ်ခြင်းသည် တရားမျှတမှု မရှိသော စီရင်မှု ဖြစ်သည်" ဟု ကုလသမဂ္ဂမှ ထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။

တရားရုံးတွင် တရားစီရင်ထုံး "စံ" များကို လိုက်နာကာ အများပြည်သူမှ လွတ်လပ်စွာ နာကြားခွင့်ပေးရန်၊ ပြစ်ဒဏ် စီရင်ခံရသူများ အနေဖြင့် ပြန်လည် ချေပနိုင်ခွင့်များအတွက် ထိန်းသိမ်းထားသော ရှေ့နေများကို ပြန်လွှတ်ပေးရန်တို့ကိုလည်း ကုလသမဂ္ဂဆိုင်ရာ အထူး ကျွမ်းကျင်သူများ ဖြစ်သည့် Mr. Tomas Ojea Quintana (မြန်မာ့ လူ့အခွင့်အရေး အခြေအနေ)၊ Mr. Leandro Despouy (တရားရေးဆိုင်ရာ လွတ်လပ်ခွင့်)၊ Mr. Frand La Rue (လွတ်လပ်စွာ အမြင်များ ထုတ်ဖော်ခွင့်)၊ Ms. Margaret Sekaggya (လူ့အခွင့်အရေး ကာကွယ်သူများ အခြေအနေ) နှင့် Ms. Asma Jahangir (ဘာသာရေးနှင့် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်) တို့က တောင်းဆိုကြသည်။

စစ်အစိုးရသည် စက်တင်ဘာ ၁၁ ရက်နေ့မှသည် ယနေ့အထိ လူ ၁၀၀ ကျော်ကို ရက်ဆက် ပြုလုပ်နေသော လျို့ဝှက်ခုံရုံးများက ထောင်ဒဏ်များ ချမှတ်ခဲ့ရာတွင် ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၂၃ ယောက်ကို ထောင် ၆၅ နှစ်အထိ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက သတင်းစာ ရှင်းလင်းပွဲတခုတွင် ၈၈ မျိုးဆက် ကျောင်းသားများ သည် နိုင်ငံခြား အထောက်အပံ့ရယူပြီး တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲ ပြောဆိုခဲ့သည်။

ထို့အပြင် တရားဆိုင်များ၏ ရှေ့နေများဖြစ်သည့် ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်တို့ကို ထောင်ဒဏ် ၄ လချမှတ်ပြီး ကိုညီညီထွေးနှင့် ကိုစောကျော်ကျော်မင်းတို့ကိုလည်း ထောင်ဒဏ် ၆ လ ကျခံစေပြန်သည်။ အခြားသော နိုင်ငံရေးအမှုလိုက် ရှေ့နေများမှာ တရားရုံးများသို့ ၀င်ရောက်ခွင့် တားမြစ်ခံခဲ့ရသည်။

ကုလသမဂ္ဂအရာရှိများက မြန်မာအာဏာပိုင်များ အနေဖြင့် ငြိမ်းချမ်းစွာ ကြိုးပမ်းသော ပြည်သူလူထုများကို ဖမ်းဆီးခြင်းများကို ရပ်တန်းကရပ်ရန် ပြင်းထန်စွာ တိုက်တွန်းသည်ဟု သူတို့၏ ကြေညာချက်တွင် ဖော်ပြ ပါရှိသည်။

အလားတူပင် အမေရိကန်အစိုးရကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခြေခံ အချက်များကို အသုံးချရန် ကြိုးပမ်းသော ပြည်သူများအား ဖိနှိပ်သည့် စစ်အစိုးရကို ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း အိမ်ဖြူတော်၏ ယမန်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။

"မျိုးချစ်စိတ်ရှိပြီး ရဲရင့်သော မင်းကိုနိုင်၊ ကိုကိုကြီးနှင့် ဌေးကြွယ်တို့သည် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံ ရသူများတွင် ပါဝင်ကြပြီး ပြည်သူတို့၏ အခြေခံလိုအပ်ချက်များအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြခြင်းသာ ဖြစ်သည်" ဟု အိမ်ဖြူတော် ကြေညာချက်က ဆိုသည်။

ထို့အတူ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုနေမှုများကို ပမာမထားသော စစ်အစိုးရ၏ လုပ်ရပ်များအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းများနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် ဆိတ်ဆိတ်မနေသင့်ဟုလည်း တိုက်တွန်းထားသေးသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */